အမိုက္စားဖက္ရွင္ဒီဇိုင္းေတြေၾကာင့္ ႏိုင္ငံျခားမီဒီယာေတြမွာပါေဖာ္ျပခံခဲ့ရတဲ့ စူပါေမာ္ဒယ္လ္ M ဆိုင္းလု

ကမၻာေက်ာ္အမွတ္တံဆိပ္ေတြရဲ႕ဖက္ရွင္အသစ္ေတြကိုျပသေလ့ရွိတဲ့ Paris Fashion Week ကိုေတာ့ ႏွစ္စဥ္ႏွစ္တိုင္းျပင္သစ္ႏိုင္ငံ၊ပဲရစ္ျမိဳ႕မွာက်င္းပေလ့ရွိပါတယ္။ Paris Fashion Week ကိုေတာ့ စက္တင္ဘာလ(၂၃)ရက္ေန႔ကေန ေအာက္တိုဘာလ(၁)ရက္ေန႔အထိက်င္းပမွာ ျဖစ္ပါတယ္။ဒီပြဲကိုေတာ့ ျမန္မာႏိုင္ငံရဲ႕ထိပ္တန္းဆယ္လီဘရစ္တီေတြတက္ေရာက္တာကိုၾကားမိမွာပါ။


Loreal Paris အမွတ္တံဆိပ္ရဲ႕ပြဲကို ျမန္မာႏိုင္ငံကေနျပီး သရုပ္ေဆာင္၊Beauty Blogger တစ္ေယာက္ျဖစ္တဲ့ ေနျခည္ဦးကတက္ေရာက္သလို Christian Dior ပြဲကိုေတာ့ ျမန္မာႏိုင္ငံရဲ႕စူပါေမာ္ဒယ္တစ္ေယာက္ျဖစ္တဲ့ M ဆိုင္းလု ကတက္ေရာက္ခဲ့တာျဖစ္ပါတယ္။ ဒီပြဲကိုတက္ေရာက္ခြင့္ရလို႔ M ဆိုင္းလုတစ္ေယာက္ အရမ္းကိုေပ်ာ္ေနေၾကာင္းကိုလည္း သူမရဲ႕ေဖ့ဘြတ္ခ္မွာမ်ွေ၀ေပးခဲ့ပါေသးတယ္။ ဒီအေၾကာင္းကို “မိန္းကေလးေတာ္ေတာ္မ်ားမ်ားရဲ႕အိမ္မက္ျဖစ္တဲ့ Paris Fashion Week ကို သူမရဲ႕ေမြးေန႔မွာတက္ေရာက္ခြင့္ရလို႔ ေျပာမျပတတ္ေအာင္ေပ်ာ္ရႊင္ရတယ္”ဆိုျပီး အမိုက္စားပံုရိပ္ေလးေတြနဲ႔အတူ ေဖာ္ျပခဲ့တာပါ။

 


M ဆိုင္းလုဟာ ျမန္မာႏိုင္ငံရဲ႕နာမည္ေက်ာ္ဒီဇုိင္နာ တစ္ေယာက္ျဖစ္တဲ့ Ahlatt Lumyang ရဲ႕လက္ရာျဖစ္တဲ့ အနီရဲရဲ၀တ္စံုနဲ႔အတူ Dior အိတ္ကိုကိုင္ေဆာင္ျပီး ဒီပြဲမွာလွပၾကရြေနခဲ့တာပါ။ ႏိုင္ငံမ်ိဳးစံုကလူေပါင္းမ်ားစြာထဲမွာထင္ေပၚေတာက္ပေနခဲ့တဲ့ M ဆိုင္းလုကေတာ့့ အခုဆိုရင္ႏိုင္ငံျခားမီဒီယာေတြရဲ႕သတိထားျခင္းကိုခံလိုက္ရပါျပီ။အနီေရာင္၀တ္စံုေလးနဲ႔လွပေနတဲ့ M ဆိုင္းလုရဲ႕ပံုရိပ္ေတြကို ႏိုင္ငံျခားသတင္းမီဒီယာေတြက အထူးတလည္ေဖာ္ျပခဲ့ပါတယ္။

 

ဒီအေၾကာင္းကို ျမန္မာႏိုင္ငံရဲ႕နာမည္ၾကီးမိတ္ကပ္ပညာရွင္တစ္ေယာက္ျဖစ္တဲ့ ေမဦးကျပန္လည္ေ၀မ်ွေပးထားတာပါ။အျပစ္ေျပာစရာမရွိေအာင္လွပတဲ့ ျမန္မာႏိုင္ငံရဲ႕စူပါေမာ္ဒယ္လ္ M ဆိုင္းလုကို အခုလိုေဖာ္ျပျခင္းခံရတာဟာတကယ့္ကို ဂုဏ္ယူစရာပါပဲ။ပရိသတ္ၾကီးလည္း M ဆိုင္းလုရဲ႕အမိုက္စားပံုရိပ္ေတြကိုေၾကြသြားတယ္မဟုတ္လား…။
Source:MayOo,MSengLu
Sweet – CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

