ပိုက္ဆံမရွိတဲ့အခ်ိန္တိုင္း အိတ္ထဲကို ပိုက္ဆံေတြထည့္ေပးတတ္တဲ့ သူငယ္ခ်င္းေတြေၾကာင့္ ဝမ္းသာမ်က္ရည္လည္ခဲ့ရတဲ့ ဇာဇာထက္

Sexy Model အျဖစ္နဲ႔ အႏုပညာလမ္းေၾကာင္းေပၚမွာေလွ်ာက္လွမ္းေနတဲ့ ဇာဇာထက္တစ္ေယာက္ သူမသူငယ္ခ်င္းေတြရဲ႕ အမူအက်င့္ေကာင္းေလးေတြကို ေျပာျပခဲ့တာပဲျဖစ္ပါတယ္။ သူမအေပၚကို အရမ္းေကာင္းတဲ့သူငယ္ခ်င္းေတြကိုပိုင္ဆိုင္ထားၿပီး ဒီသူငယ္ခ်င္းေတြဟာလည္း သူမအတြက္ အရမ္းကိုအားကိုးရတဲ့ အေဖာ္မြန္ေကာင္းေတြျဖစ္ခဲ့ပါတယ္။

လက္ရွိမွာေတာ့ ဇာဇာထက္တစ္ေယာက္ စာေမးပြဲအတြက္လုံးပန္းေနၿပီး အႏုပညာအလုပ္ေတြလည္း မအားမလပ္ရေအာင္လုပ္ကိုင္ ေနတာပဲျဖစ္ပါတယ္။ အေျခအေနအမ်ိဳးမ်ိဳးေတြေၾကာင့္ စိတ္ဓာတ္က်ရတိုင္း သူမနားမွာအၿမဲတမ္းရွိတဲ့သူငယ္ခ်င္းေတြဟာ ပိုက္ဆံ မရွိဘူးလို႔ သူမေျပာမိတာနဲ႔ စာအိတ္ေလးနဲ႔ထည့္ထားတဲ့ ပိုက္ဆံထုပ္ေလးကို သူမ မသိေအာင္ သူမပိုက္ဆံအိတ္ထဲကို ထည့္ေပးတတ္ တာေၾကာင့္ ျပန္ေတြးတိုင္းမ်က္ရည္က်ရတယ္လို႔ ရင္ဖြင့္ခဲ့ပါတယ္။

ဒီအေၾကာင္းအရာေလးကို ” ကြၽန္မမွာပိုက္ဆံသုံးစရာမရွိေတာ့ဘူးၿငီးမိရင္ ကြၽန္မပိုက္ဆံအိတ္ထဲ ကြၽန္မမသိေအာင္ ပိုက္ဆံထည့္ထား တဲ့စာအိတ္ေလးထည့္ေပးတတ္တဲ့သူငယ္ခ်င္းေတြရထားေတာ့ ဝမ္းသာလြန္းလို႔ေတြးမိတိုင္း မ်က္ရည္က်ရတရ္ ” ဆိုၿပီး ေျပာျပထားတာ ပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးမွာေရာ ဒီလိုခ်စ္ဖို႔ေကာင္းတဲ့ သူငယ္ခ်င္းေတြရွိလား။

Photo – Zar Zar Htet
Happy – Cele Gabar

(ယူနီကုဒ္ျဖင့္ဖတ္ရန္)

” ပိုက်ဆံမရှိတဲ့အချိန်တိုင်း အိတ်ထဲကို ပိုက်ဆံတွေထည့်ပေးတတ်တဲ့ သူငယ်ချင်းတွေကြောင့် ဝမ်းသာမျက်ရည်လည်ခဲ့ရတဲ့ ဇာဇာထက် ”

Sexy Model အဖြစ်နဲ့ အနုပညာလမ်းကြောင်းပေါ်မှာလျှောက်လှမ်းနေတဲ့ ဇာဇာထက်တစ်ယောက် သူမသူငယ်ချင်းတွေရဲ့ အမူအကျင့်ကောင်းလေးတွေကို ပြောပြခဲ့တာပဲဖြစ်ပါတယ်။ သူမအပေါ်ကို အရမ်းကောင်းတဲ့သူငယ်ချင်းတွေကိုပိုင်ဆိုင်ထားပြီး ဒီသူငယ်ချင်းတွေဟာလည်း သူမအတွက် အရမ်းကိုအားကိုးရတဲ့ အဖော်မွန်ကောင်းတွေဖြစ်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဇာဇာထက်တစ်ယောက် စာမေးပွဲအတွက်လုံးပန်းနေပြီး အနုပညာအလုပ်တွေလည်း မအားမလပ်ရအောင် လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ အခြေအနေအမျိုးမျိုးတွေကြောင့် စိတ်ဓာတ်ကျရတိုင်း သူမနားမှာအမြဲတမ်းရှိတဲ့သူငယ်ချင်းတွေဟာ ပိုက်ဆံမရှိဘူးလို့ သူမပြောမိတာနဲ့ စာအိတ်လေးနဲ့ထည့်ထားတဲ့ ပိုက်ဆံထုပ်လေးကို သူမ မသိအောင် သူမပိုက်ဆံအိတ်ထဲကို ထည့်ပေးတတ်တာကြောင့် ပြန်တွေးတိုင်းမျက်ရည်ကျရတယ်လို့ ရင်ဖွင့်ခဲ့ပါတယ်။

ဒီအကြောင်းအရာလေးကို ” ကျွန်မမှာပိုက်ဆံသုံးစရာမရှိတော့ဘူးငြီးမိရင် ကျွန်မပိုက်ဆံအိတ်ထဲ ကျွန်မမသိအောင် ပိုက်ဆံထည့် ထားတဲ့စာအိတ်လေးထည့်ပေးတတ်တဲ့သူငယ်ချင်းတွေရထားတော့ ဝမ်းသာလွန်းလို့တွေးမိတိုင်း မျက်ရည်ကျရတရ် ” ဆိုပြီး ပြောပြ ထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးမှာရော ဒီလိုချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းတွေရှိလား။

Photo – Zar Zar Htet
Happy – Cele Gabar

error: Content is protected !!