“မိသားစုရဲ႕ နာမည္ေလးေတြနဲ႕ အမွတ္တရေန႕ရက္ေတြကို ခႏၶာကိုယ္​ေပၚမွာတက္တူးထိုးထားတယ္ဆိုတဲ့ ခင္လႈိင္တို႕ဇနီးေမာင္နွံ”

က်ရာကာရိုက္တာေတြကို ပီပီျပင္ျပင္နဲ႕ သရုပ္ေဆာင္နိုင္သူတစ္ေယာက္ျဖစ္တဲ့ ခင္လႈိင္ကေတာ့ အနုပညာေလာကမွာ ေအာင္ျမင္ေနတဲ့ ဟာသသရုပ္ေဆာင္၊ဇာတ္ပို႕ဇာတ္ရံတစ္ေယာက္ပဲျဖစ္ပါတယ္။ သရုပ္ေဆာင္အလုပ္ေတြသာမက ဒါရိုက္တာတစ္ေယာက္အေနနဲ႕လည္း ရုပ္ရွင္ဇာတ္ကားေတြကိုလည္း ရိုက္ကူးေနတာျဖစ္ျပီး လက္ရွိမွာေတာ့ သူ႕ရဲ႕ ဒုတိယေျမာက္ ရုပ္ရွင္ဇာတ္ကားတစ္ကားျဖစ္တဲ့ “ခ်ိဳးရုပ္”ရုပ္ရွင္ဇာတ္ကားကို ရံုတင္ျပခြင့္ရရွိခဲ့ျပီးျပီလို႕သိရပါတယ္။ အဆိုပါရုပ္ရွင္ဇာတ္ကားမွာေတာ့ သားျဖစ္သူေနရဲကလည္း ရုပ္ရွင္ဇာတ္၀င္ေတးကို ပါ၀င္သီဆိုထားတယ္လို႕သိရပါတယ္။

ခင္လႈိင္ကေတာ့ တက္တူးထုိးတာကို ငယ္ရြယ္စဥ္အခ်ိန္တည္းက ၀ါသနာပါခဲ့သူတစ္ေယာက္ျဖစ္ျပီး မိဘေတြရဲ႕ လက္မခံတာေၾကာင့္ မထိုးခဲ့ရဘူးလို႕သိရပါတယ္။ မိဘေတြကြယ္လြန္ျပီးေနာက္ပိုင္း ၀ါသနာကိုမစြန့္လႊတ္နိုင္တာေၾကာင့္ ခႏၶာကိုယ္​ေပၚမွာ တက္တူးေတြကို ထိုးခဲ့ပါေသးတယ္။လက္ထပ္ျပီး ေနာက္ပိုင္းမွာေတာ့ မိသားစုအတြက္ တန္ဖိုးရွိတဲ့ ေန႕ရက္ေန႕ေလးေတြနဲ႕ အမွတ္တရေတြကိုပဲေရးေလ့ရွိတယ္လို႕ ေျပာျပခဲ့ပါတယ္။လက္ရွိမွာလည္း သားျဖစ္သူရဲ႕ ေမြးေန႕ကို ခင္လႈိင္တို႕ဇနီးေမာင္နွံနွစ္ေယာက္စလံုးက အမွတ္အသားတစ္ခုအေနနဲ႕ လက္ေမာင္းမွာတက္တူးထုိးထားခဲ့တာျဖစ္ပါတယ္။ ယခုလိုအမွတ္တရျဖစ္ေစမယ့္ တက္တူးေလးကိုေတာ့ ခင္လႈိင္ေရးသားထားတာေၾကာင့္ အမ်ိဳးသမီးနဲ႕ သားျဖစ္သူကပါမိသားစုနာမည္ေလးေတြကို ေရးထိုးလာၾကတယ္လို႕သိရပါတယ္။

ေနာက္ထပ္လည္း သားေတြ၊ေျမးေတြ၊သမက္ရဲ႕ ေမြးေန႕ေတြကိုလည္း ခႏၶာကိုယ္​ေပၚမွာ အမွတ္အသားတစ္ခုအေနနဲ႕ တက္တူးထိုးသြားမယ္လို႕ ခင္လႈိင္တို႕ ဇနီးေမာင္နွံက ေျပာျပခဲ့ပါတယ္။သားျဖစ္သူ ေနရဲကလည္း နံရိုးမွာ မိသားစုနာမည္ကိုေရးသားထားတယ္လို႕ မိခင္ျဖစ္သူကေျပာျပခဲ့ပါတယ္။ ခင္လႈိင္တို႕ ဇနီးေမာင္နွံကေတာ့ သားသမီးေတြအေပၚမွာ ဂိုက္လိုင္းခ်မေပးဘဲ သူတို႕သြားလိုရာ လမ္းကိုသာ ပံ့ပိုးေပးခဲ့တယ္လို႕သိရပါတယ္။ ခင္လႈိင္တို႕မိသားစုေလးကေတာ့ တျခားမိသားစုေလးေတြနဲ႕မတူေအာင္ မိသားစုအမွတ္တရေလးေတြကို ဖန္တီးေနၾကတာျဖစ္ပါတယ္။ ဆယ္လီကမၻာပရိသတ္ႀကီးေရ မိသားစုရဲ႕ နာမည္ေလးေတြနဲ႕ အမွတ္တရေန႕ရက္ေတြကို ခႏၶာကိုယ္​ေပၚမွာတက္တူးထိုးကာ အမွတ္တရေတြဖန္တီးေနတဲ့ ခင္လႈိင္တို႕မိသားစုအတြက္ မွတ္ခ်က္ေလး ေျပာျပခဲ့ပါဦး……။


