” အားတီနဲ႔ ဂ်ဴဝယ္လ္ တို႔ရဲ႕ လိုက္ဖက္ညီစြာ သီဆိုထားပုံေလးကို ခ်ီးက်ဴးလိုက္တဲ့ အိျႏၵာေက်ာ္ဇင္ “

ႏိုင္ငံေက်ာ္ ႐ုပ္ရွင္ သ႐ုပ္ေဆာင္ အကယ္ဒမီ အိျႏၵာေက်ာ္ဇင္ ဟာဆိုရင္ ပရိသတ္ေတြခ်စ္ခင္အားေပးရတဲ့ ႏိုင္ငံေက်ာ္ အႏုပညာရွင္ တစ္ဦးပါ။ သူမက ျမန္မာႏိုင္ငံ ရဲ႕ သ႐ုပ္ေဆာင္မင္းသမီး ေတြထဲမွာ ေအာင္ျမင္မႈေတြရရွိေနတဲ့ ဝါရင့္ သ႐ုပ္ေဆာင္ မင္းသမီး တစ္ဦး ဆိုလည္းမမွားပါဘူး။ ႏိုင္ငံေက်ာ္ မင္းသားတစ္လက္ျဖစ္တဲ့ အကယ္ဒမီမ်ားရွင္ ေျပတီဦးနဲ႔ (၂၀၁၁) ဇန္နဝါရိလ (၁)ရက္ေန႔မွာ လက္ထပ္ထိမ္းျမႇားခဲ့ၿပီး (၂၀၁၁) ေအာက္တိုဘာလ (၁၄) ရက္ေန႔မွာ သမီးဦး ေျပသုျဒာ ကို ဝိတိုရီးယား ဝိတိုရိယ အေထြေထြေရာဂါကု ေဆး႐ုံႀကီး ေမြးဖြားခဲ့သည္။

အိျႏၵာေက်ာ္ဇင္ကေတာ့ အႏုပညာေလာကမွာ ဒိတ္ဒိတ္ႀကဲေအာင္ျမင္မႈကို ထိန္းထားႏိုင္႐ုံသာမက သာယာေပ်ာ္႐ႊင္တဲ့ မိသားစုကိုလည္း ပိုင္ဆိုင္ထားလို႔ ပရိသတ္ေတြရဲ႕ အားက်ခ်စ္ခင္ေနရတာလည္းျဖစ္ပါတယ္။တက္သစ္စအႏုပညာရွင္ေလးေတြအေပၚမွာလည္း လက္တြဲေခၚတတ္တဲ့ အႏုပညာရွင္တစ္ေယာက္သလို ဇာတ္လမ္းပိုင္းကိုလည္း အေကာင္းဆုံးပံ့ပိုးႏိုင္ၿပီးေတာ့ အေကာင္းဆုံးအကယ္ဒမီဆုႏွစ္ဆုကို “မ်က္ႏွာမ်ားတဲ့ ေကာင္းကင္”၊” ရင္ဘတ္ထဲကဓား” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ ထိုက္ထိုက္တန္တန္သိမ္းပိုက္ထားႏိုင္သူတစ္ေယာက္ပါ။

အူဝဲကေတာ့ ႏိုင္ငံေက်ာ္ အဆိုေတာ္မ်ားျဖစ္ၾကတဲ့ အားတီနဲ႔ ဂ်ဴဝယ္လ္ တို႔သီဆိုထားတဲ့ “မ်က္ရည္မက်ေၾကး” သီခ်င္းေလးကို နားေထာင္ၿပီး ႀကိဳက္ေနတာပဲျဖစ္ၿပီး အဆိုေတာ္(၂)ေယာက္လုံးရဲ႕ လိုက္ဖက္ညီစြာ သီဆိုထားပုံေလးကို “သည္းခံစိတ္ေမြးေနာ္…ဘယ္ေတာ့မွ လမ္းခြဲစကားမဆိုေၾကး အၿပဳံးနဲ႔အားေပးႏွစ္သိမ့္ရင္း အတူတူေဝမွ်လက္ခံေပး အဆိုးေတြမ႐ိုးေအာင္ တစ္မ်ိဳးၿပီးတစ္မ်ိဳးႀကဳံေတြ႕ပါေစ….မ်က္ရည္မက်ေၾကး….” ဆိုတဲ့ သီခ်င္းစာသားေလး နဲ႔အတူ သူမရဲ႕ လူမႈကြန္ရက္ စာမ်က္နာမွ ” ေကာင္းမြန္ေသာသီခ်င္းပါကြယ္။ႏွစ္ေယာက္လုံးထိမိေနတဲ့အသံေတြနဲ႔ ႀကိဳက္လိုက္တာ “လို႔ ခ်ီးက်ဴးစကားဆိုလိုက္ပါတယ္။CeleGabar ပရိသတ္ၾကီးေရာ အားတီနဲ႔ ဂ်ဴ၀ယ္လ္ တို႔ရဲ႕ “မ်က္ရည္မက်ေၾကး ” သီခ်င္းေလးကိုနားေထာင္ျပီးၾကျပီလား။

