“ေတြဆုံပြဲကို မလာႏိုင္ခဲ့တဲ့ ပရိသတ္ေတြအတြက္ ပြဲေလးထပ္မံစီစဥ္ေပးသြားမယ္ဆိုတဲ့ သုတေအာင္”

သုတေအာင္ကေတာ့ MRTV-4ကထုတ္လႊင့္ျပသခဲ့တဲ့ “ၾကယ္ကေလးရဲ႕ ေကာင္းကင္”၊”အလင္းထဲကလူ”စတဲ့႐ုပ္သံဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ၿပီး ပရိသတ္ေတြရဲ႕ အခ်စ္ကို သိမ္းပိုက္ထားႏိုင္ခဲ့တဲ့ တက္သစ္စမင္းသားေခ်ာေလးတစ္ေယာက္ပဲျဖစ္ပါတယ္။ဇာတ္လမ္းတြဲေတြထဲမွာ က်ရာဇာတ္႐ုပ္တိုင္းကို ပီျပင္စြာသ႐ုပ္ေဆာင္ႏိုင္ခဲ့တာေၾကာင့္လည္း လူႀကီးလူငယ္မေ႐ြးအားေပးခ်စ္ခင္မႈကို ရရွိပိုင္ဆိုင္ထားပါေသးတယ္။

လက္ရွိမွာလည္းအႏုပညာအလုပ္ေတြကို တစိုက္မတ္မတ္အားႀကိဳးမာန္တက္လုပ္ေဆာင္ေနၿပီး “မာယာလွည့္ကြက္”႐ုပ္သံဇာတ္လမ္းတြဲကို ပါဝင္သ႐ုပ္ေဆာင္ေနပါေသးတယ္။ေနာက္ထပ္လည္း “ဂ်ီေဟာသူ”႐ုပ္သံဇာတ္လမ္းတြဲမွာလည္း ပါဝင္ၿပီးသ႐ုပ္ေဆာင္ဦးမွာျဖစ္တယ္လို႔သိရပါတယ္။အႏုပညာေလာကထဲကို စတင္ဝင္ေရာက္လာၿပီး အခ်ိန္တိုတိုအတြင္းမွာတင္ ေအာင္ျမင္မႈေတြရရွိပိုင္ဆိုင္ထားတဲ့ သုတေအာင္ဟာ ပရိသတ္ေတာ္ေတာ္မ်ားမ်ားရဲ႕ ခ်စ္ျခင္းကိုလည္း အျပည့္အဝရရွိထားတာပဲျဖစ္ပါတယ္။ပရိသတ္ေတြကလည္း ခ်စ္ခင္သလို သုတေအာင္ကလည္း ပရိသတ္ေတြကို မာန္မာနမရွိပြင့္ပြင့္လင္းလင္းျပန္လည္ဆက္ဆံတတ္တဲ့ သူတစ္ေယာက္ပဲျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာလ (၂၂)ရက္ေန႔မွာေတာ့ သုတေအာင္ဟာ ပရိသတ္ေတြရဲ႕ ေတာင္းဆိုမႈေၾကာင့္ ပရိသတ္ေတြနဲ႔ ေတြ႕ဆုံပြဲေလးက်င္းပျပဳလုပ္ေပးခဲ့ပါတယ္။ ဒီပြဲေလးမွာသုတေအာင္ကပရိသတ္ေတြနဲ႔ ရင္းရင္းႏွီးႏွီးနဲ႔ ကစားနည္းေတာ္ေတာ္မ်ားမ်ားကိုလည္း ကစားခဲ့ၿပီး လက္ေဆာင္ေလးေတြေပးခဲ့ပါေသးတယ္။ပရိသတ္ေတြ႕ဆုံပြဲကို ရန္ကုန္မွာလုပ္ျဖစ္တာေၾကာင့္ မလာႏိုင္လို႔ စိတ္မေကာင္းျဖစ္ေနတဲ့ မႏၲေလးဘက္ကပရိသတ္ေတြအတြက္ကို “ကြၽန္ေတာ္မႏၲေလးမွာ ႐ိုက္ကူးေရးလည္းရွိေသးတယ္။မႏၲေလးမွာလည္း ကြၽန္ေတာ္ Fan Meetingေလးကို ထပ္ၿပီးလုပ္ေပးမယ္။ အဲ့အခ်ိန္က်ရင္လည္း ေပ်ာ္ေပ်ာ္ပါးပါး လာခဲ့ပါ။”ဆိုၿပီး ဖိတ္ေခၚထားတာပဲျဖစ္ပါတယ္။CeleGabarပရိသတ္ႀကီးေရ သုတေအာင္တစ္ေယာက္ ပရိသတ္ေတြကို ဖိတ္ေခၚထားတဲ့ ဗီဒီယိုဖိုင္ေလးကို မွ်ေဝေပးလိုက္ပါတယ္။

