ခင္ပြန္းသည္ရဲ႕ေမြးေန႔မွာ ေသာက္သုံးေရးကန္တူးေဖာ္ဖို႔အတြက္ ေငြက်ပ္ (၁၅) သိန္း လႉဒါန္းခဲ့တဲ့ စမိုင္းလ္တို႔မိသားစု

သ႐ုပ္ေဆာင္စမိုင္းလ္တို႔မိသားစုကေတာ့ လိုအပ္တဲ့ေနရာတိုင္းမွာ လက္မေႏွးပဲ အၿမဲတမ္းလႉတန္းတတ္တဲ့ ေပ်ာ္စရာမိသားစုေလးပါပဲ။ ကိုယ္ပိုင္ကမာၻေလးကိုလည္း လုံၿခဳံေအာင္ ဖန္တီးထားၿပီး လႉဒါန္းမႈေတြနဲ႔လည္း အမ်ားေပ်ာ္႐ႊင္ေအာင္ဖန္တီးေပးတတ္တဲ့ စိတ္ေကာင္း ေစတနာ ရွိသူေတြပါပဲ။ အႏုပညာအလုပ္ေတြရပ္နားလိုက္သည့္တိုင္ေအာင္ သူမကိုခ်စ္ခင္အားေပးတဲ့ ပရိသတ္ေတြကရွိေနဆဲပါပဲ။

ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ဖို႔အတြက္ Gym ေဆာ့ၿပီး အရင္က ေပါင္ (၂၀၀) ေက်ာ္ အေလးခ်ိန္ရွိတဲ့ ခႏၶာကိုယ္ဟာ အခုဆိုရင္ ေတာ္ေတာ္ေလးကိုယ္ရည္စစ္သြားခဲ့ၿပီပဲျဖစ္ပါတယ္။ ဒီထက္ပိုၿပီးက်စ္လ်စ္ဖို႔ အတြက္လည္း ေမေမစမိုင္းလ္က အျပတ္ႀကိဳးစားေနတာပဲ ျဖစ္ပါတယ္။ ခ်စ္စရာေကာင္းတဲ့ သမီးေလးႏွစ္ေယာက္ကလည္း အေမနဲ႔အေဖရဲ႕ အေခ်ာအလွေတြအကုန္လုံး သိမ္းႀကဳံးၿပီးအေမြရထား တာမို႔ ေျပာစရာမလိုေအာင္ကို ၿပီးျပည့္စုံသူေလးေတြပါ။

ဒီေန႔မွာလည္း ခင္ပြန္းျဖစ္သူရဲ႕ေမြးေန႔အမွတ္တရအျဖစ္နဲ႔ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္း ၊ (56) ရပ္ကြက္၊ နဝရတ္ကိုးသြယ္လမ္းေထာင့္တြင္ ေသာက္သုံးေရကန္နဲ႔ အဝီဇိတြင္း တူးေဖာ္ဖို႔အတြက္ ေငြက်ပ္ (၁၅) သိန္း လွဴဒါန္းခဲ့တာပဲျဖစ္ပါတယ္။ ေနာက္လည္း အလွဴေရစက္ လက္နဲ႔မကြာပဲ ဒီထက္ပိုျပီ အမ်ားၾကီး လွဴတန္းႏိုင္ပါေစေနာ္။ Happy Birthday ပါ။

Photo – အရည္ႀကိဳ
Happy – Cele Gabar

(ယူနီကုဒ္ျဖင့္ဖတ္ရန္)

” ခင်ပွန်းသည်ရဲ့မွေးနေ့မှာ သောက်သုံးရေးကန်တူးဖော်ဖို့အတွက် ငွေကျပ် (၁၅) သိန်း လှူဒါန်းခဲ့တဲ့ စမိုင်းလ်တို့မိသားစု ”

သရုပ်ဆောင်စမိုင်းလ်တို့မိသားစုကတော့ လိုအပ်တဲ့နေရာတိုင်းမှာ လက်မနှေးပဲ အမြဲတမ်းလှူတန်းတတ်တဲ့ ပျော်စရာမိသားစုလေးပါပဲ။ ကိုယ်ပိုင်ကမ္ဘာလေးကိုလည်း လုံခြုံအောင် ဖန်တီးထားပြီး လှူဒါန်းမှုတွေနဲ့လည်း အများပျော်ရွှင်အောင်ဖန်တီးပေးတတ်တဲ့ စိတ်ကောင်းစေတနာ ရှိသူတွေပါပဲ။ အနုပညာအလုပ်တွေရပ်နားလိုက်သည့်တိုင်အောင် သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေက ရှိနေဆဲပါပဲ။

ကိုယ်အလေးချိန်လျော့ချဖို့အတွက် Gym ဆော့ပြီး အရင်က ပေါင် (၂၀၀) ကျော် အလေးချိန်ရှိတဲ့ ခန္ဓာကိုယ်ဟာ အခုဆိုရင်တော်တော်လေးကိုယ်ရည်စစ်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒီထက်ပိုပြီးကျစ်လျစ်ဖို့ အတွက်လည်း မေမေစမိုင်းလ်က အပြတ်ကြိုးစားနေတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကလည်း အမေနဲ့အဖေရဲ့ အချောအလှတွေအကုန်လုံး သိမ်းကြုံးပြီးအမွေရထားတာမို့ ပြောစရာမလိုအောင်ကို ပြီးပြည့်စုံသူလေးတွေပါ။

ဒီနေ့မှာလည်း ခင်ပွန်းဖြစ်သူရဲ့မွေးနေ့အမှတ်တရအဖြစ်နဲ့ ဒဂုံမြို့သစ်တောင်ပိုင်း ၊ (56) ရပ်ကွက်၊ နဝရတ်ကိုးသွယ်လမ်းထောင့်တွင် သောက်သုံးရေကန်နဲ့ အဝီဇိတွင်း တူးဖော်ဖို့အတွက် ငွေကျပ် (၁၅) သိန်း လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ နောက်လည်း အလှူရေစက်လက်နဲ့မကွာပဲ ဒီထက်ပိုပြီ အများကြီး လှူတန်းနိုင်ပါစေနော်။ Happy Birthday ပါ။

Photo – အရည်ကြို
Happy – Cele Gabar

error: Content is protected !!