” Paris Fashion Week ကိုတတ္ေရာက္ရန္ ပါရီျမိဳ႕ကို ထြက္ခြာသြားျပီးျဖစ္တဲ့ ေနျခည္ဦး “

“ပုရိသ” ရုပ္ရွင္ ဇာတ္ကားၾကီးမွာ နိုင္ငံေက်ာ္မင္းသမီးၾကီးနဲ႔ အျပိဳင္သရုပ္ေဆာင္ထားကာ ပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာရရိွေနတဲ့ ေနျခည္ဦး ကေတာ့ ျမန္မာနိုင္ငံရဲ႕ ပထမဦးဆံုး Beauty Blogger တစ္ေယာက္အျဖစ္ စတင္ခဲ့ကာ အနုပညာေလာကထဲကို၀င္ေရာက္လာသူျဖစ္ျပီး ထူးျခားတဲ့ အနုပညာစြမ္းရည္ေၾကာင့္လည္း တစ္ခဏအတြင္း ေအာင္ျမင္မႈရရိွခဲ့သူလည္းျဖစ္ပါတယ္။သူမကေတာ့ သရုပ္ေဆာင္သစ္တစ္ေယာက္လို႔ မထင္ရေလာက္ေအာင္ သရုပ္ေဆာင္ပီျပင္လြန္းတာေၾကာင့္ ပရိသတ္ရဲ႕ ႏွစ္သက္အားေပးျခင္းခံေနရျပီး လတ္တေလာမွာေတာ့ ရုပ္ရွင္ဇာတ္ကားၾကီးေတြမွာပါ ဆက္တိုက္ဆိုသလို ပါ၀င္သရုပ္ေဆာင္ခြင့္ရရိွထားပါတယ္။

သူမရဲ႕ ပထမဆံုးရုပ္ရွင္ဇာတ္ကားၾကီးျဖစ္တဲ့ “ရန္သူ” ရုပ္ရွင္ဇာတ္ကားမွာလည္း ပရိသတ္ေတြရဲ႕ တခဲနက္အားေပးမႈကို ရရိွခဲ့ပါတယ္။တက္သစ္သရုပ္ေဆာင္တစ္ေယာက္ျဖစ္ေပမယ့္ ၀ါရင့္အနုပညာရွင္ေတြနဲ႔အျပိဳင္ အေကာင္းဆံုး သရုပ္ေဆာင္နိုင္မႈေၾကာင့္ “ဧည့္သည္” ရုပ္ရွင္ဇာတ္ကားၾကီးဟာဆိုရင္လည္း ရံုျပည္ရံုလွ်ံ အားေပးျခင္းခံခဲ့ရပါေသးတယ္။သူမကေတာ့ သူမရဲ႕အလွကို ယံုၾကည္မႈရိွသလို မိန္းကေလးေတြကိုလည္း ယံုၾကည္မႈရိွရိွနဲ႔လွေစဖို႔ နည္းလမ္းေကာင္းေတြကို ေ၀မွ်တတ္သူ Beauty Blogger ေကာင္းတစ္ေယာက္လည္းျဖစ္ပါတယ္။လက္ရိွမွာေတာ့ နိုင္ငံေက်ာ္ ဒိတ္ဒိတ္ၾကဲမင္သားတစ္လက္ျဖစ္တဲ့ အကယ္ဒမီ ေနတိုးနဲ႔အတူ တြဲဖက္သရုပ္ေဆာင္ထားတဲ့ “အခမ္းနားဆံုး ေမတၱာ” ရုပ္ရွင္ဇာတ္ကားၾကီးကေတာ့ မၾကာမွီျပသေတာ့မွာလည္းျဖစ္ပါတယ္။

ေနျခည္ဦးကေတာ့ L’Oreal က က်င္းပတဲ့ Paris Fashion Week ကို Make Me Beautiful Winner ျဖစ္တဲ့ ဘုန္းျငိမ္းခ်မ္းနဲ႔ အတူတက္ေရာက္ခြင့္ရရိွခဲ့ပါတယ္။သူမကိုတာ့ ဒုတိယအၾကိမ္ဖိတ္္ၾကားလိုက္တာျဖစ္ျပီး ပထမအၾကိမ္တုန္းကေတာ့ နာမည္ၾကီးမင္းသမီး၀တ္မွႈန္ေရႊရည္၊မိတ္ကပ္ပညာရွင္ We Wee တို႔နဲ႔အတူတက္ေရာက္ခဲ့ပါေသးတယ္။ေနျခည္ဦးကေတာ့ စက္တင္ဘာလ (၂၄)ရက္ေန႔ျဖစ္တဲ့ ယေန႔မွာဆိုရင္ Paris Fashion Week ကိုတတ္ေရာက္ရန္ ပါရီျမိဳ႕ကို ထြက္ခြာသြားျပီးလည္းျဖစ္ပါတယ္။CeleGabar ပရိသတ္ၾကီးအတြက္ ေနျခည္ဦးရဲ႕ ေလဆိပ္ဆင္းဖက္ရွင္ေလးကို မွ်ေ၀ေပးလိုက္ပါတယ္။

