” သိန္းခ်ီတန္တဲ့ နာမည္ႀကီးတံဆိပ္ကို ေပါ့ပါးတဲ့ ညဝတ္အက်ႌလို႕ ဆိုလာတဲ့ ခ်ီခ်ီ “

ေနျခည္ဦးကေတာ့ မိတ္ကပ္Blogger တစ္ေယာက္ျဖစ္ၿပီး သ႐ုပ္ေဆာင္ဘက္ကို ကူးေျပာင္းလာတဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။ Blogger တစ္ေယာက္ျဖစ္ေနစဥ္တည္းက အားေပးတဲ့ အမာခံပရိသတ္ေတြ အခိုင္အမာရရွိထားၿပီး သ႐ုပ္ေဆာင္ဘက္ကို ထပ္မံ အားစိုက္ေတာ့လည္း ပရိသတ္ေတြက ပိုမိုလက္ခံလာၿပီး သူမရဲ႕ ပထမဆုံး႐ုပ္ရွင္ကားျဖစ္တဲ့ ” ရန္သူ” ႐ုပ္ရွင္ကားကို ပရိသတ္ေတြ တခဲနက္အားေပးခဲ့ၾကတာပဲ ျဖစ္ပါတယ္။ေနာက္ထပ္တစ္ကားျဖစ္တဲ့ “ဧည့္သည္” ႐ုပ္ရွင္ဇာတ္ကားမွာလည္း ပရိသတ္ေတြ အားေပးခ်ီးက်ဴးျခင္းခံခဲ့ရတာပဲ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္သစ္တစ္ေယာက္ျဖစ္ေပမယ့္ ဝါရင့္သဘာရင့္ သ႐ုပ္ေဆာင္ေတြနဲ႔ တြဲဖက္သ႐ုပ္ေဆာင္တာေတာင္ ပရိသတ္အျမင္မွာ သ႐ုပ္ေဆာင္သစ္တစ္ေယာက္လို ျဖစ္မေနတဲ့ ခ်ီခ်ီရဲ႕ အႏုပညာပါရမီကေတာ့ အံ့မခန္းပါပဲေနာ္။ရသသစ္တစ္မ်ိဳးျဖစ္တဲ့ “ပုရိသ” ႐ုပ္ရွင္ဇာတ္ကားႀကီးကို သူမရဲ႕ ပရိသတ္ေတြက အထူးအားေပးခဲ့ၾကတာပဲ ျဖစ္ပါတယ္။သူမရဲ႕အခ်စ္ေရးကေတာ့ ခ်စ္သူေကာင္ေလးနဲ႔ (၂)ႏွစ္ၾကာလက္တြဲၿပီးေနာက္ ႏွစ္ဦးသေဘာတူ လမ္းခြဲခဲ့တာ မၾကာေသးပါဘူးေနာ္။ပရိသတ္ေတြကလည္း အလြန္အားက်ခဲ့ရတဲ့ သူမတို႔စုံတြဲေလးအတြက္ စိတ္မေကာင္းျဖစ္ေနၾကတာလို႔ ဆိုရမွာပါေနာ္။

ေနျခည္ဦးကေတာ့ L’Oreal က က်င္းပတဲ့ Paris Fashion Week ကို Make Me Beautiful Winner ျဖစ္တဲ့ ဘုန္းျငိမ္းခ်မ္းနဲ႔ အတူ ဖိတ္ၾကားျခင္းခံရတာပဲ ျဖစ္ပါတယ္။ ေနျခည္ဦးကေတာ့ ပထမအၾကိမ္မွာ နာမည္ၾကီးမင္းသမီး၀တ္မွႈန္ေရႊရည္၊မိတ္ကပ္ပညာရွင္ We Wee တို ႔နဲ႔အတူတက္ေရာက္ခဲ့ၿပီး ခုတစ္ခါကေတာ့ ဒုတိယအၾကိမ္ဖိတ္္ၾကားျခင္းခံလိုက္တာျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ေနျခည္ဦးရဲ႕ ” ၁၃ နာရီ flight ဆိုေတာ့ မေပါ့မပါး မျဖစ္ေအာင္ ညဝတ္အက်ႌေလးနဲ႕ဘဲ ျဖစ္သလို စီးလိုက္မယ္။” ဆိုတဲ့ Post ေလးေၾကာင့္ ပရိသတ္ေတြအေျပာမ်ားေနတာပဲ ျဖစ္ပါတယ္။ အေၾကာင္းအရာကေတာ့ သိန္းခ်ီတန္တဲ့ LV တံဆိပ္ ဝမ္းဆက္ေလးပဲ ျဖစ္ပါတယ္။ေတာ္ရုံလူေတြ မဝတ္ႏုိင္တဲ့တံဆိပ္ကို ညအိပ္အက်ႌလို႕ သံုးႏႈန္းလိုက္တာေၾကာင့္ ေဝဖန္မႈေတြလည္း ျမင့္တက္ေနတာပဲ ျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးလည္း ခ်ီခ်ီရဲ႕ ညဝတ္အက်ႌဖက္ရွင္ေလးကိုၾကည့္ၿပီး မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source :Nay Chi Oo
Shwe Poe -CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” သိန်းချီတန်တဲ့ နာမည်ကြီးတံဆိပ်ကို ပေါ့ပါးတဲ့ ညဝတ်အင်္ကျီလို့ ဆိုလာတဲ့ ချီချီ ”