အမိုက်စားဖက်ရှင်ဒီဇိုင်းတွေကြောင့် နိုင်ငံခြားမီဒီယာတွေမှာပါဖော်ပြခံခဲ့ရတဲ့ စူပါမော်ဒယ်လ် M ဆိုင်းလု
ကမ္ဘာကျော်အမှတ်တံဆိပ်တွေရဲ့ဖက်ရှင်အသစ်တွေကိုပြသလေ့ရှိတဲ့ Paris Fashion Week ကိုတော့ နှစ်စဉ်နှစ်တိုင်းပြင်သစ်နိုင်ငံ၊ပဲရစ်မြို့မှာကျင်းပလေ့ရှိပါတယ်။ Paris Fashion Week ကိုတော့ စက်တင်ဘာလ(၂၃)ရက်နေ့ကနေ အောက်တိုဘာလ(၁)ရက်နေ့အထိကျင်းပမှာ ဖြစ်ပါတယ်။ဒီပွဲကိုတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းဆယ်လီဘရစ်တီတွေတက်ရောက်တာကိုကြားမိမှာပါ။


Loreal Paris အမှတ်တံဆိပ်ရဲ့ပွဲကို မြန်မာနိုင်ငံကနေပြီး သရုပ်ဆောင်၊Beauty Blogger တစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတက်ရောက်သလို Christian Dior ပွဲကိုတော့ မြန်မာနိုင်ငံရဲ့စူပါမော်ဒယ်တစ်ယောက်ဖြစ်တဲ့ M ဆိုင်းလု ကတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲကိုတက်ရောက်ခွင့်ရလို့ M ဆိုင်းလုတစ်ယောက် အရမ်းကိုပျော်နေကြောင်းကိုလည်း သူမရဲ့ဖေ့ဘွတ်ခ်မှာမျှဝေပေးခဲ့ပါသေးတယ်။ ဒီအကြောင်းကို “မိန်းကလေးတော်တော်များများရဲ့အိမ်မက်ဖြစ်တဲ့ Paris Fashion Week ကို သူမရဲ့မွေးနေ့မှာတက်ရောက်ခွင့်ရလို့ ပြောမပြတတ်အောင်ပျော်ရွှင်ရတယ်”ဆိုပြီး အမိုက်စားပုံရိပ်လေးတွေနဲ့အတူ ဖော်ပြခဲ့တာပါ။


M ဆိုင်းလုဟာ မြန်မာနိုင်ငံရဲ့နာမည်ကျော်ဒီဇိုင်နာ တစ်ယောက်ဖြစ်တဲ့ Ahlatt Lumyang ရဲ့လက်ရာဖြစ်တဲ့ အနီရဲရဲဝတ်စုံနဲ့အတူ Dior အိတ်ကိုကိုင်ဆောင်ပြီး ဒီပွဲမှာလှပကြရွနေခဲ့တာပါ။ နိုင်ငံမျိုးစုံကလူပေါင်းများစွာထဲမှာထင်ပေါ်တောက်ပနေခဲ့တဲ့ M ဆိုင်းလုကတော့ အခုဆိုရင်နိုင်ငံခြားမီဒီယာတွေရဲ့သတိထားခြင်းကိုခံလိုက်ရပါပြီ။အနီရောင်ဝတ်စုံလေးနဲ့လှပနေတဲ့ M ဆိုင်းလုရဲ့ပုံရိပ်တွေကို နိုင်ငံခြားသတင်းမီဒီယာတွေက အထူးတလည်ဖော်ပြခဲ့ပါတယ်။

ဒီအကြောင်းကို မြန်မာနိုင်ငံရဲ့နာမည်ကြီးမိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ မေဦးကပြန်လည်ဝေမျှပေးထားတာပါ။အပြစ်ပြောစရာမရှိအောင်လှပတဲ့ မြန်မာနိုင်ငံရဲ့စူပါမော်ဒယ်လ် M ဆိုင်းလုကို အခုလိုဖော်ပြခြင်းခံရတာဟာတကယ့်ကို ဂုဏ်ယူစရာပါပဲ။ပရိသတ်ကြီးလည်း M ဆိုင်းလုရဲ့အမိုက်စားပုံရိပ်တွေကိုကြွေသွားတယ်မဟုတ်လား…။
Source:MayOo,MSengLu
Sweet – CeleGabar

error: Content is protected !!