“ခရစၥတီးနားကို ဘာလို႕ခ်စ္တာလဲ လို႕ေမးတိုင္း မသိဘူး ေျဖလို႕ စိတ္ေကာက္ေနတုန္းဆိုတဲ့ ဇာဏ္ခီ”

834

ဇဏ္ခီကေတာ့ အဆင့္ျမင့္ဇာတ္ကားေတြျဖစ္တဲ့ ဥပါယ္တံမ်ဥ္နဲ႕မုျဒာေခၚသံ ႐ုပ္ရွင္ဇာတ္ကားနွစ္ကား ေအာင္ျမင္မႈရရွိထားတဲ့ မင္းသားတစ္ေယာက္ပဲျဖစ္ပါတယ္။ အရမ္းခ်စ္ရတဲ့ ခ်စ္ဇနီးေလးကို ပိုင္ဆိုင္ထားတာ ျဖစ္ၿပီးတာ့ ခ်စ္ဇနီးေလးနဲ႔ လက္မထပ္ခင္က ၾကည္ႏူးစရာ ပုံရိပ္ေလးေတြကို ျပန္ၿပီးေတာ့ ေျပာျပထားတာျဖစ္ပါတယ္။ ေန႔တိုင္းေတြ႕ခ်င္ေနမိတယ္။ သူ႔စကားေျပာသံေတြ အၿမဲၾကားေနခ်င္မိတယ္ဆိုၿပီးေတာ့လည္း အခ်စ္ရဲ႕ အစကို ေျပာျပထားတာျဖစ္ပါတယ္။

 

 

 

“”ဘာလို႔ခ်စ္တာလဲ” လို႔ေမးတိုင္း “မသိဘူးေလ”လို႔ေျဖမိတိုင္း စိတ္ေကာက္ေကာက္သြားတတ္တယ္။ တကယ္လဲဘာလို႔လဲလို႔ကိုယ့္ကိုယ္ကိုေတြးတိုင္း အေျဖမထြက္ဘူး။ သီခ်င္းေရးသူတစ္ေယာက္အေနနဲ႔ ၾကားေကာင္းေအာင္ ေႂကြက်ေအာင္ ေလွ်ာက္ေျပာလို႔ေတာ့ရတာေပါ့ေနာ္။ တစ္ခုေသခ်ာမွတ္မိတာကေတာ့ သူငယ္ခ်င္းေတြစျဖစ္တုန္းက သူ႔ကိုေတြ႕ၿပီဆိုရင္ေပ်ာ္တယ္။ သူက ကိုယ့္ကိုၿပဳံးျပ ရယ္ျပတယ္ဆိုရင္ ရင္ထဲမွာေႏြးေထြးေစတယ္ လုံၿခဳံမႈတစ္ခုခံစားရတယ္။ ဒ႑ာရီ သီခ်င္းထဲကစာသားလို “အတိတ္ဘဝက ဆုံခဲ့ဖူးသလား” ဆိုတဲ့ ခံစားခ်က္မ်ိဳးျဖစ္တယ္” ဆိုၿပီးေတာ့လည္း ခ်စ္သူမျဖစ္ခင္က ခံစားရတဲ့ ရင္ခုန္မႈကို ျပန္ေတြးမိၿပီးေတာ့ သူ႔ရဲ႕လူမႈကြန္ရက္ စာမ်က္ႏွာေဖာ္ျပေပးထားတာျဖစ္ပါတယ္။

 

“ရည္းစားေတြျဖစ္ၿပီးေတာ့ စကားမ်ား ရန္ေတြျဖစ္ေတာ့လဲ ထူးဆန္းတယ္။ တစ္ခါတစ္ေလေျပာတာေတြကလြန္ကုန္ၿပီး ျပတ္မယ္ဆိုလဲ ျပတ္လို႔ရေလာက္တဲ့အေနအထားေတြေရာက္ကုန္တယ္။ ဒါေပမယ့္ ေပကပ္ၿပီးဆက္တြဲတယ္။ ေတးထားခဲ့ဖူးတာေတြ အခုျပန္မွတ္မိဖို႔ႀကိဳးစားလဲ မမွတ္မိေတာ့ဘူးအဲ့ဒါ အခ်စ္လား ” ဆိုၿပီးေတာ့ အခ်စ္ရဲ႕အနက္အဓိပၸါယ္ကို ျပန္ၿပီးေတာ့ ဖြင္ဆိုျပၿပီးေတာ့ သူရဲ႕ လူမႈကြန္ရက္မွာ ဆက္ၿပီးေတာ့ေဖာ္ျပထားတာျဖစ္ပါတယ္။ ဆယ္လီကမာၻပရိသတ္ႀကီးေရ ခ်စ္သူေတြလို စိတ္ေကာက္ေနတဲ့ ဇဏ္ခီတို႔ ဇနီးေမာင္နံွ အတြက္ မွတ္ခ်က္ေလးေရးေပးခဲ့ပါဦး။

