




Source: Myo Latt
DarDar-CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

” မြန်မာနိုင်ငံရဲ့ နာမည်ကြီး မဂ္ဂဇင်း တစ်ခုရဲ့ Cover Photo ရိုက်ကူးခွင့်ရရှိလိုက်တဲ့ ဟန်နေတာ ”

လတ်တလောမှာတော့ ပရိသတ်တွေကြားရေပန်းစားနေတဲ့ Eternal Gosh Boy Band ကတော့ အခက်အခဲမှာ အောင်မြင်မှုတွေခေါ်ဆောင်မည့် အခွင့်အရေးလေးတစ်ခုရရှိခဲ့ပါသေးတယ်။အဲဒီအခွင့်အရေးကတော့ နိုင်ငံကျော် အဆိုတော်အဖွဲ့ဖြစ်တဲ့ IDIOTS အဖွဲ့နဲ့အတူ MRTV-4 မှထုတ်လွင့်ပြသခဲ့တဲ့ FG Live Lounge ပွဲမှာ ဖျော်ဖြေခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ထိုဖျော်ဖြေပွဲမှာ Eternal Gosh Boy Band မှ အဆိုတော် ဟန်နေတာကတော့ ခပ်မိုက်မိုက်ဆံပင်ကေနဲ့ လိုက်ဖက်လွန်းနေတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ ဝန်းရံခြင်းခံနေရတာလည်းဖြစ်ပါတယ်။

ဟန်နေတာကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်ဝန်းရံခြင်းသာမက နိုင်ငံကျော်အနုပညာရှင်များဖြစ်တဲ့ အိမ့်ချစ်၊ခင်ဝင့်ဝါတို့ရဲ့ ဝန်းရံခြင်းကိုရရှိခဲ့ပါတယ်။မကြာသေးမီက နိုင်ငံကျော်မင်းသမီးချောလေး ခင်ဝင့်ဝါရဲ့ မွေးနေ့မှာ ကိတ်လှလှလေးနဲ့ မင်းသမီးချောလေးခင့်ဝင်ဝါရဲ့ ပုံတူပန်းချီကားလေးတစ်ချပ်ကိုပါ Surprise လုပ်ခဲ့ပါတယ်။ထိုသို့ Surprise လုပ်လိုက်တဲ့အပေါ်မှာတော့ ပရိသတ်တွေက ဟန်နေတာနဲ့ခင်ဝင့်ဝါ တို့ရဲ့ဆက်ဆံရေးကို မေးခွန်းထုတ်နေကြတာလည်းဖြစ်ပါတယ်။ဟန်နေတာကတော့ အလှသမားမဟုတ်ပဲ ဘဝသမားတစ်ယောက်အနေနဲ့ အရာရာစွန့်လွှတ်ကာ ဝါသနာပါရာ အနုပညာလမ်းကိုလျှောက်လှမ်းနေသူဆိုတာ ပြောစရာမလိုအောင် ပရိသတ်တွေသိပြီးသားဖြစ်မှာပါ။

လက်ရှိမှာ ဟန်နေတာဟာ မြန်မာနိုင်ငံ၏ နာမည်ကြီး မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ MODA မဂ္ဂဇင်းရဲ့ Cover Photo ရိုက်ကူးခွင့်ရရှိသွားခဲ့ပါတယ်။ထို Cover Photo ရိုက်ကွင်းမှာတော့ မိတ်ကပ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ မျိုးလတ် က ဟန်နေတာကို ပြင်ဆင်ခြယ်သပေးရင်း ရိုက်ကွင်းအမှတ်တရပုံရိပ်များကို သူရဲ့ လူမှုကွန်ရက် စာမျက်နာမှ ပြန်လည်မျှဝေထားပါတယ်။CeleGabar ပရိသတ်ကြီးရေ ပရိသတ်တို့အချစ်တော် ဟန်နေတာရဲ့ အောင်မြင်မှုကတော့ အံ့မခန်းပါပဲနော်။

error: Content is protected !!