Source:koreaboo
Sweet – CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
ဒရမ်မာဇာတ်လမ်းတွဲအသစ်မှာမြင်တွေ့ရဖွယ်ရှိတဲ့ Suzy နဲ့ Park Bo Gum
မင်းသမီးချောလေး Suzy နဲ့ အပြုံးချိုချိုလေးတွေကိုပိုင်ဆိုင်ထားတဲ့မင်းသားချောလေး Park Bo Gum တို့ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ပေါ်ပြူလာအဖြစ်ဆုံးသရုပ်ဆောင်တွေထဲမှာ ပါဝင်ပါတယ်။ သူတို့နှစ်ဦးကို “Wonderland” ဆိုတဲ့ ဇာတ်ကားတစ်ခုမှာ အဓိကဇာတ်ဆောင်တွေ အဖြစ်မြင်တွေ့ရတော့မယ့်ပုံပါပဲ။
အခုဆိုရင် Park Bo Gum ဟာ ဒီဇာတ်ကားအသစ်အတွက်လက်ခံစဉ်းစားနေတယ်လို့လည်း သိရပါတယ်။ လက်ခံဖြစ်ခဲ့ရင်တော့ မင်းသမီးချော Suzy နဲ့အတူတွဲပြီးတော့ သရုပ်ဆောင်ရတော့မှာပါ။ Suzy နဲ့ မင်းသား Choi Woo Sik တို့ကတော့ ဒီဇာတ်ကားမှာပါဝင်ဖို့အတွက် အတည်ပြုပြီးသွားပါပြီ။
Suzy နဲ့ Park Bo Gum တို့ကတော့ ဇာတ်ကားတစ်ခုမှာအတူတွဲပြီးသရုပ်ဆောင်တာမျိုး မရှိဖူးသေးပါဘူး။Baeksang Arts Awards ဆုပေးပွဲမှာတော့ အစီအစဉ်ကြေငြာသူတေ ွအဖြစ်အတွဲညီခဲ့ကြပါသေးတယ်။လိုက်ဖက်ညီတဲ့သူတို့နှစ်ဦးကို အနုပညာအလုပ်တွေအတူတွဲလုပ်ဖို့ကို ပရိသတ်တွေကမျှော်လင့်နေကြတာပါ။အခုလိုသတင်းမျိုးကြားတဲ့အချိန်မှာတော့ ပရိသတ်တွေကပျော်နေကြမှာအသေအချာပါပဲ…။
Source:koreaboo
Sweet – CeleGabar
error: Content is protected !!