“အသည္းကြဲဖူးသြားျပီမို႕ မစြံခ်င္ေတာ့ဘူးဆိုတဲ့ ပိုးမီ”

“အလိုက္တသိ”သီခ်င္းေလးနဲ႔ ပရိသတ္အားေပးမႈကို တခဲနက္ပိုင္ဆိုင္ရရွိထားသူတစ္ေယာက္ျဖစ္တဲ့ ပိုးမီကေတာ့ အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြကို သိမ္းပိုက္ထားႏိုင္တဲ့ အဆိုေတာ္တစ္ေယာက္ပါ။ ပိုးမီဟာဆိုရင္ Myanmar Idol Season 2 ကေန ပရိသတ္ေတြရင္ထဲကို စတင္ရာက္ရွိလာခဲ့တဲ့ အဆိုေတာ္တစ္ေယာက္လို႔ဆိုလည္း မမွားပါဘူး။လတ္တေလာမွာေတာ့ ပိုးမီက Friend (သူငယ္ခ်င္း) Group Audio CD Albumေလးကို ထြက္ရွိေအာင္ျမင္ထားတာျဖစ္ပါတယ္။ အဲဒီသီခ်င္းေလးမွာေတာ့ ပိုးမီက နာမည္ႀကီးသ႐ုပ္ေဆာင္နဲ႔ အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ ထြန္းအိျႏၵာဗိုလ္ရဲ႕ သီခ်င္းေလးကို သီဆိုေဖ်ာ္ေျဖထားတာျဖစ္ပါတယ္။

ပြင့္ပြင့္လင္းလင္းနဲ႕ ေျပာဆိုဆက္ဆံတတ္သူတစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္အားေပးခ်စ္ခင္မႈကို ပိုင္ဆိုင္ရရွိထားတာျဖစ္ပါတယ္။ ပရိသတ္ အခ်စ္ေတြပိုေနရတဲ့ ပိုးမီရဲ႕ အခ်စ္ေရးနဲ႕ ပတ္သက္ျပီးေတာ့ ပရိသတ္ေတြက စိတ္၀င္တစားနဲ႕ ရွိေနၾကတာျဖစ္ပါတယ္။ ဒါကို ပိုးမီက “အသက္အရြယ္ရေရာ ရည္းစားထားတယ္၊ခ်စ္သူထားတယ္၊အသဲကြဲတယ္ဆိုတာ ကိုယ္ကႀကံဳခဲ့ျပီးသြားျပီမို႕ မစြံခ်င္ေတာ့ဘူး။တစ္ေယာက္ထဲေနရတာ အားငယ္တယ္လို႕ေတာ့ မထင္ပါဘူး” လို႕ သူမရဲ႕ အခ်စ္ေရးနဲ႕ ပတ္သက္ျပီး စိုးရိမ္ေနတဲ့ ပရိသတ္ေတြကို နွစ္သိမ့္စကားေျပာထားတာျဖစ္ပါတယ္။

ဒါ့အျပင္ သူမရဲ႕ အိမ္ေထာင္ေရးနဲ႕ပတ္သက္ျပီးေတာ့လည္း “ကိုကိုမွ ေမာင္ေလးမွလိုေတာ့ သတ္မွတ္ထားတာမရရွိဘူး”ဖူးစာအတိုင္းျဖစ္သြားမွာပါလို႕ ေျပာျပခဲ့ပါတယ္။ ပိုးမီရဲ႕ မိခင္ျဖစ္သူကေတာ့ ပိုးမီကို အိမ္ေထာင္ျပဳေစခ်င္ေပမယ့္ ပိုးမီကိုယ္တိုင္ကခါးခါးသီးသီး ျငင္းေနတာေၾကာင့္ မိခင္ျဖစ္သူက လက္ေလ်ာ့ထားခဲ့ရတယ္လို႕ သိရပါတယ္။ ကိုယ္ကအနုပညာသမားတစ္ေယာက္ျဖစ္ေနတာေၾကာင့္ အခ်စ္ကို ကိုးကြယ္ခ်င္ေသးတာမို႕ ကိုယ္မခ်စ္နိုင္တဲ့ သူကိုမယူနိုင္ဘူးလို႕လည္း ပိုးမီက ေျပာျပခဲ့ပါေသးတယ္။ ပိုးမီကေတာ့ ဒီနွစ္၀ါကၽြတ္ရင္လည္း စားရမွာမဟုတ္ဘူးေနာ္…..။

