ဖခင္မရွိလို႔သိမ္ငယ္ခဲ့ရတဲ့ဘဝမွာ ခ်စ္ရတဲ့သားသမီးေတြရွိလာၿပီမို႔ အမ်ားႀကီးေျဖသာႏိုင္ခဲ့ၿပီဆိုတဲ့ ခိုင္ႏွင္းေဝ

အႏုပညာအလုပ္ေတြအျပင္ ပရဟိတေတြလည္းလုပ္တဲ့ ပရိသတ္အခ်စ္ေတာ္ခိုင္ႏွင္းေဝကေတာ့ သူမရဲ႕အလႉမွတ္တမ္းေလးမွာ ခ်စ္ရတဲ့သားသမီးေတြနဲ႔အတူ ေဖာ္ျပခံရတဲ့အတြက္ ဝမ္းသာမဆုံးျဖစ္ခဲ့ရပါတယ္။ ငယ္စဥ္ကတည္းက မိခင္နဲ႔အတူအလႉေတြလုပ္ခဲ့တဲ့ အခ်ိန္တိုင္း ဖခင္နာမည္ေဖာ္ျပမခံရလို႔ သူမကမျပည့္စုံဘူးလို႔ထင္ခဲ့တဲ့ အေတြးေတြဟာ ဒီေန႔မွာေတာ့ အားလုံး ယူပစ္လိုက္သလို ေပ်ာက္သြားခဲ့ပါတယ္။

မိဘမဲ့ကေလးေတြကို ေခၚယူေမြးစားျပဳစုေစာင့္ေရွာက္ၿပီး ကိုယ့္သားသမီးအရင္းနဲ႔မျခား တန္ဖိုးထားတဲ့ ကေလးတို႔ေမေမခိုင္းႏွင္းေဝရဲ႕ စိတ္ဓာတ္ေလးကေတာ့ အရမ္းကိုခ်ီးက်ဴးအတုယူစရာ ပါပဲ။ လိုအပ္တဲ့ေနရာတိုင္းကိုလည္း ကိုယ္တိုင္အေရာက္သြားၿပီး ကူညီတတ္တဲ့ ျဖဴစင္တဲ့စိတ္ထားေလးနဲ႔ ပရဟိတမင္းသမီးေလးကေတာ့ ေအာင္ျမင္မႈေတြဒီထက္မကပိုၿပီးရဦးမယ္ဆိုတာေတာ့ အေသအခ်ာပါပဲ။

ခ်စ္ရတဲ့သားသမီးေတြနဲ႔အတူမွတ္တမ္းတင္ဂုဏ္ျပဳခံရတဲ့ သူမရဲ႕ခံစားခ်က္ေလးကို ” က်မ လူျဖစ္က်ိဳး နပ္ေလၿပီ စာဖတ္တတ္စအ႐ြယ္ ထဲက မိသားစုအလႉ ဖိတ္စာေတြေပၚမွာ တႀကိမ္တခါမွ ဖခင္ အမည္ ေရွ႕ဆုံးက ပါေလ့မရွိခဲ့ပါဖူး က်မ သိပ္အားငယ္တတ္တာ သိပ္လိုခ်င္ ခဲ့တာ အလႉလုပ္ရလို႔ေပ်ာ္ရေပမယ့္ ဖခင္ အမည္ မပါလို႔ မျပည့္စုံဖူးထင္ခဲ့တဲ့ က်မ ၾကာေတာ့လည္း မိခင္ ျဖစ္သူ ႏွင့္ က်မနာမည္သာပါတဲ့ အလႉဖိတ္စာေတြေပၚမွာ က်မ မထူးဆန္းေတာ့သလို ျဖစ္လာတယ္ အခုေတာ့ က်မ အလႉေတြမွာ က်မ မိခင္ နဲ႔ က်မ နာမည္အျပင္ က်မ ကေလး တစီတတန္း ႀကီး ပါလာၿပီး စည္ကားသိုက္ၿမိဳက္လြန္း ေနေတာ့ အရင္က ခိုင္ႏွင္းေဝ ထက္ အခု က်မရဲ႕ ရပ္တည္မႈက ပိုၿပီး အဓိပၸာယ္ ျပည့္စုံလာပါၿပီ က်မ ေဟာဒီ ဂုဏ္ျပဳမွတ္တမ္းလႊာႀကီး ၾကည့္ၿပီး ၿပဳံးေနမိတာ ရပ္တန႔္မရေတာ့လို႔ က်မ မိတ္ေဆြတို႔ လည္း က်မ ပီတိကို မွ်ေဝခံစားလို႔ရေအာင္ တင္ေပးလိုက္ပါ တယ္ေနာ္ ခုနစ္ရက္သားသမီးတိုင္း ကိုယ္ခ်စ္ေသာ သူမ်ားနဲ႔ တူတူခ်စ္ ေမတၱာ ဓာတ္ေတြ လႊမ္းၿခဳံ လွ်က္ စိတ္ခ်မ္းသာေစဖို႔ ရည္႐ြယ္လွ်က္ ” ဆိုၿပီး တင္ထားတာပဲျဖစ္ပါတယ္။

