“သားသားမီးမီးေလးေတြနဲ႕ လည္လည္ထြက္ေနတဲ့ ေမေမခိုင္နွင္းေဝ”

ခိုင္ႏွင္းေဝကေတာ့ တစ္ေခတ္တစ္ခါက နာမည္ႀကီး လူႀကိဳက္မ်ားခဲ့တဲ့ သ႐ုပ္ေဆာင္မင္းသမီတစ္ေယာက္ျဖစ္ခဲ့တဲ့အျပင္ ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္းအႏုပညာရွင္စာရင္းေတြထဲကို ပါဝင္ခဲ့တဲ့အထိ ေအာင္ျမင္မႈေတြရရွိသိမ္းပိုက္ႏိုင္ခဲ့တဲ့ မင္းသမီးတစ္လက္ပဲျဖစ္ပါတယ္။လက္ရွိမွာေတာ့ အႏုပညာအလုပ္ေတြကို ရပ္နားထားၿပီး ျမန္မာႏိုင္ငံအႏွံအျပားသို႔သြားေရာက္ကာ ျပည္သူလူထုအက်ိဳးျပဳ ပရဟိတလုပ္ငန္းေတြကို အားႀကိဳးမာန္တက္လုပ္ေဆာင္ေနတာပါ။အထူးသျဖင့္ လူမမယ္ကေလးသူငယ္ေစာင့္ေရွာက္မႈ လုပ္ငန္းေတြကို ပိုမိုလုပ္ေဆာင္ေနတာကိုလည္း ေတြ႕ရပါတယ္။

လက္ရွိမွာလည္း ခိုကိုးရာမဲ့ေနတဲ့ မိဘမဲ့ကေလးေတြအတြက္ “ခိုင္နွင္းေဝ ရင္ေသြးေလးမ်ားေဂဟာ”ဆိုတဲ့ နာမည္ေလးနဲ႔ ေဂဟာေလးတစ္ခုကို ဖြင့္လွစ္ထားၿပီး ကေလးေတြကို သူမရဲ႕ သားသမီး အရင္းေတြလို ကိုယ္တိုင္ ေစာင့္ေရွာက္မႈေတြေပးအပ္ေနပါေသးတယ္။ဒီလို ကေလးေတြကို ေစာင္႕ေရွာက္ေနတာေၾကာင့္ ပရိသတ္ေတြက သူမကို ပရဟိတမိခင္ႀကီးလို႔လည္းေခၚဆိုေနၾကတာပဲျဖစ္ပါတယ္။ဒီေန႕ စက္တင္ဘာလ (၂၅)ရက္ေန႕မွာေတာ့ ခိုင္နွင္းေဝဟာ သူမရဲ႕ “ခိုင္နွင္းေဝ ရင္ေသြးေလးမ်ား ေဂဟာ” မွသူမရဲ႕ သားသားမီးမီးေလးေတြနဲ႔ အျပင္ကို ထြက္လည္ျဖစ္တဲ့အေၾကာင္းကို

“ကၽြန္မနဲ႔ သားသမီး တသိုက္က လည္လည္ထြက္ ေနပါၿပီ။ ဘယ္သူေတြ ဘယ္လို ပဲ ေနေန ကၽြန္မ နဲ႔ ကၽြန္မ အားေဆးေလးေတြ တူတူရိွေနရင္ ဘဝႀကီးက စိုျပည္ေနတာ။”လို႕ ကေလးေတြနဲ႕အတူတူရွိေနရင္ သူမရဲ႕ ဘဝက စိုေျပေနပါတယ္ဆိုတဲ့ အေၾကာင္းကို သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာကေနေဖာ္ျပထားတာပဲျဖစ္ပါတယ္။CeleGabarပရိသတ္ၾကီးေရ သားသားမီးမီးေလးေတြနဲ႔ ေပ်ာ္ေပ်ာ္ၾကီးလည္လည္ထြက္ေနတဲ့ ေမေမခိုင္နွင္းေဝတို႕ရဲ႕ ပံုေလးေတြကိုပါ မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source : Khine Hnin Wai
Chilli – CeleGabar
ယူနီကုတ္ျဖင့္ဖတ္ရန္။

“သားသားမီးမီးလေးတွေနဲ့ လည်လည်ထွက်နေတဲ့ မေမေခိုင်နှင်းဝေ”

ခိုင်နှင်းဝေကတော့ တစ်ခေတ်တစ်ခါက နာမည်ကြီး လူကြိုက်များခဲ့တဲ့ သရုပ်ဆောင်မင်းသမီတစ်ယောက်ဖြစ်ခဲ့တဲ့အပြင် မြန်မာနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်စာရင်းတွေထဲကို ပါဝင်ခဲ့တဲ့အထိ အောင်မြင်မှုတွေရရှိသိမ်းပိုက်နိုင်ခဲ့တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး မြန်မာနိုင်ငံအနှံအပြားသို့သွားရောက်ကာ ပြည်သူလူထုအကျိုးပြု ပရဟိတလုပ်ငန်းတွေကို အားကြိုးမာန်တက်လုပ်ဆောင်နေတာပါ။အထူးသဖြင့် လူမမယ်ကလေးသူငယ်စောင့်ရှောက်မှု လုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ်။

လက်ရှိမှာလည်း ခိုကိုးရာမဲ့နေတဲ့ မိဘမဲ့ကလေးတွေအတွက် “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ”ဆိုတဲ့ နာမည်လေးနဲ့ ဂေဟာလေးတစ်ခုကို ဖွင့်လှစ်ထားပြီး ကလေးတွေကို သူမရဲ့ သားသမီး အရင်းတွေလို ကိုယ်တိုင် စောင့်ရှောက်မှုတွေပေးအပ်နေပါသေးတယ်။ဒီလို ကလေးတွေကို စောင့်ရှောက်နေတာကြောင့် ပရိသတ်တွေက သူမကို ပရဟိတမိခင်ကြီးလို့လည်းခေါ်ဆိုနေကြတာပဲဖြစ်ပါတယ်။ဒီနေ့ စက်တင်ဘာလ (၂၅)ရက်နေ့မှာတော့ ခိုင်နှင်းဝေဟာ သူမရဲ့ “ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ” မှသူမရဲ့ သားသားမီးမီးလေးတွေနဲ့ အပြင်ကို ထွက်လည်ဖြစ်တဲ့အကြောင်းကို

“ကျွန်မနဲ့ သားသမီး တသိုက်က လည်လည်ထွက် နေပါပြီ။ ဘယ်သူတွေ ဘယ်လို ပဲ နေနေ ကျွန်မ နဲ့ ကျွန်မ အားဆေးလေးတွေ တူတူရှိနေရင် ဘဝကြီးက စိုပြည်နေတာ။”လို့ ကလေးတွေနဲ့အတူတူရှိနေရင် သူမရဲ့ ဘဝက စိုပြေနေပါတယ်ဆိုတဲ့ အကြောင်းကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။CeleGabarပရိသတ်ကြီးရေ သားသားမီးမီးလေးတွေနဲ့ ပျော်ပျော်ကြီးလည်လည်ထွက်နေတဲ့ မေမေခိုင်နှင်းဝေတို့ရဲ့ ပုံလေးတွေကိုပါ မျှဝေပေးလိုက်ပါတယ်နော်။

Source : Khine Hnin Wai
Chilli – CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။

error: Content is protected !!