“ေဖ်ာ္ေျဖဖို႕ လက္ခံထားတဲ့ ပြဲေတြမ်ားေနလို႕ အလုပ္ရႈပ္နရတဲ့ အိမ့္ခ်စ္”

ႏိုင္ငံေက်ာ္အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ အိမ့္ခ်စ္ကေတာ့ ပရိသတ္အခ်စ္ေတာ္အဆိုေတာ္တစ္ေယာက္ပါ။ဖခင္ျဖစ္သူ ႏိုင္ငံေက်ာ္အဆိုေတာ္တစ္ဦးျဖစ္တဲ့ ဦးခ်စ္ေကာင္းရဲ႕ ေျခရာကို အျပည့္အဝဆိုသလို အမီနင္းႏိုင္တဲ့ အႏုပညာရွင္မ်ိဳးဆက္သစ္ တစ္ေယာက္လို႔ဆိုရမွာပါ။ အိမ့္ခ်စ္ကေတာ့ ကိုယ္ပိုင္ခံစားခ်က္နဲ႔ သီခ်င္းေတြကို ေရးစပ္ၿပီး ကိုယ္တိုင္သီဆိုတတ္သူတစ္ေယာက္ဆိုလည္းမမွားပါဘူး။ အိမ့္ခ်စ္ဟာ”ကိုယ္တိုင္ေရးပုံတူ”၊”အခ်စ္ေရး”၊”ေအာင္ျမင္မႈရဲ႕ေနာက္ကြယ္”စသျဖင့္ေတးစီးရီးအယ္ဘမ္ေတာ္ေတာ္မ်ားမ်ားကို ထြက္ရွိေအာင္ျမင္ထားသူတစ္ေယာက္ျဖစ္ၿပီး

လတ္တေလာမွာလည္း အိမ့္ခ်စ္ဟာ ဗီယက္နမ္ႏိုင္ငံ Quang Ninh ၿမိဳ႕မွာ က်င္းပခဲ့တဲ့ ASEAN+3 SONG CONTEST 2019 အဆိုၿပိဳင္ပြဲမွာ ကိုယ္တိုင္ေရးထားတဲ့ သီခ်င္းေလးကို သီဆိုေဖ်ာ္ေျဖၿပီးေတာ့ Second Runner-Up ဆုကို ရရွိခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၾသဂုတ္လ(၂၄)ရက္ေန႔ကလည္း အိမ့္ခ်စ္ဟာ ႏိုင္ငံေက်ာ္အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ ဖခင္ျဖစ္သူ ဦးခ်စ္ေကာင္းနဲ႔တက္သစ္စေမာင္ေလးတစ္ေယာက္ျဖစ္တဲ့ Junior ခ်စ္ေကာင္းနဲ႔အတူ FG Live Lounge ပြဲကို က်င္းပခဲ့တာျဖစ္ပါတယ္။ အဲဒီပြဲေလးကေတာ့ ၾကည့္ရွဴသူေတြရင္ထဲမွာ အားရေစမယ့္ ပြဲေလးတစ္ခုျဖစ္ၿပီး သားအဖသုံးေယာက္စလုံးဟာ တက္ညီလက္ညီနဲ႔ ပရိသတ္ေတြကို အေကာင္းဆုံး သီဆိုေဖ်ာ္ေျဖခဲ့တဲ့ ခ်စ္သုံးခ်စ္ရဲ႕ ၾကည္ႏူးစရာ မိသားစု Showပြဲတစ္ခုျဖစ္ခဲ့ပါတယ္။

လက္ရွိမွာေတာ့ အိမ့္ခ်စ္က ခ်စ္ရတဲ့ ပရိသတ္ေတြအတြက္ အႏုပညာအလုပ္ေတြကို ဆက္တိုက္လုပ္ကိုင္ေနသူတစ္ေယာက္ပါ။လက္ရွိမွာေတာ့ ေဖ်ာ္ေျဖေရး ပြဲေတြကို ဆက္တိုက္လက္ခံထားတာျဖစ္ျပီး လက္ခံထားတဲ့ ပြဲေတြမ်ားေနတာေၾကာင့္ အလုပ္ေတြရႈပ္ေနရတယ္ဆိုတဲ့ အေၾကာင္းကို “ပြဲေတြ အႀကီးအက်ယ္ လက္ခံမိၿပီး ခုေတာ့ ႐ူးခါေနေအာင္ လမ္းေၾကာင္းေတြဆြဲေနရပါၿပီေနာ္”လို႕ အိမ့္ခ်စ္က သူမရဲ႕ လူမႈကြန္ရက္ စာမ်က္နွာကေန ေရးသားေဖာ္ျပထားတာျဖစ္ပါတယ္။ ဆယ္လီကမၻာပရိသတ္ႀကီးေရ ေဖ်ာ္ေျဖဖို႕ပြဲေတြလက္ခံထားတာမ်ားေနလို႕ အလုပ္ေတြရႈပ္ေနတဲ့ အိမ့္ခ်စ္ေလးအတြက္ မွွတ္ခ်က္ေလး ေျပာျပခဲ့ပါဦး…….။


