” ခ်စ္သူေလးကို လြမ္းလို႔ ေကာ္ဖီေသာက္တာမဟုတ္ပဲ က်န္းမာေရးအရ ေသာက္တာပါဆိုတဲ့ မေအးေသာင္း “

မေအးေသာင္းလို႕ ပရိသတ္ေတြကခ်စ္စနိုးနဲ႕ ေခၚဆိုၾကတဲ႕ အပ်ိဳၾကီးမမ ေအး၀တ္ရည္ေသာင္းဟာ ပုရိသေတြရဲ႕ အားေပးခ်စ္ခင္မႈကို အျပည္႕အဝရရွိပိုင္ဆိုင္ထားတာပဲျဖစ္ပါတယ္။အသက္ (၁၂)နွစ္ေလာက္ကတည္းက ေမာ္ဒယ္မင္းသမီးတစ္ေယာက္အေနနဲ႕ အနုပညာေလာကထဲကို ၀င္ေရာက္လာတဲ႕ သူတစ္ေယာက္ျဖစ္ျပီး လြန္ခဲ႕တဲ႕ နွစ္အနည္းငယ္အတြင္းမွာေတာ႕ အနုပညာအလုပ္ေတြကို ရပ္နားခဲ႕ပါေသးတယ္။လက္ရိွမွာေတာ့ သူမဟာ အနုပညာလုပ္ငန္းေတြကို ျပန္လည္လုပ္ကိုင္လာျပီး ပထမဆံုးျပန္လည္ရိုက္ကူးခဲ႕တဲ႕ “မုန္းစြဲ”ရုပ္ရွင္ဇာတ္ကားၾကီး မွာတင္ သူမရဲ႕ ပီျပင္ေျပာင္ေျမာက္လွတဲ႕ သရုပ္ေဆာင္မႈေတြေၾကာင္႕ ပရိသတ္အားေပးခ်စ္ခင္မႈကို အျပည္႕အဝျပန္လည္ရရွိခဲ႕တာပဲျဖစ္ပါတယ္။

ျဖဴစင္တဲ႕ စိတ္ထားေလးကို ပိုင္ဆိုင္ထားတဲ႕ မေအးေသာင္းကေတာ႕ လူမႈအက်ိဳးျပဳလုပ္ငန္းေတြကို အားတက္သေရာနဲ႕ ပါဝင္လုပ္ကိုင္ေနတက္တဲ႕ သူေတြထဲမွာ တစ္ေယာက္အေနနဲ႕ အပါအဝင္ပဲျဖစ္ပါတယ္။မေအးေသာင္းကေတာ့ မၾကာေသးမီကမွ ေမာ္ဒိုက္ကမ္းေျခက္ို အပန္းေျဖခရီးထြက္ခဲ့ျပီး လက္ရိွမွာေတာ့ ခရီးမွျပန္ေရာက္လာကာ အနုပညာလုပ္ငန္းေတြကို ဆက္တိုက္လုပ္ကိုင္ေနပါတယ္။သူမကေတာ့ အခုခ်ိန္ထိ တစ္ကိုယ္တည္းျဖတ္သန္းေနတဲ့ အပ်ိဳၾကီးမမ မင္းသမီးမ်ားထဲက တစ္ေယာက္အပါအ၀င္ျဖစ္တာေၾကာင့္ မေအးေသာင္းရဲ႕ အခ်စ္ေရးကေတာ့ ပရိသတ္ေတြရဲ႕ အထူးအာရံုစိုက္ ေစာင့္ၾကည့္ျခင္းခံေနရတာလည္းျဖစ္ပါတယ္။အခုရက္ပိုင္းအတြင္းမွာတင္ သူမရဲ႕ ပါးေဖာင္းေဖာင္းနဲ႔ ခ်စ္သူေလးကို အရိပ္အျမြတ္ခ်ျပခဲ့ပါေသးတယ္။

မေအးေသာင္းကေတာ့ ခ်စ္သူေလးကို လြမ္းလို႔ ေကာ္ဖီေသာက္တာမဟုတ္ဘဲ က်န္းမာေရးအရ ေသာက္တာကို “ေကာ္ဖီမွာ ကဖင္းဓာတ္ပါလို႔ပင္ပန္းတာေပ်ာက္ေစတယ္။အဆီေလာင္ကၽြမ္းမႈကိုအားေပးတယ္။စိတ္ဓာတ္က်တာေလ်ာ့ပါးေစတယ္။ႏွလံုးေရာဂါသမားတခ်ိဳ႕အတြက္အေထာက္အကူျပဴတယ္။အန္တီေအာက္စီးဒင့္န္ပါလို႔ ႏုပ်ိဳေစတယ္။မင္းကိုလြမ္းလို႔ေသာက္တာလို႔ ထင္ေနမွာစိုးလို႔” သူမရဲ႕ လူမႈကြန္ရက္ စာမ်က္နာမွ က်ီစယ္တဲ့သေဘာနဲ႔ တင္ထားပါတယ္။CeleGabar ပရိသတ္ၾကီးေရ အပ်ိဳၾကီးမမ မေအးေသာင္းကေတာ့ Ro ေနပါျပီေနာ္။

