



Chilli – CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။

“အမြည်းလေးနဲ့တင် ပရိသတ်တွေ အကြိုက်တွေ့နေတဲ့ ရွှေမှုံရဲ့ သီချင်းအသစ်လေး”

အနုပညာရှင်အချင်ချင်း လက်တွဲထားပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ထောင်ထားနိုင်တဲ့ ချစ်စရာစုံတွဲလေးတွေထဲမှာ ရွှေထူးနဲ့ ရွှေမှုံတို့စုံတွဲကလည်းတစ်တွဲအနေနဲ့ အပါအဝင်ပဲဖြစ်ပါတယ်။ရွှေထူးဟာ အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိနေတဲ့ သူတစ်ယောက်ဖြစ်သလို ရွှေမှုံရတီကလည်း မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်အေနေနဲ့ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားပါတယ်။ဒီလို အနုပညာလမ်းကြောင်မှာ အောင်မြင်မှုတွေအသီးသီးရရှိထားတဲ့ ရွှေမှုံနဲ့ ရွှေထူးတို့ဟာ (၂၀၁၈)ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့က မင်္ဂလာပွဲလေးကိုကျင်းပခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေအားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ စုံတွဲလေးတစ်တွဲဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံတို့ စုံတွဲလေးဟာလက်ရှိမှာဆိုရင် အိမ်ထောင်သည်ဘဝကိုဖြတ်သန်းလာတာဟာ (၁)နှစ်နီးပါးပြည့်မြောက်ခါနီးပြီလည်းဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ ရွှေထူးကလည်း သရုပ်ဆောင်တစ်ယောက်အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေအထိကို ပါဝင်ရိုက်ကူးနေပြီး ရွှေမှုံရတီကလည်း ချစ်ခင်ပွန်းရွှေထူးရေးပေးတဲ့ သီချင်းလေးတွေကို သီဆိုပြီး အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေအားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားပါသေးတယ်။

ခင်ပွန်းဖြစ်သူ ရွှေထူးရေးစပ်ပေးတဲ့ “အမှား”၊”ချစ်တယ်” သီချင်းလေးတွေဟာလည်း ပရိသတ်တွေရဲ့ သဘောကျနှစ်သက်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ သီချင်းလေးတွေပဲဖြစ်ပါတယ်။လတ်တလောမှာလည်း သူမရဲ့ တတိယမြောက်သီချင်းလေးဖြစ်တဲ့ မိုးရာသီအလွမ်းသီချင်းအသစ်လေးတစ်ပုဒ် ထပ်မံထွက်ရှိလာတော့မှာဖြစ်ပြီး ဒီသီချင်းလေးကို ရွှေမှုံရတီက ပရိသတ်တွေအတွက် အမြည်းအနေနဲ့ Liveလွှင့်ပြီး သီဆိုပြသခဲ့တာပဲဖြစ်ပါတယ်။ ဒီလို သီဆိုပြသခဲ့တဲ့ အချိန်မှာပဲ သီချင်းလေးက ပရိသတ်တွေရဲ့ သဘောကျနှစ်သက်မှုကို ထပ်မံရရှိခဲ့ပြီး ပရိသတ်တွေက သီချင်းလေးထွက်လာမဲ့ အချိန်လေးကို စောင့်မျှော်နေကြတာပဲဖြစ်ပါတယ်။ကဲ… ရွှေမှုံ ရဲ့ သီဆိုပြထားတဲ့ သီချင်းရဲ့ ဗီဒီယိုလေးကို CeleGabarပရိသတ်ကြီးတွေ နားဆင်လို့ရအောင် မျှဝေပေးလိုက်ပါတယ်။

Source ; Shwe Mhone Yati, Kyi Nue San
Chilli – CeleGabar

error: Content is protected !!