” ညီမလေးတွေကို လာတင်တောင်းဖို့ ၀တ်စုံတောင်ချုပ်ပြီးနေပြီဆိုတဲ့ ရှိန်းတင်ထူး “




Source: Sheintin Htoo -ရှိန်းတင်ထူး
DarDar-CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

” လာတင်တောင်းဖို့ ဝတ်စုံတောင်ချုပ်ပြီးနေပြီဆိုတဲ့ ရှိန်းတင်ထူး ”

(၂၀၁၆)ခုနစ်က အကယ်ဒမီရွှေကြို တစ်ယောက်ဖြစ်ခဲ့ပြီး “tik Tok” Video လေးတွေနဲ့ စတင် လူသိများလာခဲ့သူ အပြုံးချိုချို ပိုင်ရှင် လူချောလေး ရှိန်းတင့်ထူးကတော့ လက်ရှိမှာ မော်ဒယ်လ်တစ်ယောက် ၊ မျက်နာသစ် မင်းသားတစ်ယောက် အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ဆောင်နေသူလည်းဖြစ်ပါတယ်။ရှိန်း လို့ ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်ဆိုကြပြီး လက်ရှိမှာ မျက်နာသစ် သရုပ်ဆောင်သစ်တစ်ယောက်အနေနဲ့ “သူစိမ်းအိမ်” ရုပ်ရှင် ဇာတ်ကားကြီးမှာ ဝါရင့် အကယ်ဒမီဆုရ သရုပ်ဆောင်တွေဖြစ်တဲ့ လွင်မိုး ၊ ထွန်းအိန္ဒြာဗိုလ် ၊ ဖွေးဖွေးတို့ နဲ့ အတူ တွဲဖက်သရုပ်ဆောင်ဖို့ အခွင့်အရေး ရရှိခဲ့ပါတယ်

ရှိန်းတင်ထူးကတော့ ” သူစိမ်းအိမ် ” ရုပ်ရှင်ဇာတ်ကားကြီး မှာ ရှိန်း ဆိုတဲ့ ဇာတ်ကောင်နဲ့ ပါဝင်သရုပ်ဆောင်ထားပြီး နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ် ဝန်းရံခြင်းခံနေရသူလည်းဖြစ်ပါတယ်။သူကတော့ (၂၀၁၆) ခုနှစ်မှာ ဒါရိုက်တာ ထူးပိုင်ဇော်ဦး မှ သရုပ်ဆောင်သစ် ခေါ်ယူမှုမှာ ပါဝင်ခဲ့ပြီး သရုပ်ဆောင်တစ်ဦးအနေဖြင့် အနုပညာလောကထဲကို ဝင်ရောက်လာသူလည်းဖြစ်ပါတယ်။” သူစိမ်းအိမ် ” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ တတ်သစ် သရုပ်ဆောင် တစ်ဦးလို့ မထင်ရလောက်အောင် ဝါရင့်အနုပညာရှင်များနဲ့ အပြိုင် အကောင်းဆုံးသရုပ်ဆောင်ထားပါသေးတယ်။

တက္ကသိုလ်စာမေးပွဲများ စတင်နေပြီဖြစ်တာကြောင့် ချစ်ရတဲ့ပရိသတ်တွေအတွက် ရည်ရွယ်ပြီး အနုပညာရှင်တော်တော်များများ က Motivate ပေးနေကြတာဖြစ်ပြီး ရှိန်းတင်ထူးကတော့ “ဘာ moti မှ မရဖူး ကိုယ့်စာကိုယ်ကျက် ကျောင်းပြီးရင် “ကို” လာတင်တောင်းမယ် ဒါပဲ” လို့ သူရဲ့လူမှုကွန်ရက် စာမျက်နာမှ ချစ်ပရိသတ်တွေကို စာကျက်ဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ လက်ရှိမှာတော့ စာမေးပွဲကာလကြီးအဆုံးသတ်တော့မှာမို့ လာတင်တောင်းတော့မည့်အကြောင်းကို ” ညီမလေး ဖြေနိင် ၊ မဖြေနိုင်တော့မသိဖူး။ ကိုကို ပွဲတက်ဝတ်စုံ ချုပ်ထားလိုက်ပြီ ” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နာမှာ ဖော်ပြထားပါတယ်။ CeleGabar ပရိသတ်ကြီးရေ ရှိန်းတင်ထူး ကတော့ လာတင်တောင်းဖို့ ဝတ်စုံတောင်ချုပ်ပြီးနေပြီဆိုကာ ချစ်ပရိသတ်တွေကို ချုပ်နေပါပြီနော်။

error: Content is protected !!