Source: Eaindar Kyaw Zin
DarDar-CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” အားတီနဲ့ ဂျူဝယ်လ် တို့ရဲ့ လိုက်ဖက်ညီစွာ သီဆိုထားပုံလေးကို ချီးကျူးလိုက်တဲ့ အိန္ဒြာကျော်ဇင် ”

နိုင်ငံကျော် ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင် တစ်ဦးပါ။ သူမက မြန်မာနိုင်ငံ ရဲ့ သရုပ်ဆောင်မင်းသမီး တွေထဲမှာ အောင်မြင်မှုတွေရရှိနေတဲ့ ဝါရင့် သရုပ်ဆောင် မင်းသမီး တစ်ဦး ဆိုလည်းမမှားပါဘူး။ နိုင်ငံကျော် မင်းသားတစ်လက်ဖြစ်တဲ့ အကယ်ဒမီများရှင် ပြေတီဦးနဲ့ (၂၀၁၁) ဇန်နဝါရိလ (၁)ရက်နေ့မှာ လက်ထပ်ထိမ်းမြှားခဲ့ပြီး (၂၀၁၁) အောက်တိုဘာလ (၁၄) ရက်နေ့မှာ သမီးဦး ပြေသုဒြာ ကို ဝိတိုရီးယား ဝိတိုရိယ အထွေထွေရောဂါကု ဆေးရုံကြီး မွေးဖွားခဲ့သည်။

အိန္ဒြာကျော်ဇင်ကတော့ အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုကို ထိန်းထားနိုင်ရုံသာမက သာယာပျော်ရွှင်တဲ့ မိသားစုကိုလည်း ပိုင်ဆိုင်ထားလို့ ပရိသတ်တွေရဲ့ အားကျချစ်ခင်နေရတာလည်းဖြစ်ပါတယ်။တက်သစ်စအနုပညာရှင်လေးတွေအပေါ်မှာလည်း လက်တွဲခေါ်တတ်တဲ့ အနုပညာရှင်တစ်ယောက်သလို ဇာတ်လမ်းပိုင်းကိုလည်း အကောင်းဆုံးပံ့ပိုးနိုင်ပြီးတော့ အကောင်းဆုံးအကယ်ဒမီဆုနှစ်ဆုကို “မျက်နှာများတဲ့ ကောင်းကင်”၊” ရင်ဘတ်ထဲကဓား” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ထိုက်ထိုက်တန်တန်သိမ်းပိုက်ထားနိုင်သူတစ်ယောက်ပါ။

အူဝဲကတော့ နိုင်ငံကျော် အဆိုတော်များဖြစ်ကြတဲ့ အားတီနဲ့ ဂျူဝယ်လ် တို့သီဆိုထားတဲ့ “မျက်ရည်မကျကြေး” သီချင်းလေးကို နားထောင်ပြီး ကြိုက်နေတာပဲဖြစ်ပြီး အဆိုတော်(၂)ယောက်လုံးရဲ့ လိုက်ဖက်ညီစွာ သီဆိုထားပုံလေးကို “သည်းခံစိတ်မွေးနော်…ဘယ်တော့မှ လမ်းခွဲစကားမဆိုကြေး အပြုံးနဲ့အားပေးနှစ်သိမ့်ရင်း အတူတူဝေမျှလက်ခံပေး အဆိုးတွေမရိုးအောင် တစ်မျိုးပြီးတစ်မျိုးကြုံတွေ့ပါစေ….မျက်ရည်မကျကြေး….” ဆိုတဲ့ သီချင်းစာသားလေး နဲ့အတူ သူမရဲ့ လူမှုကွန်ရက် စာမျက်နာမှ ” ကောင်းမွန်သောသီချင်းပါကွယ်။နှစ်ယောက်လုံးထိမိနေတဲ့အသံတွေနဲ့ ကြိုက်လိုက်တာ “လို့ ချီးကျူးစကားဆိုလိုက်ပါတယ်။CeleGabar ပရိသတ်ကြီးရော အားတီနဲ့ ဂျူဝယ်လ် တို့ရဲ့ “မျက်ရည်မကျကြေး ” သီချင်းလေးကိုနားထောင်ပြီးကြပြီလား။

error: Content is protected !!