” နင္ရွိတဲ့ကမၻာ ဇာတ္လမ္းတြဲမွာ ဝိဥာဥ္သရဲမေလး ဇာတ္ေကာင္နဲ႕ ခပ္မိုက္မိုက္ သရုပ္ေဆာင္ခ်က္ေတြကို ျမင္ေတြ႕ရေတာ့မယ့္ ျမ “

ကူးကူးဇင္ေအာင္ကေတာ့ တက္သစ္စ သရုပ္ေဆာင္ မင္းသမီးတစ္ဦးျဖစ္ၿပီး သူမရဲ႕ ပထမဆံုး ရုပ္ရွင္ဇာတ္ကားႀကီး ျဖစ္တဲ့ ” သူစိမ္းအိမ္”ဇာတ္ကားမွာ ” ျမ” ကာရုိက္တာနဲ႕ ပါဝင္ခဲ့သူတစ္ဥိီးျဖစ္ပါတယ္။ တက္သစ္စသရုပ္ေဆာင္တစ္ေယာက္ျဖစ္ေသာ္လည္း သဘာရင့္ဝါရင့္ အကယ္ဒမီ အႏုပညာရွင္မ်ားနဲ့ တြဲဖက္သရုပ္ေဆာင္တဲ့အခါ မွာ အသစ္တစ္ေယာက္လို႕ တာင္မထင္ရေလာက္ေအာင္ သရုပ္ေဆာင္ေကာင္းသူပဲ ျဖစ္ပါတယ္။ သူမရဲ႕ ဇာတ္ရုပ္ကို ေပၚလြင္ေအာင္ ပီပီျပင္ျပင္နဲ႕ မ်က္ႏွာအမူအရာ အေျပာင္းအလဲ စကားေျပာဆိုပံုေတြကအစ ပရိသတ္ေတြအတြက္ အံ့အားသင့္စရာေကာင္းၿပီး ပရိသတ္ အားေပးဝန္းရံခံလာရသူပဲ ျဖစ္ပါတယ္။

ပရိသတ္ေတြကလည္း ခ်စ္စႏုိးနဲ႕ ဇာတ္ေကာင္နာမည္ကိုပဲ အစြဲျပဳကာ “ျမ”လို႕ ေခၚဆိုေနၾကတာပဲ ျဖစ္ပါတယ္။ဇာတ္လမ္းထဲမွာ ခပ္မာမာဇာတ္ရုပ္ကို သရုပ္ေဆာင္ေပမယ့္ အျပင္မွာေတာ့ ေဖာ္ေရြပ်ဴငွာတဲ့ မင္းသမီးေခ်ာေလးျဖစ္ပါတယ္။ သူငယ္ခ်င္းေတြနဲ႕လည္း TikTok ေလးေတြေဆာ့ကာ ပရိသတ္ကို ျပန္လည္မွ်ေဝတတ္သူေလးတစ္ေယာက္လို႕လည္းဆိုရမွာပါ။အႏုပညာအလုပ္ေတြဆက္တိုက္လုပ္လာၿပီး Photo Shooting ေလးေတြ လည္း ရုိက္ကူးေနၿပီပဲ ျဖစ္ပါတယ္။

” သူစိမ္းအိမ္”ဇာတ္ကား အျပင္ ဒါရုိက္တာထူးပိုင္ေဇာ္ဦး ထပ္မံရုိက္ကူးထားတဲ့ ႏုိင္ငံေက်ာ္စာေရးဆရာမႀကီး “ဂ်ဴး ” ရဲ႕ ေအာင္ျမင္ေက်ာ္ၾကားတဲ့ စာအုပ္တစ္အုပ္ျဖစ္တဲ့ “လေရာင္ေအာက္ဘက္ မိုင္အေဝးမွာ ” ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားမွာလည္း ပါဝင္ထားတာပဲ ျဖစ္ပါတယ္။ လက္ရွိမွာလည္း ဒါရိုက္တာေမဘရဏီ ရိုက္ကူးတဲ့ ” နင္ရွိတဲ့ကမၻာ ” ဇာတ္လမ္းတြဲမွာ ေခါင္းေဆာင္မင္းသမီးတစ္ေယာက္အေနနဲ႕ ပါဝင္မွာ ျဖစ္တယ္လို႕ သိရပါတယ္။” နင္ရွိတဲ့ကမၻာ” ဇာတ္လမ္းတြဲေလးကေတာ့ ဝိဥာဥ္နဲ႕လူသားေတြၾကားထဲက ဇာတ္လမ္းပံုစံေလးျဖစ္ၿပီး ဝိဥာဥ္သရဲမေလး ဇာတ္ေကာင္နဲ႕ “ျမ” ကို ျမင္ေတြ႕ရမွာပဲ ျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးလည္း ” သူစိမ္းအိမ္”ဇာတ္ကားထဲက “ျမ” ရဲ႕ ခပ္မိုက္မိုက္ သရုပ္ေဆာင္ခ်က္ေတြကို ျမင္ေတြ႕အားေပးရဖို႕ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Source :Ku Ku Zin Aung
Shwe Poe -CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” နင်ရှိတဲ့ကမ္ဘာ ဇာတ်လမ်းတွဲမှာ ဝိဉာဉ်သရဲမလေး ဇာတ်ကောင်နဲ့ ခပ်မိုက်မိုက် သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရတော့မယ့် မြ ”

