” Followers (၇)သိန္းေက်ာ္ရွိၿပီး ေဖ့ဘြတ္ခ္အသိအမွတ္ျပဳ Blue Mark ေလးရရွိသြားတဲ့ ေဒါင္း “

ေဒါင္းကေတာ့ ” ပုဂံၿမိဳ႕သူ ” ဇာတ္လမ္းတြဲ မွာ ေမာင္ေမာင္ႀကီး ကာ႐ိုက္တာနဲ႔ ပရိသတ္ေတြရင္ထဲေရာက္ခဲ့သူပဲ ျဖစ္ၿပီး ” Star Awards Best Tv Series Actor ” ဆုကို ပုဂံၿမိဳ႕သူဇာတ္ကားနဲ႔ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ ေဒါင္းကိုဆိုမေႂကြတဲ့ မိန္းကေလးေတြမရွိသေလာက္ပါပဲေနာ္။ဒါင္းရဲ႕ ေနာက္မွာ အားေပးတဲ့ အမာခံမိန္းကေလးပရိသတ္ေတြ အမ်ားႀကီးရွိပါတယ္။ ေဒါင္းရဲ႕ ညႇိဳ႕အားျပင္းတဲ့မ်က္ဝန္းတစ္စုံနဲ႔ သူ႔ရဲ႕ တည္ၿငိမ္ေအးေဆးတဲ့ အၿပဳံး ေယာက်ာ္းပီသတဲ့ ပုံစံေၾကာင့္ ႏႈတ္ခမ္းနီမေလးေတြ ေႂကြေလာက္စရာ ျဖစ္ေနတာပါ။

အခုဆို႐ုပ္ရွင္ကားႀကီးေတြပါ ႐ိုက္ၿပီး ပရိသတ္အားေပးမႈအျပည့္အဝရထားသူပဲ ျဖစ္ပါတယ္။ တက္သစ္စျဖစ္ေပမယ့္အမ်ိဳးသမီးပရိသတ္ေတြ အမ်ားဆုံးအားေပးဝန္းရံခံရတဲ့သူပဲ ျဖစ္ၿပီး သ႐ုပ္ေဆာင္ခ်က္ေတြပီျပင္မႈေၾကာင့္ အခ်ိန္တိုတိုနဲ႔ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚ ေရာက္ရွိခဲ့တဲ့သူလို႔ဆိုႏိုင္ပါတယ္။အႏုပညာအလုပ္ေတြမလုပ္ခင္က “Southern Myanmar FC ” ေဘာလုံးအသင္းရဲ႕ ကစားသမားတစ္ဦးပဲ ျဖစ္ၿပီး အသင္းရဲ႕ တိုက္စစ္မႉး၊ ဂိုးေပါက္ကိုေဘာလုံးအေရာက္ထည့္ရတဲ့ေရွ႕တန္းတိုက္စစ္မႈး ေနရာကေန ကစားခဲ့တဲ့ ကစားသမားေဟာင္းတစ္ဦးပဲ ျဖစ္ပါတယ္။

မၾကာေသးမီကလည္း အႏုပညာရွင္မ်ားစြာပါဝင္တင္ဆက္တဲ့ ေရေဘးသင့္ရန္ပုံေငြ ေဘာလုံးပြဲမွာ ေဒါင္းလဲပါဝင္ခဲ့ပါတယ္။ လတ္တေလာမွာ လည္း ရန္ကုန္မွာ က်င္းပေနတဲ့ ” European Film Festival ” ပြဲကို တက္ေရာက္ခဲ့တာပဲ ျဖစ္ပါတယ္။လက္ရွိမွာေတာ့ Followers (၇)သိန္းေက်ာ္ရွိေနတဲ့ ေဒါင္းရဲ႕ Page ေလးကေတာ့ ေဖ့ဘြတ္ခ္ အသိအမွတ္ျပဳ Blue Markေလးရရွိခဲ့ၿပီပဲ ျဖစ္ပါတယ္။(၂၀၁၃)ထဲက ဒီ Page တစ္ခုတည္းကိုပဲ အသံုးျပဳလာခဲ့သူပဲ ျဖစ္ပါတယ္။ CeleGabar ပရိသတ္ႀကီးလည္း ေဒါင္းအတြက္ ဂုဏ္ျပဳစကားေလးေျပာခဲ့ပါဦးေနာ္။

