




Source ; Chaw Yadanar
Chilli – CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။

“သမီးဖြစ်သူရဲ့ သိတတ်လိမ္မာမှုတွေကြောင့် ဝမ်းသာပီတိဖြစ်နေရတဲ့ မေမေချောရတနာ”

ချောရတနာကတော့ လွန်ခဲ့ဆယ်စုနှစ်တစ်ခုကျော်လောက်ကတည်းက အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ချောရတနာဟာ (၂၀၁၂)ခုနှစ်မှာ “ဥ”ရုပ်ရှင် ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကြီးကို ထိုက်ထိုက်တန်တန်နဲ့ ရရှိပိုင်ဆိုင်ထားတဲ့ အထိ ထူးချွန်အောင်မြင်တဲ့ မင်းသမီးတစ်လက်လို့လည်း ဆိုရမှာပါ။လက်ရှိမှာတော့ ခင်ပွန်းဖြစ်သူနဲ့အတူ သားလေးတစ်ယောက်သမီးလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ကာ ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

ချောရတနာကလည်း ယနေ့အချိန်ထိကို အိမ်ထောင်သည် ကလေးနှစ်ယောက်အမေလို့ မထင်ရလောက်အောင်ကို နုပျိုချောမောမှုတွေကို ထိန်းသိမ်းထားနိုင်တဲ့ အမျိုးသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ချောရတနာရဲ့ သားသားလေးနဲ့ မီးမီးလေးကလည်း ချစ်စရာကောင်းပြီ အရွယ်နဲ့မလိုက်အောင် လိမ္မာလိမ္မာရေးခြားရှိတဲ့ အပြင် မိဘအပေါ်မှာလည်း သိတတ်လိမ္မာတဲ့ ကလေးလေးတွေပဲဖြစ်ပါတယ်။လတ်တလောမှာတော့ ချောရတနာရဲ့ သမီးလေးဟာ မေမေဖြစ်သူ ချောရတနာကို နှိပ်ပေးနေတဲ့ ဗီဒီယိုဖိုင်လေးကို ချောရတနာက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။

ဒီဗီဒီယိုလေးထဲမှာတော့ သမီးလေးဟာ မေမေချောရတနာတစ်ယောက်ညောင်းနေတာကြောင့် သေသေချာချာ နှိပ်ပြီး မေမေခံစားနေရတဲ့ ဝေဒနာတွေကို သက်သာပျောက်ကင်းသွားအောင် ပြုစုပေးနေတာဖြစ်ပြီး မေမေချောရတနာကတော့ အခုလို သိတတ်လိမ္မာတဲ့ သမီးလေးရဲ့ ပြုစုမှုတွေကြောင့် ကြည်နူးပီတီဖြစ်ရတာပဲဖြစ်ပါတယ်။CeleGabarပရိသတ်ကြီးရေ ချစ်စရာကောင်းလှတဲ့ ချောရတနာသမီးလေးရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

Source ; Chaw Yadanar
Chilli – CeleGabar

error: Content is protected !!