သက္ေသအခိုင္အမာရွိတာေၾကာင့္ ခင္ပြန္းျဖစ္သူရဲ႕တရားစြဲဆိုမွုကို ျပန္လည္တံု႔ျပန္သြားေတာ့မယ့္ Goo Hye Sun

ပရိသတ္ေတြစိတ္ပူေနရတဲ့ မင္းသမီးေခ်ာ Goo Hye Sun နဲ႔ခင္ပြန္းျဖစ္သူတို႔ရဲ႕ အိမ္ေထာင္ေရးသတင္းဟာ ဆိုးသထက္ပိုဆိုးလာခဲ့ပါျပီ။ လူေတြကေေတာ့အျမင္အမ်ိဳးမ်ိဳးနဲ႔ ေ၀ဖန္မွုေတြမ်ားေနၾကေပမဲ့အခုဆိုရင္ တရားရံုးမွာရင္ဆိုင္ေျဖရွင္းၾကေတာ့မယ့္ အေျခအေနေရာက္လာျပီလို႔ဆိုရပါမယ္။မင္းသား Ahn Jae Hyun ဟာ ဇနီးျဖစ္သူ Goo Hye Sunဘက္က ကြာရွင္းခြင့္မေပးတာေၾကာင့္ တရားရံုးကိုဦးတိုက္ေလ်ွာက္ထားခဲ့ပါတယ္။


Goo Hye Sun ဟာ အိမ္ေထာင္ေရးအကြဲအျပဲသတင္းေတြစတင္ထြက္ေပၚလာကတည္းက မိသားစုကိုကာကြယ္ခ်င္တယ္လို႔ေျပာခဲ့သူပါ။အတတ္ႏိုင္ဆံုးအိမ္ေထာင္ေရးကို ထိန္းသိမ္းခ်င္ေသးတဲ့ သူမရဲ႕ဆႏၵကေတာ့မျပီးေျမာက္ေတာ့မယ့္ပံုပါပဲ။အခုဆိုရင္ တစ္ဦးနဲ႔တစ္ဦးအျပန္အလွန္ထိုးႏွက္ရင္း ကြာရွင္းျပတ္စဲေတာ့မယ့္အေျခအေနကို ဦးတည္လာခဲ့ပါျပီ။


Goo Hye Sun ဟာ တရားရံုးကိုကြာရွင္းဖို႔အတြက္ ဦးတိုက္ေလ်ွာက္ထားခဲ့တဲ့ခင္ပြန္းျဖစ္သူေၾကာင့္ ျပန္လည္ရင္ဆိုင္သြားေတာ့မွာျဖစ္ပါတယ္။ ေကာလဟာလအမ်ိဳးမ်ိဳးရွိေပမဲ့ မင္းသမီးကေတာ့ခင္ပြန္းျဖစ္သူဟာ တြဲဖက္သရုပ္ေဆာင္မင္းသမီးတစ္ဦးနဲ႔ေဖာက္ျပန္ေနတယ္လို႔ အတိအလင္းေျပာခဲ့သူပါ။အခုလည္း ဒီကိစၥနဲ႔ပတ္သက္ျပီးသက္ေသအတိအက်ရွိတယ္လို႔ဆိုပါတယ္။ အရမ္းခ်စ္ခဲ့ၾကျပီး (၃)ႏွစ္ေက်ာ္ၾကာေအာင္လက္တြဲခဲ့ဖူးတဲ့ သူမတို႔စံုတြဲရဲ႕အဆံုးသတ္ကေတာ့ တကယ့္ကိုစိတ္မေကာင္းစရာပါပဲေနာ္…။
Source:koreaboo
Sweet – CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

သက်သေအခိုင်အမာရှိတာကြောင့် ခင်ပွန်းဖြစ်သူရဲ့တရားစွဲဆိုမှုကို ပြန်လည်တုံ့ပြန်သွားတော့မယ့် Goo Hye Sun
ပရိသတ်တွေစိတ်ပူနေရတဲ့ မင်းသမီးချော Goo Hye Sun နဲ့ခင်ပွန်းဖြစ်သူတို့ရဲ့ အိမ်ထောင်ရေးသတင်းဟာ ဆိုးသထက်ပိုဆိုးလာခဲ့ပါပြီ။ လူတွေကေတော့အမြင်အမျိုးမျိုးနဲ့ ဝေဖန်မှုတွေများနေကြပေမဲ့အခုဆိုရင် တရားရုံးမှာရင်ဆိုင်ဖြေရှင်းကြတော့မယ့် အခြေအနေရောက်လာပြီလို့ဆိုရပါမယ်။မင်းသား Ahn Jae Hyun ဟာ ဇနီးဖြစ်သူ Goo Hye Sunဘက်က ကွာရှင်းခွင့်မပေးတာကြောင့် တရားရုံးကိုဦးတိုက်လျှောက်ထားခဲ့ပါတယ်။


Goo Hye Sun ဟာ အိမ်ထောင်ရေးအကွဲအပြဲသတင်းတွေစတင်ထွက်ပေါ်လာကတည်းက မိသားစုကိုကာကွယ်ချင်တယ်လို့ပြောခဲ့သူပါ။အတတ်နိုင်ဆုံးအိမ်ထောင်ရေးကို ထိန်းသိမ်းချင်သေးတဲ့ သူမရဲ့ဆန္ဒကတော့မပြီးမြောက်တော့မယ့်ပုံပါပဲ။အခုဆိုရင် တစ်ဦးနဲ့တစ်ဦးအပြန်အလှန်ထိုးနှက်ရင်း ကွာရှင်းပြတ်စဲတော့မယ့်အခြေအနေကို ဦးတည်လာခဲ့ပါပြီ။


Goo Hye Sun ဟာ တရားရုံးကိုကွာရှင်းဖို့အတွက် ဦးတိုက်လျှောက်ထားခဲ့တဲ့ခင်ပွန်းဖြစ်သူကြောင့် ပြန်လည်ရင်ဆိုင်သွားတော့မှာဖြစ်ပါတယ်။ ကောလဟာလအမျိုးမျိုးရှိပေမဲ့ မင်းသမီးကတော့ခင်ပွန်းဖြစ်သူဟာ တွဲဖက်သရုပ်ဆောင်မင်းသမီးတစ်ဦးနဲ့ဖောက်ပြန်နေတယ်လို့ အတိအလင်းပြောခဲ့သူပါ။အခုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီးသက်သေအတိအကျရှိတယ်လို့ဆိုပါတယ်။ အရမ်းချစ်ခဲ့ကြပြီး (၃)နှစ်ကျော်ကြာအောင်လက်တွဲခဲ့ဖူးတဲ့ သူမတို့စုံတွဲရဲ့အဆုံးသတ်ကတော့ တကယ့်ကိုစိတ်မကောင်းစရာပါပဲနော်…။

Source:koreaboo
Sweet – CeleGabar

error: Content is protected !!