Source :Daung – ေဒါင္း
Shwe Poe – CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” Followers (၇)သိန်းကျော်ရှိပြီး ဖေ့ဘွတ်ခ်အသိအမှတ်ပြု Blue Mark လေးရရှိသွားတဲ့ ဒေါင်း ”

ဒေါင်းကတော့ ” ပုဂံမြို့သူ ” ဇာတ်လမ်းတွဲ မှာ မောင်မောင်ကြီး ကာရိုက်တာနဲ့ ပရိသတ်တွေရင်ထဲရောက်ခဲ့သူပဲ ဖြစ်ပြီး ” Star Awards Best Tv Series Actor ” ဆုကို ပုဂံမြို့သူဇာတ်ကားနဲ့ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒေါင်းကိုဆိုမကြွေတဲ့ မိန်းကလေးတွေမရှိသလောက်ပါပဲနော်။ဒါင်းရဲ့ နောက်မှာ အားပေးတဲ့ အမာခံမိန်းကလေးပရိသတ်တွေ အများကြီးရှိပါတယ်။ ဒေါင်းရဲ့ ညှို့အားပြင်းတဲ့မျက်ဝန်းတစ်စုံနဲ့ သူ့ရဲ့ တည်ငြိမ်အေးဆေးတဲ့ အပြုံး ယောကျာ်းပီသတဲ့ ပုံစံကြောင့် နှုတ်ခမ်းနီမလေးတွေ ကြွေလောက်စရာ ဖြစ်နေတာပါ။

အခုဆိုရုပ်ရှင်ကားကြီးတွေပါ ရိုက်ပြီး ပရိသတ်အားပေးမှုအပြည့်အဝရထားသူပဲ ဖြစ်ပါတယ်။ တက်သစ်စဖြစ်ပေမယ့်အမျိုးသမီးပရိသတ်တွေ အများဆုံးအားပေးဝန်းရံခံရတဲ့သူပဲ ဖြစ်ပြီး သရုပ်ဆောင်ချက်တွေပီပြင်မှုကြောင့် အချိန်တိုတိုနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိခဲ့တဲ့သူလို့ဆိုနိုင်ပါတယ်။အနုပညာအလုပ်တွေမလုပ်ခင်က “Southern Myanmar FC ” ဘောလုံးအသင်းရဲ့ ကစားသမားတစ်ဦးပဲ ဖြစ်ပြီး အသင်းရဲ့ တိုက်စစ်မှူး၊ ဂိုးပေါက်ကိုဘောလုံးအရောက်ထည့်ရတဲ့ရှေ့တန်းတိုက်စစ်မှုး နေရာကနေ ကစားခဲ့တဲ့ ကစားသမားဟောင်းတစ်ဦးပဲ ဖြစ်ပါတယ်။

မကြာသေးမီကလည်း အနုပညာရှင်များစွာပါဝင်တင်ဆက်တဲ့ ရေဘေးသင့်ရန်ပုံငွေ ဘောလုံးပွဲမှာ ဒေါင်းလဲပါဝင်ခဲ့ပါတယ်။ လတ်တလောမှာ လည်း ရန်ကုန်မှာ ကျင်းပနေတဲ့ ” European Film Festival ” ပွဲကို တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။လက်ရှိမှာတော့ Followers (၇)သိန်းကျော်ရှိနေတဲ့ ဒေါင်းရဲ့ Page လေးကတော့ ဖေ့ဘွတ်ခ် အသိအမှတ်ပြု Blue Markလေးရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။(၂၀၁၃)ထဲက ဒီ Page တစ်ခုတည်းကိုပဲ အသုံးပြုလာခဲ့သူပဲ ဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးလည်း ဒေါင်းအတွက် ဂုဏ်ပြုစကားလေးပြောခဲ့ပါဦးနော်။

Source :Daung – ဒေါင်း
Shwe Poe – CeleGabar

error: Content is protected !!