“႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ထပ္မံ႐ိုက္ကူးဖို႔ ကမ္းလွမ္းခံခဲ့ရတဲ့ ညီညီေမာင္ (စမ္းေခ်ာင္း)”

“သုသု”လို႔ ပရိသတ္ေတြက ခ်စ္စႏိုးနဲ႔ေခၚဆိုၾကတဲ့ ညီညီေမာင္စမ္းေခ်ာင္းကေတာ့ ျမန္မာႏိုင္ငံရဲ႕ ေအာင္ျမင္ေက်ာ္ၾကားတဲ့ မိတ္ကပ္ပညာရွင္ေတြထဲမွာ တစ္ေယာက္အေနနဲ႔ အပါအဝင္ပဲျဖစ္ပါတယ္။မိတ္ကပ္ပညာနဲ႔ပတ္သက္လာရင္ အႏုပညာရွင္ေတြကပါ အားကိုးတႀကီးနဲ႔အားကိုးေနရတဲ့ သူတစ္ေယာက္လည္းျဖစ္ပါတယ္။႐ိုးသားပြင့္လင္းၿပီး ဟန္ေဆာင္မႈကင္းတဲ့ သုသုဟာ ေပ်ာ္႐ႊင္စရာ ဟာသဗီဒီယိုေလးေတြကို အေပ်ာ္သေဘာအေနနဲ႔ ႐ိုက္ကူးၿပီး သူရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာတင္ေလ့ရွိပါေသးတယ္။

သုသုတစ္ေယာက္အေပ်ာ္သေဘာအေနနဲ႔ ႐ိုက္ကူးတင္ဆက္တဲ့ ဗီဒီယိုေလးေတြကို ပရိသတ္ေတြက သေဘာက်ႏွစ္သက္ၿပီး အျပည့္အဝအားေပးၾကတာေၾကာင့္ သုသုကေနာက္ပိုင္းမွာ မၾကာခဏဆိုသလို ဟာသဗီဒီယိုေလးေတြကို ပရိသတ္ေတြအတြက္တင္ဆက္ေပးေနတာပဲျဖစ္ပါတယ္။မၾကာေသးမီကလည္း သုသုတစ္ေယာက္ “က်ားက်ားႀကိဳက္ႀကိဳက္”႐ုပ္ရွင္ဇာတ္ကားႀကီးကိုလည္းပါဝင္႐ိုက္ကူးထားၿပီး ဒီဇာတ္ကားႀကီးမွာလည္း သုသုရဲ႕ သ႐ုပ္ေဆာင္မႈေတြကို ပရိတ္သတ္ေတြက သေဘာက်ႏွစ္သက္ေနၾကပါတယ္။

လတ္တေလာမွာလည္း သုသုဟာ ေနာက္ထပ္႐ုပ္ရွင္ဇာတ္ကားႀကီးေတြ႐ိုက္ကူးဖို႔အတြက္ကို ထပ္မံကမ္းလွမ္းခံခဲ့ရပါတယ္။ဒီလိုကမ္းလွမ္းခံခဲ့ရတာေၾကာင့္ သုသုတစ္ေယာက္က ေက်နပ္ပီတိျဖစ္ေနတဲ့အေၾကာင္းကို “ခ်စ္ေပးက်တဲ့ ပရိတ္သတ္ေၾကာင့္ ႐ုပ္႐ွင္ထပ္႐ိုက္ဖို႔ ကမ္းလွမ္းခံရပါတယ္။ ဒီေန႔ ေနာက္႐ုပ္ရွင္ကားအတြက္ စာခ်ဳပ္ ခ်ဳပ္လိုက္ပါတယ္။ မၾကာခင္ ပိတ္ကားေပၚ ထပ္ျမင္ရအုန္းမွာပါ”လို႕သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေနေဖာ္ျပထားတာပဲျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးေတြေရာ သုသုရဲ႕ သ႐ုပ္ေဆာင္မႈေတြကို ထပ္ျမင္ခ်င္ၾကလား။

Source ; Nyi Nyi Maung
Chilli – CeleGabar
ယူနီကုတ္ျဖင့္ဖတ္ရန္။

“ရုပ်ရှင်ဇာတ်ကားကြီးတွေ ထပ်မံရိုက်ကူးဖို့ ကမ်းလှမ်းခံခဲ့ရတဲ့ ညီညီမောင် (စမ်းချောင်း)”

“သုသု”လို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ဆိုကြတဲ့ ညီညီမောင်စမ်းချောင်းကတော့ မြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ မိတ်ကပ်ပညာရှင်တွေထဲမှာ တစ်ယောက်အနေနဲ့ အပါအဝင်ပဲဖြစ်ပါတယ်။မိတ်ကပ်ပညာနဲ့ပတ်သက်လာရင် အနုပညာရှင်တွေကပါ အားကိုးတကြီးနဲ့အားကိုးနေရတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ရိုးသားပွင့်လင်းပြီး ဟန်ဆောင်မှုကင်းတဲ့ သုသုဟာ ပျော်ရွှင်စရာ ဟာသဗီဒီယိုလေးတွေကို အပျော်သဘောအနေနဲ့ ရိုက်ကူးပြီး သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတင်လေ့ရှိပါသေးတယ်။

သုသုတစ်ယောက်အပျော်သဘောအနေနဲ့ ရိုက်ကူးတင်ဆက်တဲ့ ဗီဒီယိုလေးတွေကို ပရိသတ်တွေက သဘောကျနှစ်သက်ပြီး အပြည့်အဝအားပေးကြတာကြောင့် သုသုကနောက်ပိုင်းမှာ မကြာခဏဆိုသလို ဟာသဗီဒီယိုလေးတွေကို ပရိသတ်တွေအတွက်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။မကြာသေးမီကလည်း သုသုတစ်ယောက် “ကျားကျားကြိုက်ကြိုက်”ရုပ်ရှင်ဇာတ်ကားကြီးကိုလည်းပါဝင်ရိုက်ကူးထားပြီး ဒီဇာတ်ကားကြီးမှာလည်း သုသုရဲ့ သရုပ်ဆောင်မှုတွေကို ပရိတ်သတ်တွေက သဘောကျနှစ်သက်နေကြပါတယ်။

လတ်တလောမှာလည်း သုသုဟာ နောက်ထပ်ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးဖို့အတွက်ကို ထပ်မံကမ်းလှမ်းခံခဲ့ရပါတယ်။ဒီလိုကမ်းလှမ်းခံခဲ့ရတာကြောင့် သုသုတစ်ယောက်က ကျေနပ်ပီတိဖြစ်နေတဲ့အကြောင်းကို “ချစ်ပေးကျတဲ့ ပရိတ်သတ်ကြောင့် ရုပ်ရှင်ထပ်ရိုက်ဖို့ ကမ်းလှမ်းခံရပါတယ်။ ဒီနေ့ နောက်ရုပ်ရှင်ကားအတွက် စာချုပ် ချုပ်လိုက်ပါတယ်။ မကြာခင် ပိတ်ကားပေါ် ထပ်မြင်ရအုန်းမှာပါ”လို့သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးတွေရော သုသုရဲ့ သရုပ်ဆောင်မှုတွေကို ထပ်မြင်ချင်ကြလား။

Source ; Nyi Nyi Maung
Chilli – CeleGabar

error: Content is protected !!