Source: Nay Chi Oo
DarDar-CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

” Paris Fashion Week ကိုတတ်ရောက်ရန် ပါရီမြို့ကို ထွက်ခွာသွားပြီးဖြစ်တဲ့ နေခြည်ဦး ”

“ပုရိသ” ရုပ်ရှင် ဇာတ်ကားကြီးမှာ နိုင်ငံကျော်မင်းသမီးကြီးနဲ့ အပြိုင်သရုပ်ဆောင်ထားကာ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိနေတဲ့ နေခြည်ဦး ကတော့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Beauty Blogger တစ်ယောက်အဖြစ် စတင်ခဲ့ကာ အနုပညာလောကထဲကိုဝင်ရောက်လာသူဖြစ်ပြီး ထူးခြားတဲ့ အနုပညာစွမ်းရည်ကြောင့်လည်း တစ်ခဏအတွင်း အောင်မြင်မှုရရှိခဲ့သူလည်းဖြစ်ပါတယ်။သူမကတော့ သရုပ်ဆောင်သစ်တစ်ယောက်လို့ မထင်ရလောက်အောင် သရုပ်ဆောင်ပီပြင်လွန်းတာကြောင့် ပရိသတ်ရဲ့ နှစ်သက်အားပေးခြင်းခံနေရပြီး လတ်တလောမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ဆက်တိုက်ဆိုသလို ပါဝင်သရုပ်ဆောင်ခွင့်ရရှိထားပါတယ်။

သူမရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ရန်သူ” ရုပ်ရှင်ဇာတ်ကားမှာလည်း ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိခဲ့ပါတယ်။တက်သစ်သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် ဝါရင့်အနုပညာရှင်တွေနဲ့အပြိုင် အကောင်းဆုံး သရုပ်ဆောင်နိုင်မှုကြောင့် “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင်လည်း ရုံပြည်ရုံလျှံ အားပေးခြင်းခံခဲ့ရပါသေးတယ်။သူမကတော့ သူမရဲ့အလှကို ယုံကြည်မှုရှိသလို မိန်းကလေးတွေကိုလည်း ယုံကြည်မှုရှိရှိနဲ့လှစေဖို့ နည်းလမ်းကောင်းတွေကို ဝေမျှတတ်သူ Beauty Blogger ကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။လက်ရှိမှာတော့ နိုင်ငံကျော် ဒိတ်ဒိတ်ကြဲမင်သားတစ်လက်ဖြစ်တဲ့ အကယ်ဒမီ နေတိုးနဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတဲ့ “အခမ်းနားဆုံး မေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ မကြာမှီပြသတော့မှာလည်းဖြစ်ပါတယ်။

နေခြည်ဦးကတော့ L’Oreal က ကျင်းပတဲ့ Paris Fashion Week ကို Make Me Beautiful Winner ဖြစ်တဲ့ ဘုန်းငြိမ်းချမ်းနဲ့ အတူတက်ရောက်ခွင့်ရရှိခဲ့ပါတယ်။သူမကိုတာ့ ဒုတိယအကြိမ်ဖိတ်ကြားလိုက်တာဖြစ်ပြီး ပထမအကြိမ်တုန်းကတော့ နာမည်ကြီးမင်းသမီးဝတ်မှှုန်ရွှေရည်၊မိတ်ကပ်ပညာရှင် We Wee တို့နဲ့အတူတက်ရောက်ခဲ့ပါသေးတယ်။နေခြည်ဦးကတော့ စက်တင်ဘာလ (၂၄)ရက်နေ့ဖြစ်တဲ့ ယနေ့မှာဆိုရင် Paris Fashion Week ကိုတတ်ရောက်ရန် ပါရီမြို့ကို ထွက်ခွာသွားပြီးလည်းဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးအတွက် နေခြည်ဦးရဲ့ လေဆိပ်ဆင်းဖက်ရှင်လေးကို မျှဝေပေးလိုက်ပါတယ်။

error: Content is protected !!