Source: Exclusive on CeleGabar
ခ်စ္သဲေမ @ CeleGabar

ယူနီကုတ္ျဖင့္ဖတ္ရန္

“မိသားစုရဲ့ နာမည်လေးတွေနဲ့ အမှတ်တရနေ့ရက်တွေကို ခန္ဓာကိုယ်ပေါ်မှာတက်တူးထိုးထားတယ်ဆိုတဲ့ ခင်လှိုင်တို့ဇနီးမောင်နှံ”

ကျရာကာရိုက်တာတွေကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်တဲ့ ခင်လှိုင်ကတော့ အနုပညာလောကမှာ အောင်မြင်နေတဲ့ ဟာသသရုပ်ဆောင်၊ဇာတ်ပို့ဇာတ်ရံတစ်ယောက်ပဲဖြစ်ပါတယ်။ သရုပ်ဆောင်အလုပ်တွေသာမက ဒါရိုက်တာတစ်ယောက်အနေနဲ့လည်း ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ရိုက်ကူးနေတာဖြစ်ပြီး လက်ရှိမှာတော့ သူ့ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ “ချိုးရုပ်”ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြခွင့်ရရှိခဲ့ပြီးပြီလို့သိရပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်ကားမှာတော့ သားဖြစ်သူနေရဲကလည်း ရုပ်ရှင်ဇာတ်ဝင်တေးကို ပါဝင်သီဆိုထားတယ်လို့သိရပါတယ်။

ခင်လှိုင်ကတော့ တက်တူးထိုးတာကို ငယ်ရွယ်စဉ်အချိန်တည်းက ဝါသနာပါခဲ့သူတစ်ယောက်ဖြစ်ပြီး မိဘတွေရဲ့ လက်မခံတာကြောင့် မထိုးခဲ့ရဘူးလို့သိရပါတယ်။ မိဘတွေကွယ်လွန်ပြီးနောက်ပိုင်း ဝါသနာကိုမစွန့်လွှတ်နိုင်တာကြောင့် ခန္ဓာကိုယ်ပေါ်မှာ တက်တူးတွေကို ထိုးခဲ့ပါသေးတယ်။လက်ထပ်ပြီး နောက်ပိုင်းမှာတော့ မိသားစုအတွက် တန်ဖိုးရှိတဲ့ နေ့ရက်နေ့လေးတွေနဲ့ အမှတ်တရတွေကိုပဲရေးလေ့ရှိတယ်လို့ ပြောပြခဲ့ပါတယ်။လက်ရှိမှာလည်း သားဖြစ်သူရဲ့ မွေးနေ့ကို ခင်လှိုင်တို့ဇနီးမောင်နှံနှစ်ယောက်စလုံးက အမှတ်အသားတစ်ခုအနေနဲ့ လက်မောင်းမှာတက်တူးထိုးထားခဲ့တာဖြစ်ပါတယ်။ ယခုလိုအမှတ်တရဖြစ်စေမယ့် တက်တူးလေးကိုတော့ ခင်လှိုင်ရေးသားထားတာကြောင့် အမျိုးသမီးနဲ့ သားဖြစ်သူကပါမိသားစုနာမည်လေးတွေကို ရေးထိုးလာကြတယ်လို့သိရပါတယ်။

နောက်ထပ်လည်း သားတွေ၊မြေးတွေ၊သမက်ရဲ့ မွေးနေ့တွေကိုလည်း ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသားတစ်ခုအနေနဲ့ တက်တူးထိုးသွားမယ်လို့ ခင်လှိုင်တို့ ဇနီးမောင်နှံက ပြောပြခဲ့ပါတယ်။သားဖြစ်သူ နေရဲကလည်း နံရိုးမှာ မိသားစုနာမည်ကိုရေးသားထားတယ်လို့ မိခင်ဖြစ်သူကပြောပြခဲ့ပါတယ်။ ခင်လှိုင်တို့ ဇနီးမောင်နှံကတော့ သားသမီးတွေအပေါ်မှာ ဂိုက်လိုင်းချမပေးဘဲ သူတို့သွားလိုရာ လမ်းကိုသာ ပံ့ပိုးပေးခဲ့တယ်လို့သိရပါတယ်။ ခင်လှိုင်တို့မိသားစုလေးကတော့ တခြားမိသားစုလေးတွေနဲ့မတူအောင် မိသားစုအမှတ်တရလေးတွေကို ဖန်တီးနေကြတာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ မိသားစုရဲ့ နာမည်လေးတွေနဲ့ အမှတ်တရနေ့ရက်တွေကို ခန္ဓာကိုယ်ပေါ်မှာတက်တူးထိုးကာ အမှတ်တရတွေဖန်တီးနေတဲ့ ခင်လှိုင်တို့မိသားစုအတွက် မှတ်ချက်လေး ပြောပြခဲ့ပါဦး……။
Source: Exclusive on CeleGabar
ချစ်သဲမေ @ CeleGabar

error: Content is protected !!