“သီခ်င္းနားေထာင္ရတာ သေဘာက်တဲ့ သားေလးကို သင္ယူလို႔ရေအာင္ ေလ့က်င့္ေပးေနတဲ့ ေမေမမိုးယုစံ”

ပရိသတ္အားေပးမႈကို အခိုင္အမာရရွိထားတဲ့ အႏုပညာရွင္ေတြထဲက တစ္ေယာက္အပါအဝင္ျဖစ္တဲ့ မိုးယုစံကေတာ့ ေအာင္ျမင္ေနတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ပဲျဖစ္ပါတယ္။အိမ္ေထာင္က်ၿပီးေနာက္ပိုင္းအႏုပညာအလုပ္ေတြကို ခဏတာရပ္နားထားခဲ့ၿပီး မိသားစုအတြက္ မိခင္ေကာင္းတစ္ေယာက္ အိမ္ေထာင္ရွင္မေကာင္းတစ္ေယာက္အေနနဲ႔ မိသားစုတာဝန္ေတြကို တာဝန္ေက်ပြန္စြာေဆာင္႐ြက္ေပးေနတဲ့ အႏုပညာရွင္တစ္ေယာက္ပါ။ လက္ရွိမွာေတာ့ သားသားေလး(၂)ျပည့္ၿပီးေနာက္ပိုင္း အႏုပညာအလုပ္ေတြကို ျပန္လည္ကာ စတင္လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။

မိုးယုစံကေတာ့ ကေလးတစ္ေယာက္မိခင္လို႔မထင္ရဘဲ အပ်ိဳေတြရႈံးရေလာက္ေအာင္ ႏုပ်ိဳလွပေနသူတစ္ေယာက္ပါ။ ကေလးအေမတစ္ေယာက္ျဖစ္ေနေပမယ့္ ပရိသတ္အားေပမႈကို ယခင္ကထက္ မယုတ္ေလ်ာ့ဘဲ အခိုင္အမာရရွိထားတာလည္း ျဖစ္ပါတယ္။ မၾကာခင္မွာလည္း ပရိသတ္ေတြကို ဘဝအေမာေျပေစဖို႔ ဟာသေလးေတြနဲ႔တင္ဆက္ႏိုင္ေအာင္ ပရိသတ္ေတြအေရွ႕ကို ေရာက္ရွိလာေတာ့မယ့္ “ႏွင္းဆီေလွ” အၿငိမ့္မွာလည္း မင္းသမီးတစ္လက္အေနနဲ႔လည္း ပါဝင္ကျပသြားမယ္လို႔သိရပါတယ္။ ေမေမမိုးယုစံက ပရိသတ္အခိုင္အမာရရွိထားသလို သားသားေလး ေကာင္းသိခၤမိုးသူကလည္း ေမေမမိုးယုလိုပဲ ပရိသတ္အခ်စ္ေတာ္ေလးတစ္ေယာက္ပါ။

မိုးယုစံရဲ႕ ရႈတင္ကို သားသားေလးေကာင္းသိခၤမိုးသူလိုက္သြားတိုင္း အႏုပညာရွင္ညီအစ္ကိုေမာင္ႏွမေတြနဲ႔ ပရိသတ္ေတြရဲ႕ သည္းသည္းလႈပ္ခ်စ္တာကို ခံရပါတယ္။ သားသားေလးကလည္း အေမျဖစ္သူမိုးယုစံရဲ႕ မေအတူသားေလးပီပီ အႏုပညာကို ဝါသနာပါသူတစ္ေယာက္ျဖစ္ၿပီး သီခ်င္းေလးေတြကို နားေထာင္ရတာ အရမ္းသေဘာက်တယ္လို႔ သိရပါတယ္။ ဒါ့ေၾကာင့္ မိခင္ျဖစ္သူ မိုးယုစံကလည္း သားေလးကို သီခ်င္းေလးေတြနားေထာင္ရင္း တစ္ခါတည္းသင္ယူလို႔ရေအာင္အၿမဲလုပ္ေပးေလ့ရွိတယ္ဆိုတဲ့ အေၾကာင္းကို မိုးယုစံက သူမရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာကေန ေရးသားေဖာ္ျပထားတာျဖစ္ပါတယ္။ ဆယ္လီကမာၻပရိသတ္ႀကီးေရ မိခင္ရဲ႕ အႏုပညာေသြးအျပည့္ပါတဲ့ မိုးယုစံရဲ႕ သားေလးအတြက္ မွတ္ခ်က္ေလး ေျပာျပခဲ့ပါဦး……..။