Source: Eint Chit
ခ်စ္သဲေမ @ CeleGabar

ယူနီကုတ္ျဖင့္ဖတ္ရန္

“ဖျော်ဖြေဖို့ လက်ခံထားတဲ့ ပွဲတွေများနေလို့ အလုပ်ရှုပ်နရတဲ့ အိမ့်ချစ်”

နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ အိမ့်ချစ်ကတော့ ပရိသတ်အချစ်တော်အဆိုတော်တစ်ယောက်ပါ။ဖခင်ဖြစ်သူ နိုင်ငံကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ ဦးချစ်ကောင်းရဲ့ ခြေရာကို အပြည့်အဝဆိုသလို အမီနင်းနိုင်တဲ့ အနုပညာရှင်မျိုးဆက်သစ် တစ်ယောက်လို့ဆိုရမှာပါ။ အိမ့်ချစ်ကတော့ ကိုယ်ပိုင်ခံစားချက်နဲ့ သီချင်းတွေကို ရေးစပ်ပြီး ကိုယ်တိုင်သီဆိုတတ်သူတစ်ယောက်ဆိုလည်းမမှားပါဘူး။ အိမ့်ချစ်ဟာ”ကိုယ်တိုင်ရေးပုံတူ”၊”အချစ်ရေး”၊”အောင်မြင်မှုရဲ့နောက်ကွယ်”စသဖြင့်တေးစီးရီးအယ်ဘမ်တော်တော်များများကို ထွက်ရှိအောင်မြင်ထားသူတစ်ယောက်ဖြစ်ပြီး

လတ်တလောမှာလည်း အိမ့်ချစ်ဟာ ဗီယက်နမ်နိုင်ငံ Quang Ninh မြို့မှာ ကျင်းပခဲ့တဲ့ ASEAN+3 SONG CONTEST 2019 အဆိုပြိုင်ပွဲမှာ ကိုယ်တိုင်ရေးထားတဲ့ သီချင်းလေးကို သီဆိုဖျော်ဖြေပြီးတော့ Second Runner-Up ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ(၂၄)ရက်နေ့ကလည်း အိမ့်ချစ်ဟာ နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့တက်သစ်စမောင်လေးတစ်ယောက်ဖြစ်တဲ့ Junior ချစ်ကောင်းနဲ့အတူ FG Live Lounge ပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲလေးကတော့ ကြည့်ရှူသူတွေရင်ထဲမှာ အားရစေမယ့် ပွဲလေးတစ်ခုဖြစ်ပြီး သားအဖသုံးယောက်စလုံးဟာ တက်ညီလက်ညီနဲ့ ပရိသတ်တွေကို အကောင်းဆုံး သီဆိုဖျော်ဖြေခဲ့တဲ့ ချစ်သုံးချစ်ရဲ့ ကြည်နူးစရာ မိသားစု Showပွဲတစ်ခုဖြစ်ခဲ့ပါတယ်။

လက်ရှိမှာတော့ အိမ့်ချစ်က ချစ်ရတဲ့ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေသူတစ်ယောက်ပါ။လက်ရှိမှာတော့ ဖျော်ဖြေရေး ပွဲတွေကို ဆက်တိုက်လက်ခံထားတာဖြစ်ပြီး လက်ခံထားတဲ့ ပွဲတွေများနေတာကြောင့် အလုပ်တွေရှုပ်နေရတယ်ဆိုတဲ့ အကြောင်းကို “ပွဲတွေ အကြီးအကျယ် လက်ခံမိပြီး ခုတော့ ရူးခါနေအောင် လမ်းကြောင်းတွေဆွဲနေရပါပြီနော်”လို့ အိမ့်ချစ်က သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ဖျော်ဖြေဖို့ပွဲတွေလက်ခံထားတာများနေလို့ အလုပ်တွေရှုပ်နေတဲ့ အိမ့်ချစ်လေးအတွက် မှတ်ချက်လေး ပြောပြခဲ့ပါဦး…….။
Source: Eint Chit
ချစ်သဲမေ @ CeleGabar

error: Content is protected !!