



Source: AR-T
DarDar-CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

” ပရိသတ်တွေမသိသေးတဲ့ အကျင့်လေးတစ်ခုကို ချပြလိုက်တဲ့ AR-T ”

AR-Tကတော့ အနုပညာလောကမှာ သီချင်းတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုတတ်သူတစ်ယောက်ဖြစ်ပြီး အောင်မြင်မှုပန်းတိုင်ကို ဆွတ်ခူးရရှိနေသူတစ်ယောက်ပါ။ AR-Tရဲ့ သီချင်းတွေက ပရိသတ်တွေရဲ့ရင်ကို ထိစေခဲ့တာကြောင့် ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတာလို့လည်း ဆိုနိုင်ပါတယ်။AR-Tဟာ မကြာသေးခင်ကလည်း ထိုင်းနိုင်ငံက နာမည်ကြီး သရုပ်ဆောင်၊အဆိုတော်တစ်ယောက်ဖြစ်တဲ့ Two Popetorn နဲ့အတူThinkin bout you now ဆိုတဲ့ သီချင်းလေးကိုတော့ တွဲဖက်သီဆိုထားတယ်လို့ သိရပါတယ်။

လူငယ်တွေပါးစပ်ဖျားမှာ အပြည့်အဝနေရာယူထားနိုင်သူ တစ်ယောက်ဖြစ်တဲ့ AR-Tကတော့ နောက်ထပ် သီချင်းအသစ်လေးတစ်ပုဒ်နဲ့ ပရိသတ်တွေရဲ့အချစ်ကို ထပ်မံသိမ်းပိုက်တော့မှာပါ။ အဲဒီသီချင်းလေးကတော့ “မျက်ရည်မကျကြေး” ဆိုတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။ ဒီသီချင်းလေးကို ပရိသတ်အချစ်တော်၊နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဂျူဝယ်လ်နဲ့အတူ အကောင်းဆုံးဖျော်ဖြေထားပါတယ်။AR-T ကတော့ အနုပညာမောင်နှမများနဲ့ ပရိသတ်တွေအပေါ်မှာ ပွင့်လင်းစွာဆက်ဆံတတ်တဲ့အပြင် သူရဲ့ မိတ်ကပ်ဆရာ ခိုင်ခိုင်ကိုလည်း ညီမလေးတစ်ယောက်လို့ ခဏခဏဆေးထိုးလေ့ရှိပါတယ်။

AR-Tကတော့ သူရဲ့ပရိသတ်တွေ မသိသေးတဲ့ အကျင့်လေးတစ်ခုဖြစ်တဲ့ ရောက်တဲ့အရပ်မှာ အိပ်တတ်တဲ့အကျင့်လေးကို “ရောက်လေရာအရပ်မှာ အိပ်တတ်တဲ့အစွမ်းက မသေးဘူးနော်။ ခု shooting အပြီး Taxi နဲ့အိမ်အပြန် လမ်းမှာတဖြတ်တကတ်မှိန်းချ “မိတ်ကပ်ခိုင်ခိုင်မှာ ဆေးထိုးပြီးရိုက်ထားတဲ့ ပုံလေးနဲ့အတူ သူရဲ့ လူမှုကွန်ရက် စာမျက်နာမှ ဖော်ပြထားပါတယ်။CeleGabar ပရိသတ်ကြီးထဲမှာရော AR-T လို့ အိတ်ပုတ်လေးတွေရှိလား။

error: Content is protected !!