ကူးကူးဇင်အောင်ကတော့ တက်သစ်စ သရုပ်ဆောင် မင်းသမီးတစ်ဦးဖြစ်ပြီး သူမရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့ ” သူစိမ်းအိမ်”ဇာတ်ကားမှာ ” မြ” ကာရိုက်တာနဲ့ ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ တက်သစ်စသရုပ်ဆောင်တစ်ယောက်ဖြစ်သော်လည်း သဘာရင့်ဝါရင့် အကယ်ဒမီ အနုပညာရှင်များနဲ့ တွဲဖက်သရုပ်ဆောင်တဲ့အခါ မှာ အသစ်တစ်ယောက်လို့ တာင်မထင်ရလောက်အောင် သရုပ်ဆောင်ကောင်းသူပဲ ဖြစ်ပါတယ်။ သူမရဲ့ ဇာတ်ရုပ်ကို ပေါ်လွင်အောင် ပီပီပြင်ပြင်နဲ့ မျက်နှာအမူအရာ အပြောင်းအလဲ စကားပြောဆိုပုံတွေကအစ ပရိသတ်တွေအတွက် အံ့အားသင့်စရာကောင်းပြီး ပရိသတ် အားပေးဝန်းရံခံလာရသူပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း ချစ်စနိုးနဲ့ ဇာတ်ကောင်နာမည်ကိုပဲ အစွဲပြုကာ “မြ”လို့ ခေါ်ဆိုနေကြတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ ခပ်မာမာဇာတ်ရုပ်ကို သရုပ်ဆောင်ပေမယ့် အပြင်မှာတော့ ဖော်ရွေပျူငှာတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့လည်း TikTok လေးတွေဆော့ကာ ပရိသတ်ကို ပြန်လည်မျှဝေတတ်သူလေးတစ်ယောက်လို့လည်းဆိုရမှာပါ။အနုပညာအလုပ်တွေဆက်တိုက်လုပ်လာပြီး Photo Shooting လေးတွေ လည်း ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။

” သူစိမ်းအိမ်”ဇာတ်ကား အပြင် ဒါရိုက်တာထူးပိုင်ဇော်ဦး ထပ်မံရိုက်ကူးထားတဲ့ နိုင်ငံကျော်စာရေးဆရာမကြီး “ဂျူး ” ရဲ့ အောင်မြင်ကျော်ကြားတဲ့ စာအုပ်တစ်အုပ်ဖြစ်တဲ့ “လရောင်အောက်ဘက် မိုင်အဝေးမှာ ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်ထားတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဒါရိုက်တာမေဘရဏီ ရိုက်ကူးတဲ့ ” နင်ရှိတဲ့ကမ္ဘာ ” ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။” နင်ရှိတဲ့ကမ္ဘာ” ဇာတ်လမ်းတွဲလေးကတော့ ဝိဉာဉ်နဲ့လူသားတွေကြားထဲက ဇာတ်လမ်းပုံစံလေးဖြစ်ပြီး ဝိဉာဉ်သရဲမလေး ဇာတ်ကောင်နဲ့ “မြ” ကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း ” သူစိမ်းအိမ်”ဇာတ်ကားထဲက “မြ” ရဲ့ ခပ်မိုက်မိုက် သရုပ်ဆောင်ချက်တွေကို မြင်တွေ့အားပေးရဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

Source :Ku Ku Zin Aung
Shwe Poe -CeleGabar

error: Content is protected !!