




Source:koreaboo
Sweet – CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

BTS အဖွဲ့ဝင်တွေနေထိုင်ရာ တောင်ကိုရီးယားနိုင်ငံရဲ့ဈေးအကြီးဆုံးနေရာမှာရှိတဲ့ ခမ်းနားတဲ့ဇိမ်ခံအိမ်ကြီး
BTS အဖွဲ့ကတော့ လက်ရှိအချိန်မှာတောင်ကိုရီးယားနိုင်ငံရဲ့ အအောင်မြင်ဆုံးအဖွဲ့တစ်ခုလို့ တောင်ဆိုရမှာပါ။နိုင်ငံတကာပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားသလို တက်သစ်စလူငယ်တွေရဲ့စံထားခြင်းကိုခံရတဲ့အဖွဲ့တစ်ခုပါပဲ။လျှမ်းလျှမ်းတောက်မြင်နေတဲ့ BTS အဖွဲ့ရဲ့နေအိမ်ကတော့တကယ့်ကိုတန်ဖိုးကြီးပြီးခမ်းနားတဲ့ဇိမ်ခံအိမ်ကြီးဖြစ်ပါတယ်။


BTS အဖွဲ့ဝင်တွေကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ဈေးအကြီးဆုံးနေရာလို့ဆိုရမယ့် ဆိုလ်းမြို့မှာရှိတဲ့ Hannam The Hill ဆိုတဲ့ အိမ်ရာမှာနေထိုင်တာပါ။ဒီအိမ်ရာမှာဆိုရင် ထိပ်တန်းအနုပညာရှင်တွေဖြစ်တဲ့ PSY ၊Ahn Sung Ki ၊Lee Seung Chul ၊Han Hyo Joo ၊Choo Ja Hyun နဲ့ Park Hyo Shin တို့လည်းနေထိုင်ပါသေးတယ်။ဒီနေအိမ်တွေမှာတော့ BTS အဖွဲ့ဟာ ငှားရမ်းခတစ်လကို ကန်ဒေါ်လာ (၁၄,၀၀၀ကနေ ၁၈,၀၀၀) မြန်မာငွေ သိန်းပေါင်း (၂၀၀ ကျော်ကနေ ၃၀၀ ) ပေးပြီးတော့နေထိုင်တာပါ။


ဒီအိမ်ရာမှာဆိုရင် ဂေါဖ့်ကွင်း၊ရေကူးကန်၊အားကစားလုပ်ဖို့နေရာတွေအပြင် ကဖေးတွေ စာလေ့လာဖို့အခန်းတွေနဲ့ဧည့်သည်တွေနားခိုနိုင်ဖို့အတွက်ပါ နေရာထိုင်ခင်းတွေရှိတာဖြစ်ပါတယ်။ ကျယ်ပြန့်ပြီးခမ်းနားလှတဲ့ဒီနေအိမ်ဟာသာမန်လူတွေအတွက်တော့ မမျှော်မှန်းရဲပေမဲ့  ဂီတလောကရဲ့ရွှေမင်းသားလေးတွေဖြစ်တဲ့ BTS အတွက်တော့ တကယ့်ကိုသင့်တော်တဲ့ နေအိမ်တစ်ခုဖြစ်နေတာပါ။

Source:koreaboo
Sweet – CeleGabar

error: Content is protected !!