



Source : Ni Ni Khin Zaw
Chilli – CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။

 

“အသည်းကွဲနေတဲ့ ပရိသတ်တွေ အရှိုက်တည့်တည့်ကို ထိစေမဲ့ နီနီရဲ့ သီချင်းအသစ်လေး”

နီနီခင်ဇော်ကတော့ (၂၀၀၈)ခုနှစ် “သံစဉ်များနှင့်ကမ္ဘာ”သီချင်းဆိုပြိုင်ပွဲကြီးကနေ Winnerဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီး လက်ရှိမှာ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။”မာရီယို”၊ “အနီရောင်”၊ “ယူ”စတဲ့ တေးစီးရီးအယ်ဘယ်(၃)ခွေတိတိထွက်ရှိထားတဲ့ အထိအောင်မြင်မှုရရှိထားတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအဆိုတော်တစ်ယောက်ဆိုလည်း မမှားပါဘူးနော်။ဒါ့အပြင် (၂၀၁၄)ခုနှစ်မှာလည်း “မျှော်လင့်ချက်တစ်စုံတရာ”သီချင်းဖြင့် အကောင်းဆုံး ပေါ့ပ်သီချင်း မြန်မာနိုင်ငံဂီတဆုကြီးကိုလည်းရရှိပိုင်ဆိုင်ထားပါတယ်။

လတ်တလောမှာဆိုရင်လည်း နီနီခင်ဇော်ဟာ ကျားပေါက်၊ ရန်ရန်ချန်း၊ Rဇာနည်တို့နဲ့ အတူ “The Voice Myanmar Season – 2” သီချင်းဆို ပြိုင်ပွဲကြီးမှာ အကဲဖြတ်ဒိုင်တစ်ယောက်အနေနဲ့ ဆောင်ရွက်ကာ မြန်မာနိုင်ငံက ရွက်ပုန်းသီးအဆိုတော်များကို မွေးထုတ်ပေးလျှက်ရှိပါတယ်။ အခုနောက်ပိုင်းမှာတော့ အဆိုတော် နီနီခင်ဇော်ဟာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ “အိမ်မက်ကာရံ”ရုပ်ရှင်ဇာတ်ကားကြီးကို ပထမဆုံးစတင်ရိုက်ကူးဖို့ ပြင်ဆင်နေတယ်လို့လည်း သိရှိရပါတယ်။လက်ရှိမှာတော့ သူမရဲ့ စတုတ္ထမြောက်တေးစီးရီးအယ်ဘမ် ဖြစ်တဲ့ “ပါတီခင်ဇော်” တေးစီးရီးအယ်ဘမ်လေးဟာ စက်တင်ဘာလ (၂၇)ရက်နေ့မှာထွက်ရှိမှာပဲဖြစ်ပါတယ်။

နီနီခင်ဇော်ကတော့ သူမရဲ့ တေးစီးရီးအယ်ဘမ်အသစ်လေးထဲက သီချင်းလေးတစ်ပုဒ်ဖြစ်တဲ့ “အချစ်ရဆုံး သူစိမ်း”ဆိုတဲ့ သီချင်းလေးကို ပရိသတ်တွေအတွက် အမြည်းအနေနဲ့ ဒီနေ့စက်တင်ဘာလ (၂၅)ရက်နေ့မှာ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။ဒီသီချင်းလေးကတော့ အသည်းကွဲနေတဲ့ ပရိသတ်တွေအတွက်တော့ ခံစားချက်တွေကိုပိုမိုထိရှစေတဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်တာကြောင့် CeleGabar ပရိသတ်ကြီးတွေထဲက အသည်းကွဲနေတဲ့ ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Source : Ni Ni Khin Zaw
Chilli – CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။

error: Content is protected !!