နေခြည်ဦးကတော့ မိတ်ကပ်Blogger တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ Blogger တစ်ယောက်ဖြစ်နေစဉ်တည်းက အားပေးတဲ့ အမာခံပရိသတ်တွေ အခိုင်အမာရရှိထားပြီး သရုပ်ဆောင်ဘက်ကို ထပ်မံ အားစိုက်တော့လည်း ပရိသတ်တွေက ပိုမိုလက်ခံလာပြီး သူမရဲ့ ပထမဆုံးရုပ်ရှင်ကားဖြစ်တဲ့ ” ရန်သူ” ရုပ်ရှင်ကားကို ပရိသတ်တွေ တခဲနက်အားပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။နောက်ထပ်တစ်ကားဖြစ်တဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားမှာလည်း ပရိသတ်တွေ အားပေးချီးကျူးခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်သစ်တစ်ယောက်ဖြစ်ပေမယ့် ဝါရင့်သဘာရင့် သရုပ်ဆောင်တွေနဲ့ တွဲဖက်သရုပ်ဆောင်တာတောင် ပရိသတ်အမြင်မှာ သရုပ်ဆောင်သစ်တစ်ယောက်လို ဖြစ်မနေတဲ့ ချီချီရဲ့ အနုပညာပါရမီကတော့ အံ့မခန်းပါပဲနော်။ရသသစ်တစ်မျိုးဖြစ်တဲ့ “ပုရိသ” ရုပ်ရှင်ဇာတ်ကားကြီးကို သူမရဲ့ ပရိသတ်တွေက အထူးအားပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။သူမရဲ့အချစ်ရေးကတော့ ချစ်သူကောင်လေးနဲ့ (၂)နှစ်ကြာလက်တွဲပြီးနောက် နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာ မကြာသေးပါဘူးနော်။ပရိသတ်တွေကလည်း အလွန်အားကျခဲ့ရတဲ့ သူမတို့စုံတွဲလေးအတွက် စိတ်မကောင်းဖြစ်နေကြတာလို့ ဆိုရမှာပါနော်။

နေခြည်ဦးကတော့ L’Oreal က ကျင်းပတဲ့ Paris Fashion Week ကို Make Me Beautiful Winner ဖြစ်တဲ့ ဘုန်းငြိမ်းချမ်းနဲ့ အတူ ဖိတ်ကြားခြင်းခံရတာပဲ ဖြစ်ပါတယ်။ နေခြည်ဦးကတော့ ပထမအကြိမ်မှာ နာမည်ကြီးမင်းသမီးဝတ်မှှုန်ရွှေရည်၊မိတ်ကပ်ပညာရှင် We Wee တို့နဲ့အတူတက်ရောက်ခဲ့ပြီး ခုတစ်ခါကတော့ ဒုတိယအကြိမ်ဖိတ်ကြားခြင်းခံလိုက်တာဖြစ်ပါတယ်။ လတ်တလောမှာတော့ နေခြည်ဦးရဲ့ ” ၁၃ နာရီ flight ဆိုတော့ မပေါ့မပါး မဖြစ်အောင် ညဝတ်အင်္ကျီလေးနဲ့ဘဲ ဖြစ်သလို စီးလိုက်မယ်။” ဆိုတဲ့ Post လေးကြောင့် ပရိသတ်တွေအပြောများနေတာပဲ ဖြစ်ပါတယ်။ အကြောင်းအရာကတော့ သိန်းချီတန်တဲ့ LV တံဆိပ် ဝမ်းဆက်လေးပဲ ဖြစ်ပါတယ်။တော်ရုံလူတွေ မဝတ်နိုင်တဲ့တံဆိပ်ကို ညအိပ်အင်္ကျီလို့ သုံးနှုန်းလိုက်တာကြောင့် ဝေဖန်မှုတွေလည်း မြင့်တက်နေတာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း ချီချီရဲ့ ညဝတ်အင်္ကျီဖက်ရှင်လေးကိုကြည့်ပြီး မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source :Nay Chi Oo
Shwe Poe -CeleGabar

error: Content is protected !!