Source: Moe Yu San
ခ်စ္သဲေမ @ CeleGabar

ယူနီကုတ္ျဖင့္ဖတ္ရန္

“သီချင်းနားထောင်ရတာ သဘောကျတဲ့ သားလေးကို သင်ယူလို့ရအောင် လေ့ကျင့်ပေးနေတဲ့ မေမေမိုးယုစံ”

ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ မိုးယုစံကတော့ အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။အိမ်ထောင်ကျပြီးနောက်ပိုင်းအနုပညာအလုပ်တွေကို ခဏတာရပ်နားထားခဲ့ပြီး မိသားစုအတွက် မိခင်ကောင်းတစ်ယောက် အိမ်ထောင်ရှင်မကောင်းတစ်ယောက်အနေနဲ့ မိသားစုတာဝန်တွေကို တာဝန်ကျေပွန်စွာဆောင်ရွက်ပေးနေတဲ့ အနုပညာရှင်တစ်ယောက်ပါ။ လက်ရှိမှာတော့ သားသားလေး(၂)ပြည့်ပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို ပြန်လည်ကာ စတင်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

မိုးယုစံကတော့ ကလေးတစ်ယောက်မိခင်လို့မထင်ရဘဲ အပျိုတွေရှုံးရလောက်အောင် နုပျိုလှပနေသူတစ်ယောက်ပါ။ ကလေးအမေတစ်ယောက်ဖြစ်နေပေမယ့် ပရိသတ်အားပေမှုကို ယခင်ကထက် မယုတ်လျော့ဘဲ အခိုင်အမာရရှိထားတာလည်း ဖြစ်ပါတယ်။ မကြာခင်မှာလည်း ပရိသတ်တွေကို ဘဝအမောပြေစေဖို့ ဟာသလေးတွေနဲ့တင်ဆက်နိုင်အောင် ပရိသတ်တွေအရှေ့ကို ရောက်ရှိလာတော့မယ့် “နှင်းဆီလှေ” အငြိမ့်မှာလည်း မင်းသမီးတစ်လက်အနေနဲ့လည်း ပါဝင်ကပြသွားမယ်လို့သိရပါတယ်။ မေမေမိုးယုစံက ပရိသတ်အခိုင်အမာရရှိထားသလို သားသားလေး ကောင်းသိင်္ခမိုးသူကလည်း မေမေမိုးယုလိုပဲ ပရိသတ်အချစ်တော်လေးတစ်ယောက်ပါ။

မိုးယုစံရဲ့ ရှုတင်ကို သားသားလေးကောင်းသိင်္ခမိုးသူလိုက်သွားတိုင်း အနုပညာရှင်ညီအစ်ကိုမောင်နှမတွေနဲ့ ပရိသတ်တွေရဲ့ သည်းသည်းလှုပ်ချစ်တာကို ခံရပါတယ်။ သားသားလေးကလည်း အမေဖြစ်သူမိုးယုစံရဲ့ မအေတူသားလေးပီပီ အနုပညာကို ဝါသနာပါသူတစ်ယောက်ဖြစ်ပြီး သီချင်းလေးတွေကို နားထောင်ရတာ အရမ်းသဘောကျတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် မိခင်ဖြစ်သူ မိုးယုစံကလည်း သားလေးကို သီချင်းလေးတွေနားထောင်ရင်း တစ်ခါတည်းသင်ယူလို့ရအောင်အမြဲလုပ်ပေးလေ့ရှိတယ်ဆိုတဲ့ အကြောင်းကို မိုးယုစံက သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ မိခင်ရဲ့ အနုပညာသွေးအပြည့်ပါတဲ့ မိုးယုစံရဲ့ သားလေးအတွက် မှတ်ချက်လေး ပြောပြခဲ့ပါဦး……..။
Source: Moe Yu San
ချစ်သဲမေ @ CeleGabar

error: Content is protected !!