ဟာသမႀကိဳက္သူေတာင္ ၿပဳံးစိစိျဖစ္သြားေစမယ့္ ကြီးတို႔၏မာယာ ဟာသ႐ုပ္ရွင္ဇာတ္ကားႀကီး


“မိန္းမတို႔ရဲ႕မာယာ သဲကိုးျဖာ” ဆိုတဲ့ စကားအတိုင္း အရင္ေခတ္ကသာ အဲ့ဒီ ဆို႐ိုးမွန္ခ်င္မွန္မယ္..။အခုေခတ္မွာေတာ့ ေယာက်ာ္းေလး‌ေတြမ်ား မာယာသုံးၿပီးဆိုရင္ မိန္းမသားေတြ လိုက္မမွီႏိုင္ေတာ့တဲ့ ေခတ္ဆိုတာကို ကြက္ကြက္ကြင္းကြင္းျမင္ေအာင္႐ိုက္ကူးထားႏိုင္တဲ့ “ကြီးတို႔၏မာယာ” ႐ုပ္ရွင္ဇာတ္ကားေလးကို အျမည္းသေဘာေလး မိတ္ဆက္ေပးလိုက္ပါရေစ။ ဇာတ္လမ္းတစ္ခုလုံး ရယ္ရပါတယ္လို႔ spoileလုပ္ၿပီး အာမမခံေပမယ့္ ယခင္ၾကည့္ေနက် ဟာသ႐ုပ္ရွင္ဇာတ္ကားေတြထဲက ကြဲထြက္ေနမယ္ဆိုတာေတာ့ လုံးဝကို အာမခံပါတယ္။

ဇာတ္လမ္း အက်ဥ္းေျပာရရင္ေတာ့ ႐ြာရဲ႕လူမိုက္ႀကီးေလးေယာက္က ၿမိဳ႕ေပၚေရာက္ၿပီး တစ္ေယာက္ကို စတိုင္တစ္မ်ိဳးစီ Lady မမေတြနဲ႔ အိမ္ေထာင္က်သြားခဲ့ပါတယ္။ အဲ့‌ေနာက္မွာေတာ့ မိန္းမစကား အမွားမရွိ ဆိုသလို မိန္းမစကားကိုနားေထာင္ရ မိန္းမေတြရဲ႕ ခ်ဳပ္ခ်ယ္မႈကိုခံရတဲ့ အခါ ေယာက်ာ္းတို႔ရဲ႕ ရွိရွိသမွ်မာယာေတြကို အသုံးခ်ၿပီး လႊတ္ေျမာက္ဖို႔ႀကံစည္ၾကရင္း ဂယက္မ်ိဳးစုံနဲ႔ ဟာသအလြဲေလးေတြ စျဖစ္ပါေတာ့တယ္။ ဒါကိုသိသြားတဲ့ မိန္းမေတြက အကြက္လွလွေလးသုံးၿပီး လက္စားျပန္ေခ်ေပမယ့္လည္း သူတို႔ လင္မယားၾကား ႏွစ္က်ပ္ကြက္နင္းသြားတဲ့ စုံတြဲေလးေၾကာင့္ ဘယ္လို ဟာသေလးေတြေႏွာၿပီး ေနာင္တေတြတသီးတတန္းႀကီးနဲ႔ က်န္ခဲ့မလဲဆိုတာကို ေပ်ာ္႐ႊင္ရယ္ေမာစြာနဲ႔ ေပါ့ေပါ့ပါးပါးၾကည့္ရႈခံစားၾကရမွာပါ။

 

အိမ္ေထာင္သက္တမ္း တစ္ဝက္နီးပါးေရာက္တဲ့အခါျဖစ္ေလ့ျဖစ္ထရွိတဲ့ လင္မယားေတြၾကားက အရႈပ္ေတာ္ပုံေလးေတြကို ဟာသအျမင္နဲ႔ေႏွာကာ ဒါ႐ိုက္တာ ရာဇဝင္ကိုက နာမည္ႀကီးအႏုပညာရွင္ေတြရဲ႕ သ႐ုပ္ေဆာင္ခ်က္ေတြနဲ႔ ထိထိမိမိ ႐ိုက္ကူးပုံေဖာ္ထားတာျဖစ္ပါတယ္။ ဟာသ မႀကိဳက္တတ္တဲ့ ပရိသတ္ေတြေတာင္ တစ္ကားလုံး ပါးစပ္မပိတ္ႏိုင္ဘဲၿပဳံးစိစိျဖစ္သြားေစမယ့္ ဒီ႐ုပ္ရွင္ကားေလးကို ဘဝရဲ႕ တခဏတာ အေမာေတြကို ေျဖေဖ်ာက္ဖို႔အတြက္ လာမယ့္ (၂၆)ရက္ေန႔ ႐ုပ္ရွင္႐ုံမွာ သြားေရာက္ၾကည့္ရႈသင့္တဲ့ ကားေလးအျဖစ္ၫႊန္းဆိုေပးလိုက္ပါၿပီေနာ္။