Photo – Khine Hnin Wai
Happy – Cele Gabar

(ယူနီကုဒ္ျဖင့္ဖတ္ရန္)

” ဖခင်မရှိလို့သိမ်ငယ်ခဲ့ရတဲ့ဘဝမှာ ချစ်ရတဲ့သားသမီးတွေရှိလာပြီမို့ အများကြီးဖြေသာနိုင်ခဲ့ပြီဆိုတဲ့ ခိုင်နှင်းဝေ ”

အနုပညာအလုပ်တွေအပြင် ပရဟိတတွေလည်းလုပ်တဲ့ ပရိသတ်အချစ်တော်ခိုင်နှင်းဝေကတော့ သူမရဲ့အလှူမှတ်တမ်းလေးမှာ ချစ်ရတဲ့သားသမီးတွေနဲ့အတူ ဖော်ပြခံရတဲ့အတွက် ဝမ်းသာမဆုံးဖြစ်ခဲ့ရပါတယ်။ ငယ်စဉ်ကတည်းက မိခင်နဲ့အတူအလှူတွေလုပ်ခဲ့ တဲ့အချိန်တိုင်း ဖခင်နာမည်ဖော်ပြမခံရလို့ သူမကမပြည့်စုံဘူးလို့ထင်ခဲ့တဲ့ အတွေးတွေဟာ ဒီနေ့မှာတော့ အားလုံး ယူပစ်လိုက်သလို ပျောက်သွားခဲ့ပါတယ်။

မိဘမဲ့ကလေးတွေကို ခေါ်ယူမွေးစားပြုစုစောင့်ရှောက်ပြီး ကိုယ့်သားသမီးအရင်းနဲ့မခြား တန်ဖိုးထားတဲ့ ကလေးတို့မေမေခိုင်းနှင်းဝေ ရဲ့စိတ်ဓာတ်လေးကတော့ အရမ်းကိုချီးကျူးအတုယူစရာ ပါပဲ။ လိုအပ်တဲ့နေရာတိုင်းကိုလည်း ကိုယ်တိုင်အရောက်သွားပြီး ကူညီတတ် တဲ့ ဖြူစင်တဲ့စိတ်ထားလေးနဲ့ ပရဟိတမင်းသမီးလေးကတော့ အောင်မြင်မှုတွေဒီထက်မကပိုပြီးရဦးမယ်ဆိုတာတော့ အသေအချာပါပဲ။

ချစ်ရတဲ့သားသမီးတွေနဲ့အတူမှတ်တမ်းတင်ဂုဏ်ပြုခံရတဲ့ သူမရဲ့ခံစားချက်လေးကို ” ကျမ လူဖြစ်ကျိုး နပ်လေပြီ စာဖတ်တတ်စ အရွယ် ထဲက မိသားစုအလှူ ဖိတ်စာတွေပေါ်မှာ တကြိမ်တခါမှ ဖခင် အမည် ရှေ့ဆုံးက ပါလေ့မရှိခဲ့ပါဖူး ကျမ သိပ်အားငယ် တတ်တာ သိပ်လိုချင်ခဲ့တာ အလှူလုပ်ရလို့ပျော်ရပေမယ့် ဖခင် အမည် မပါလို့ မပြည့်စုံဖူးထင်ခဲ့တဲ့ ကျမ ကြာတော့လည်း မိခင် ဖြစ်သူ နှင့် ကျမနာမည်သာပါတဲ့ အလှူဖိတ်စာတွေပေါ်မှာ ကျမ မထူးဆန်းတော့သလို ဖြစ်လာတယ် အခုတော့ ကျမ အလှူတွေ မှာ ကျမ မိခင် နဲ့ ကျမ နာမည်အပြင် ကျမ ကလေး တစီတတန်း ကြီး ပါလာပြီး စည်ကားသိုက်မြိုက်လွန်း နေတော့ အရင်က ခိုင်နှင်း ဝေ ထက် အခု ကျမရဲ့ ရပ်တည်မှုက ပိုပြီး အဓိပ္ပာယ် ပြည့်စုံလာပါပြီ ကျမ ဟောဒီ ဂုဏ်ပြုမှတ်တမ်းလွှာကြီး ကြည့်ပြီး ပြုံးနေမိတာ ရပ်တန့်မရတော့လို့ ကျမ မိတ်ဆွေတို့ လည်း ကျမ ပီတိကို မျှဝေခံစားလို့ရအောင် တင်ပေးလိုက်ပါ တယ်နော် ခုနစ်ရက်သားသမီး တိုင်း ကိုယ်ချစ်သော သူများနဲ့ တူတူ ချစ် မေတ္တာဓာတ်တွေ လွှမ်းခြုံ လျှက် စိတ်ချမ်းသာစေဖို့ ရည်ရွယ်လျှက် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။

Photo – Khine Hnin Wai
Happy – Cele Gabar

error: Content is protected !!