Source: Aye Thaung
DarDar-CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ချစ်သူလေးကို လွမ်းလို့ ကော်ဖီသောက်တာမဟုတ်ပဲ ကျန်းမာရေးအရ သောက်တာပါဆိုတဲ့ မအေးသောင်း ”

မအေးသောင်းလို့ ပရိသတ်တွေကချစ်စနိုးနဲ့ ခေါ်ဆိုကြတဲ့ အပျိုကြီးမမ အေးဝတ်ရည်သောင်းဟာ ပုရိသတွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။အသက် (၁၂)နှစ်လောက်ကတည်းက မော်ဒယ်မင်းသမီးတစ်ယောက်အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာတဲ့ သူတစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာတော့ အနုပညာအလုပ်တွေကို ရပ်နားခဲ့ပါသေးတယ်။လက်ရှိမှာတော့ သူမဟာ အနုပညာလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်လာပြီး ပထမဆုံးပြန်လည်ရိုက်ကူးခဲ့တဲ့ “မုန်းစွဲ”ရုပ်ရှင်ဇာတ်ကားကြီး မှာတင် သူမရဲ့ ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးချစ်ခင်မှုကို အပြည့်အဝပြန်လည်ရရှိခဲ့တာပဲဖြစ်ပါတယ်။

ဖြူစင်တဲ့ စိတ်ထားလေးကို ပိုင်ဆိုင်ထားတဲ့ မအေးသောင်းကတော့ လူမှုအကျိုးပြုလုပ်ငန်းတွေကို အားတက်သရောနဲ့ ပါဝင်လုပ်ကိုင်နေတက်တဲ့ သူတွေထဲမှာ တစ်ယောက်အနေနဲ့ အပါအဝင်ပဲဖြစ်ပါတယ်။မအေးသောင်းကတော့ မကြာသေးမီကမှ မော်ဒိုက်ကမ်းခြေကို အပန်းဖြေခရီးထွက်ခဲ့ပြီး လက်ရှိမှာတော့ ခရီးမှပြန်ရောက်လာကာ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ကိုင်နေပါတယ်။သူမကတော့ အခုချိန်ထိ တစ်ကိုယ်တည်းဖြတ်သန်းနေတဲ့ အပျိုကြီးမမ မင်းသမီးများထဲက တစ်ယောက်အပါအဝင်ဖြစ်တာကြောင့် မအေးသောင်းရဲ့ အချစ်ရေးကတော့ ပရိသတ်တွေရဲ့ အထူးအာရုံစိုက် စောင့်ကြည့်ခြင်းခံနေရတာလည်းဖြစ်ပါတယ်။အခုရက်ပိုင်းအတွင်းမှာတင် သူမရဲ့ ပါးဖောင်းဖောင်းနဲ့ ချစ်သူလေးကို အရိပ်အမြွတ်ချပြခဲ့ပါသေးတယ်။

မအေးသောင်းကတော့ ချစ်သူလေးကို လွမ်းလို့ ကော်ဖီသောက်တာမဟုတ်ဘဲ ကျန်းမာရေးအရ သောက်တာကို “ကော်ဖီမှာ ကဖင်းဓာတ်ပါလို့ပင်ပန်းတာပျောက်စေတယ်။အဆီလောင်ကျွမ်းမှုကိုအားပေးတယ်။စိတ်ဓာတ်ကျတာလျော့ပါးစေတယ်။နှလုံးရောဂါသမားတချို့အတွက်အထောက်အကူပြူတယ်။အန်တီအောက်စီးဒင့်န်ပါလို့ နုပျိုစေတယ်။မင်းကိုလွမ်းလို့သောက်တာလို့ ထင်နေမှာစိုးလို့” သူမရဲ့ လူမှုကွန်ရက် စာမျက်နာမှ ကျီစယ်တဲ့သဘောနဲ့ တင်ထားပါတယ်။CeleGabar ပရိသတ်ကြီးရေ အပျိုကြီးမမ မအေးသောင်းကတော့ Ro နေပါပြီနော်။

error: Content is protected !!