အန်ကယ် သိန်းတန် မပါတော့ပဲ အကဲဖြတ်ဒိုင်တွေပြောင်းလဲလိုက်တဲ့ Myanmar Idol Sesaon-4
9,071
Source: Myanmar Idol
Khinb Mi [email protected]
ယူနီကုဒ်နဲ့ ဖတ်ရန်
Myanmar Idol သီချင်းဆိုပြိုင်ပွဲကတော့ မြန်မာနိုင်ငံရဲ့ လူကြိုက်အများဆုံးသော သီချင်းဆိုပြိုင်ပွဲကြီးတစ်ခုဖြစ်ပြီး တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပရိသတ်တွေအားလုံးနီးပါး တီဗွီဖန်သားပြင်ကနေ စောင့်ကြည့်အားပေးရတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။
(၂၀၁၆)ခုနှစ် ရဲ့ Season-1 ကနေစတင်လာခဲ့တဲ့ ဒီ Myanmar Idol သီချင်းဆိုပြိုင်ပွဲဟာ လက်ရှိမှာ Season-4 ထိရောက်ရှိလာခဲ့ပြီး ဒိနှစ်မှာတာ့ Season-2 နဲ့ 3 အထိ ဒိုင်အဖြစ် (၂) နှစ်ဆက်တိုက် ပါဝင်လာခဲ့တဲ့ အန်ကယ် ဦးသိန်းတန်ကတော့ ပါဝင်လာခဲ့ခြင်းမရှိတော့ပဲ ဒီနှစ်ရဲ့ ဒိုင်တွေကတော့ ပြောင်းလဲသွားခဲ့ပါပြီ။
ဒီနှစ် Season-4 မှာလည်း ဒိုင်အဖြစ် အဆိုတော် တင်ဇာမော် က ထပ်မံပါဝင်လာခဲ့ပြီး နောက်ထပ် ဒိုင်အသစ်(၂) ယောက်ကတော့ အဆိုတော် အောင်ကိုလတ် နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ ဖြစ်ပါတယ်။ အစီအစဉ်တင်ဆက်သူ presenter တစ်ယောက်အဖြစ် ယခင်အတိုင်း ကျော်ထက်အောင် သာဖြစ်ပြီး ဒီနှစ်မှာလည်း ဘယ်လိုစိတ်လှုပ်ရှားစရာတွေနဲ့ Myanmar Idol ရဲ့ အစီအစဉ်ကနေ Idol အဆိုတော်ကောင်းတစ်ယောက်ကို မွေးထုတ်ပေးမလဲ စောင့်ကြည့်အားပေးကြပါဦးနော်…။