Source: Exclusive on CeleGabar
ခ်စ္သဲေမ @ CeleGabar

ယူနီကုတ္ျဖင့္ဖတ္ရန္

“အသည်းကွဲဖူးသွားပြီမို့ မစွံချင်တော့ဘူးဆိုတဲ့ ပိုးမီ”

“အလိုက်တသိ”သီချင်းလေးနဲ့ ပရိသတ်အားပေးမှုကို တခဲနက်ပိုင်ဆိုင်ရရှိထားသူတစ်ယောက်ဖြစ်တဲ့ ပိုးမီကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေကို သိမ်းပိုက်ထားနိုင်တဲ့ အဆိုတော်တစ်ယောက်ပါ။ ပိုးမီဟာဆိုရင် Myanmar Idol Season 2 ကနေ ပရိသတ်တွေရင်ထဲကို စတင်ရာက်ရှိလာခဲ့တဲ့ အဆိုတော်တစ်ယောက်လို့ဆိုလည်း မမှားပါဘူး။လတ်တလောမှာတော့ ပိုးမီက Friend (သူငယ်ချင်း) Group Audio CD Albumလေးကို ထွက်ရှိအောင်မြင်ထားတာဖြစ်ပါတယ်။ အဲဒီသီချင်းလေးမှာတော့ ပိုးမီက နာမည်ကြီးသရုပ်ဆောင်နဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်ရဲ့ သီချင်းလေးကို သီဆိုဖျော်ဖြေထားတာဖြစ်ပါတယ်။

ပွင့်ပွင့်လင်းလင်းနဲ့ ပြောဆိုဆက်ဆံတတ်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်အားပေးချစ်ခင်မှုကို ပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။ ပရိသတ် အချစ်တွေပိုနေရတဲ့ ပိုးမီရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေက စိတ်ဝင်တစားနဲ့ ရှိနေကြတာဖြစ်ပါတယ်။ ဒါကို ပိုးမီက “အသက်အရွယ်ရရော ရည်းစားထားတယ်၊ချစ်သူထားတယ်၊အသဲကွဲတယ်ဆိုတာ ကိုယ်ကကြုံခဲ့ပြီးသွားပြီမို့ မစွံချင်တော့ဘူး။တစ်ယောက်ထဲနေရတာ အားငယ်တယ်လို့တော့ မထင်ပါဘူး” လို့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး စိုးရိမ်နေတဲ့ ပရိသတ်တွေကို နှစ်သိမ့်စကားပြောထားတာဖြစ်ပါတယ်။

ဒါ့အပြင် သူမရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့လည်း “ကိုကိုမှ မောင်လေးမှလိုတော့ သတ်မှတ်ထားတာမရရှိဘူး”ဖူးစာအတိုင်းဖြစ်သွားမှာပါလို့ ပြောပြခဲ့ပါတယ်။ ပိုးမီရဲ့ မိခင်ဖြစ်သူကတော့ ပိုးမီကို အိမ်ထောင်ပြုစေချင်ပေမယ့် ပိုးမီကိုယ်တိုင်ကခါးခါးသီးသီး ငြင်းနေတာကြောင့် မိခင်ဖြစ်သူက လက်လျော့ထားခဲ့ရတယ်လို့ သိရပါတယ်။ ကိုယ်ကအနုပညာသမားတစ်ယောက်ဖြစ်နေတာကြောင့် အချစ်ကို ကိုးကွယ်ချင်သေးတာမို့ ကိုယ်မချစ်နိုင်တဲ့ သူကိုမယူနိုင်ဘူးလို့လည်း ပိုးမီက ပြောပြခဲ့ပါသေးတယ်။ ပိုးမီကတော့ ဒီနှစ်ဝါကျွတ်ရင်လည်း စားရမှာမဟုတ်ဘူးနော်…..။
Source: Exclusive on CeleGabar
ချစ်သဲမေ @ CeleGabar

error: Content is protected !!