Source:CeleGabar, ကွီးတို့၏မာယာ

NORA:CeleGabar

(Unicode ဖြင့်ဖတ်ရန်)

ဟာသမကြိုက်သူတောင် ပြုံးစိစိဖြစ်သွားစေမယ့် ကွီးတို့၏မာယာ ဟာသရုပ်ရှင်ဇာတ်ကားကြီး

“မိန်းမတို့ရဲ့မာယာ သဲကိုးဖြာ” ဆိုတဲ့ စကားအတိုင်း အရင်ခေတ်ကသာ အဲ့ဒီ ဆိုရိုးမှန်ချင်မှန်မယ်..။အခုခေတ်မှာတော့ ယောကျာ်းလေး‌တွေများ မာယာသုံးပြီးဆိုရင် မိန်းမသားတွေ လိုက်မမှီနိုင်တော့တဲ့ ခေတ်ဆိုတာကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ရိုက်ကူးထားနိုင်တဲ့ “ကွီးတို့၏မာယာ” ရုပ်ရှင်ဇာတ်ကားလေးကို အမြည်းသဘောလေး မိတ်ဆက်ပေးလိုက်ပါရစေ။ ဇာတ်လမ်းတစ်ခုလုံး ရယ်ရပါတယ်လို့ spoileလုပ်ပြီး အာမမခံပေမယ့် ယခင်ကြည့်နေကျ ဟာသရုပ်ရှင်ဇာတ်ကားတွေထဲက ကွဲထွက်နေမယ်ဆိုတာတော့ လုံးဝကို အာမခံပါတယ်။

ဇာတ်လမ်း အကျဉ်းပြောရရင်တော့ ရွာရဲ့လူမိုက်ကြီးလေးယောက်က မြို့ပေါ်ရောက်ပြီး တစ်ယောက်ကို စတိုင်တစ်မျိုးစီ Lady မမတွေနဲ့ အိမ်ထောင်ကျသွားခဲ့ပါတယ်။ အဲ့‌နောက်မှာတော့ မိန်းမစကား အမှားမရှိ ဆိုသလို မိန်းမစကားကိုနားထောင်ရ မိန်းမတွေရဲ့ ချုပ်ချယ်မှုကိုခံရတဲ့ အခါ ယောကျာ်းတို့ရဲ့ ရှိရှိသမျှမာယာတွေကို အသုံးချပြီး လွှတ်မြောက်ဖို့ကြံစည်ကြရင်း ဂယက်မျိုးစုံနဲ့ ဟာသအလွဲလေးတွေ စဖြစ်ပါတော့တယ်။ ဒါကိုသိသွားတဲ့ မိန်းမတွေက အကွက်လှလှလေးသုံးပြီး လက်စားပြန်ချေပေမယ့်လည်း သူတို့ လင်မယားကြား နှစ်ကျပ်ကွက်နင်းသွားတဲ့ စုံတွဲလေးကြောင့် ဘယ်လို ဟာသလေးတွေနှောပြီး နောင်တတွေတသီးတတန်းကြီးနဲ့ ကျန်ခဲ့မလဲဆိုတာကို ပျော်ရွှင်ရယ်မောစွာနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားကြရမှာပါ။

အိမ်ထောင်သက်တမ်း တစ်ဝက်နီးပါးရောက်တဲ့အခါဖြစ်လေ့ဖြစ်ထရှိတဲ့ လင်မယားတွေကြားက အရှုပ်တော်ပုံလေးတွေကို ဟာသအမြင်နဲ့နှောကာ ဒါရိုက်တာ ရာဇဝင်ကိုက နာမည်ကြီးအနုပညာရှင်တွေရဲ့ သရုပ်ဆောင်ချက်တွေနဲ့ ထိထိမိမိ ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဟာသ မကြိုက်တတ်တဲ့ ပရိသတ်တွေတောင် တစ်ကားလုံး ပါးစပ်မပိတ်နိုင်ဘဲပြုံးစိစိဖြစ်သွားစေမယ့် ဒီရုပ်ရှင်ကားလေးကို ဘဝရဲ့ တခဏတာ အမောတွေကို ဖြေဖျောက်ဖို့အတွက် လာမယ့် (၂၆)ရက်နေ့ ရုပ်ရှင်ရုံမှာ သွားရောက်ကြည့်ရှုသင့်တဲ့ ကားလေးအဖြစ်ညွှန်းဆိုပေးလိုက်ပါပြီနော်။

error: Content is protected !!