 

ခ်စ္သဲေမ @CeleGabar / Source :Zenn Kyi

ခရစ္စတီးနားကို ဘာလို့ချစ်တာလဲ လို့မေးတိုင်း မသိဘူး ဖြေလို့ စိတ်ကောက်နေတုန်းဆိုတဲ့ ဇာဏ်ခီ

ဇဏ်ခီကတော့ အဆင့်မြင့်ဇာတ်ကားတွေဖြစ်တဲ့ ဥပါယ်တံမျဉ်နဲ့မုဒြာခေါ်သံ ရုပ်ရှင်ဇာတ်ကားနှစ်ကား အောင်မြင်မှုရရှိထားတဲ့ မင်းသားတစ်ယောက်ပဲဖြစ်ပါတယ်။ အရမ်းချစ်ရတဲ့ ချစ်ဇနီးလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပြီးတာ့ ချစ်ဇနီးလေးနဲ့ လက်မထပ်ခင်က ကြည်နူးစရာ ပုံရိပ်လေးတွေကို ပြန်ပြီးတော့ ပြောပြထားတာဖြစ်ပါတယ်။ နေ့တိုင်းတွေ့ချင်နေမိတယ်။ သူ့စကားပြောသံတွေ အမြဲကြားနေချင်မိတယ်ဆိုပြီးတော့လည်း အချစ်ရဲ့ အစကို ပြောပြထားတာဖြစ်ပါတယ်။

 

“”ဘာလို့ချစ်တာလဲ” လို့မေးတိုင်း “မသိဘူးလေ”လို့ဖြေမိတိုင်း စိတ်ကောက်ကောက်သွားတတ်တယ်။ တကယ်လဲဘာလို့လဲလို့ကိုယ့်ကိုယ်ကိုတွေးတိုင်း အဖြေမထွက်ဘူး။ သီချင်းရေးသူတစ်ယောက်အနေနဲ့ ကြားကောင်းအောင် ကြွေကျအောင် လျှောက်ပြောလို့တော့ရတာပေါ့နော်။ တစ်ခုသေချာမှတ်မိတာကတော့ သူငယ်ချင်းတွေစဖြစ်တုန်းက သူ့ကိုတွေ့ပြီဆိုရင်ပျော်တယ်။ သူက ကိုယ့်ကိုပြုံးပြ ရယ်ပြတယ်ဆိုရင် ရင်ထဲမှာနွေးထွေးစေတယ် လုံခြုံမှုတစ်ခုခံစားရတယ်။ ဒဏ္ဍာရီ သီချင်းထဲကစာသားလို “အတိတ်ဘဝက ဆုံခဲ့ဖူးသလား” ဆိုတဲ့ ခံစားချက်မျိုးဖြစ်တယ်” ဆိုပြီးတော့လည်း ချစ်သူမဖြစ်ခင်က ခံစားရတဲ့ ရင်ခုန်မှုကို ပြန်တွေးမိပြီးတော့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာဖော်ပြပေးထားတာဖြစ်ပါတယ်။

“ရည်းစားတွေဖြစ်ပြီးတော့ စကားများ ရန်တွေဖြစ်တော့လဲ ထူးဆန်းတယ်။ တစ်ခါတစ်လေပြောတာတွေကလွန်ကုန်ပြီး ပြတ်မယ်ဆိုလဲ ပြတ်လို့ရလောက်တဲ့အနေအထားတွေရောက်ကုန်တယ်။ ဒါပေမယ့် ပေကပ်ပြီးဆက်တွဲတယ်။ တေးထားခဲ့ဖူးတာတွေ အခုပြန်မှတ်မိဖို့ကြိုးစားလဲ မမှတ်မိတော့ဘူးအဲ့ဒါ အချစ်လား ” ဆိုပြီးတော့ အချစ်ရဲ့အနက်အဓိပ္ပါယ်ကို ပြန်ပြီးတော့ ဖွင်ဆိုပြပြီးတော့ သူရဲ့ လူမှုကွန်ရက်မှာ ဆက်ပြီးတော့ဖော်ပြထားတာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ချစ်သူတွေလို စိတ်ကောက်နေတဲ့ ဇဏ်ခီတို့ ဇနီးမောင်နံှ အတွက် မှတ်ချက်လေးရေးပေးခဲ့ပါဦး။
ချစ်သဲမေ @CeleGabar / Source :Zenn Kyi