Source ; Exclusive On CeleGabar
Chilli – CeleGabar
ယူနီကုတ္ျဖင့္ဖတ္ရန္။

“တွေဆုံပွဲကို မလာနိုင်ခဲ့တဲ့ ပရိသတ်တွေအတွက် ပွဲလေးထပ်မံစီစဉ်ပေးသွားမယ်ဆိုတဲ့ သုတအောင်”

သုတအောင်ကတော့ MRTV-4ကထုတ်လွှင့်ပြသခဲ့တဲ့ “ကြယ်ကလေးရဲ့ ကောင်းကင်”၊”အလင်းထဲကလူ”စတဲ့ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ တက်သစ်စမင်းသားချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ဇာတ်လမ်းတွဲတွေထဲမှာ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တာကြောင့်လည်း လူကြီးလူငယ်မရွေးအားပေးချစ်ခင်မှုကို ရရှိပိုင်ဆိုင်ထားပါသေးတယ်။

လက်ရှိမှာလည်းအနုပညာအလုပ်တွေကို တစိုက်မတ်မတ်အားကြိုးမာန်တက်လုပ်ဆောင်နေပြီး “မာယာလှည့်ကွက်”ရုပ်သံဇာတ်လမ်းတွဲကို ပါဝင်သရုပ်ဆောင်နေပါသေးတယ်။နောက်ထပ်လည်း “ဂျီဟောသူ”ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပါဝင်ပြီးသရုပ်ဆောင်ဦးမှာဖြစ်တယ်လို့သိရပါတယ်။အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီး အချိန်တိုတိုအတွင်းမှာတင် အောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားတဲ့ သုတအောင်ဟာ ပရိသတ်တော်တော်များများရဲ့ ချစ်ခြင်းကိုလည်း အပြည့်အဝရရှိထားတာပဲဖြစ်ပါတယ်။ပရိသတ်တွေကလည်း ချစ်ခင်သလို သုတအောင်ကလည်း ပရိသတ်တွေကို မာန်မာနမရှိပွင့်ပွင့်လင်းလင်းပြန်လည်ဆက်ဆံတတ်တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၂)ရက်နေ့မှာတော့ သုတအောင်ဟာ ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် ပရိသတ်တွေနဲ့ တွေ့ဆုံပွဲလေးကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ ဒီပွဲလေးမှာသုတအောင်ကပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးနဲ့ ကစားနည်းတော်တော်များများကိုလည်း ကစားခဲ့ပြီး လက်ဆောင်လေးတွေပေးခဲ့ပါသေးတယ်။ပရိသတ်တွေ့ဆုံပွဲကို ရန်ကုန်မှာလုပ်ဖြစ်တာကြောင့် မလာနိုင်လို့ စိတ်မကောင်းဖြစ်နေတဲ့ မန္တလေးဘက်ကပရိသတ်တွေအတွက်ကို “ကျွန်တော်မန္တလေးမှာ ရိုက်ကူးရေးလည်းရှိသေးတယ်။မန္တလေးမှာလည်း ကျွန်တော် Fan Meetingလေးကို ထပ်ပြီးလုပ်ပေးမယ်။ အဲ့အချိန်ကျရင်လည်း ပျော်ပျော်ပါးပါး လာခဲ့ပါ။”ဆိုပြီး ဖိတ်ခေါ်ထားတာပဲဖြစ်ပါတယ်။CeleGabarပရိသတ်ကြီးရေ သုတအောင်တစ်ယောက် ပရိသတ်တွေကို ဖိတ်ခေါ်ထားတဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။

Source ; Exclusive On CeleGabar
Chilli – CeleGabar

error: Content is protected !!