



Source: Khine Hnin Wai
ချစ်သဲမေ @ CeleGabar

ယူနီကုတ်ဖြင့်ဖတ်ရန်

“နေပြည်တော် ဇေယျာသီရိမြို့နယ် ကျောက်စပ်ကုန်းကျေးရွာမှာ သောက်ရေသန့် ဘူး(၄၀၀) သွားရောက်လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ”

နေပြည်တော် ဇေယျာသီရိမြို့နယ် ကျောက်စပ်ကုန်းကျေးရွာမှာ ရေတူးပေမယ့် ရေမထွက်ဖြစ်နေတာကြောင့် သောက်သုံးရေရှားပါးတဲ့ ဒုက္ခတွေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။ ဆည်ထဲကရေတွေကိုသာ ကြိုချက်သောက်သုံးနေရတယ်လို့ သိရပါတယ်။ ဒီသတင်းကြောင့် မိဘမဲ့ကလေးတွေကို မိခင်နဲ့မခြား ကာကွယ်စောင့်ရှောက်ပေးပြီး အမှန်တကယ်လိုအပ်တဲ့ နေရာတွေမှာ လိုက်လံလှူဒါန်းနေသူတစ်ယောက်ဖြစ်တဲ့ နိုင်ငံကျော်သရုပ်ဆောင်ခိုင်နှင်းဝေက သောက်ရေတွေသွားရောက်လှူဒါန်းခဲ့တယ်ဆိုတဲ့ အကြောင်းကို ခိုင်နှင်းဝေက သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ရေအကျိုး (၁၀)ပါး မတောင်းဘဲပြည့်တယ်ဆိုတဲ့ ကုသိုလ်တွေကို ခိုင်နှင်းဝေတစ်ယောက် စက်တင်ဘာ(၂၃)ရက်နေ့က သောက်ရေသန့် ဘူးပေါင်း(၄၀၀)ကို သွားရောက်လှူဒါန်းကာ ယူခဲ့ပါပြီ။ ခိုင်နှင်းဝေဟာ သူမကိုယ်တိုင် လာလှူမယ်ဆိုတာကို ကျောက်စပ်ကုန်းကျေးရွာက သူများအား အသိပေးပြောကြားထားခြင်းမရှိဘဲ ရေလာလှူမယ်လို့သာ ပြောကြားပြီး Surprise လုပ်ခဲ့တာဖြစ်ပါတယ်။ ရေစလှူတော့ ခိုင်နှင်းဝေမှန်းသိကာ ပျော်သွားတဲ့ သူတို့ရဲ့အပျော်ကိုကြည့်ပြီး သူမကိုယ်တိုင်လည်း အပျော်တွေကူးစက်မိတယ်လို့ ခိုင်နှင်းဝေက ပြောပြခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ခိုင်နှင်းဝေဟာ နေပြည်တော် ဇေယျာသီရိမြို့နယ် ကျောက်စပ်ကုန်းကျေးရွာမှ ရေလှူပြီးအပြန်မှာလည်း သန့်ရှင်းရေးလုပ်၊အပင်တွေအလှဆင်လုပ်နေကြရတဲ့ လမ်းလုပ်သားတွေကိုလည်း ရေခဲမုန့်များ ဒါနပြုခဲ့သေးတယ်လို့ သိရပါတယ်။ စက်တင်ဘာလ(၂၃)ရက်နေ့ကတော့ ခိုင်နှင်းဝေတစ်ယောက် တစ်နေ့ကုန် အလှူတွေလုပ်ပြီး ပီတိတွေအပြည့်နဲ့ပျော်ရွှင်ရတာဖြစ်ပါတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ခိုင်နှင်းဝေရဲ့ အလှူတွေအတွက် ဂုဏ်ယူပြီး သာဓုခေါ်ခဲ့ကြပါဦး……။
Source: Khine Hnin Wai
ချစ်သဲမေ @ CeleGabar

error: Content is protected !!