“သမီးေလးရဲ႕ ေမြးေန႔မွာ သမီးေလးကိုယ္စား လႉဒါန္းမႈေတြျပဳလုပ္ေပးခဲ့တဲ့ ေဖေဖ ပိုင္ေဇရဲထြန္းနဲ႔ ေမေမ ဇင္သဲနိုင္”

႐ုပ္ရွင္နဲ႔ဗီဒီယိုသ႐ုပ္ေဆာင္ ပိုင္ေဇရဲထြန္းကေတာ့ ခ်စ္စရာဇနီးေခ်ာေလးကို ပိုင္ဆိုင္ထားၿပီး မိန္းမကိုသည္းသည္းလႈပ္ဂ႐ုစိုက္တတ္သူပဲျဖစ္ပါတယ္။ဇင္သဲႏိုင္ဟာဆိုရင္လည္း ခ်စ္စရာေကာင္းတဲ့အျပင္ ထက္ျမက္တဲ့ မိန္းကေလးတစ္ဦးလည္းျဖစ္ပါတယ္။ ဇင္သဲနိုင္ဟာ လြန္ခဲ့တဲ့ လအနည္းငယ္ကလည္း Women Leader Program (2019) ပြဲႀကီးကို တက္ေရာက္ခဲ့တဲ့ အထိကို ထူးခြၽန္ထက္ျမတ္တဲ့ သူတစ္ေယာက္ပါ။

လက္ရွိမွာေတာ့ “Art & J Myanmar” ေက်ာက္မ်က္ရတနာဆိုင္ေလးကို ဦးေဆာင္ေနတဲ့ စီးပြားေရးလုပ္ငန္းရွင္အမ်ိဳးသမီး တစ္ဦးျဖစ္တဲ့ အျပင္ ခင္ပြန္းနဲ႔အတူ ခ်စ္စရာေကာင္းတဲ့သားသားေလးႏွစ္ေယာက္ သမီးေလးတစ္ေယာက္တို႔ကို ျပဳစုေစာင့္ေရွာက္ေနတဲ့ အိမ္ရွင္မေကာင္းတစ္ေယာက္လည္း ျဖစ္ပါတယ္။ၿပီးခဲ့တဲ့ စက္တင္ဘာလ (၂၅)ရက္ေန႔ကေတာ့ ပိုင္ေဇရဲထြန္းနဲ႔ ဇင္သဲႏိုင္တို႔ရဲ႕ သမီးေလးျဖစ္တဲ့ “ၿငိမ္းခင္ခင္ဝိုင္” ရဲ႕ အသက္(၁၃)ႏွစ္ျပည့္ေျမာက္တဲ့ ေန႔ေလးပဲျဖစ္ပါတယ္။

ဒီေမြးေန႔ရက္ျမတ္ေလးမွာေတာ့ ေမြးေန႔ရွင္သမီးေလးက ေက်ာင္းတက္ေနရတာေၾကာင့္ ေဖေဖနဲ႔ ေမေမတို႔ကပဲ ေန႔ဆြမ္းနဲ႔ဝတၳဳေငြဆပ္ကပ္လႉဒါန္းေပးခဲ့တဲ့ အေၾကာင္းကို “မီးမီးေက်ာင္းသြားေနေတာ့ ကိုယ္စား ေဖေဖနဲ႔ေမေမက ဆရာေတာ္သံဃာ အပါး(၂၀)ကိုေန႔ဆြမ္းနဲ႔ နဝကမၼဝတၳဳေငြဆပ္ကပ္လႉဒါန္းေပးပါတယ္။”လို႔ ဇင္သဲႏိုင္က သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေနေဖာ္ျပထားတာပဲျဖစ္ပါတယ္။သမီးေလး ဘုန္းႀကီးလို႔အသက္ရွည္လိုရာဆႏၵျပည့္ပါေစဖို႔ကိုလည္း ဆုေတာင္းေပးထားပါေသးတယ္။

Source : Zin Thae Naing
Chilli – CeleGabar
ယူနီကုတ္ျဖင့္ဖတ္ရန္။

“သမီးလေးရဲ့ မွေးနေ့မှာ သမီးလေးကိုယ်စား လှူဒါန်းမှုတွေပြုလုပ်ပေးခဲ့တဲ့ ဖေဖေ ပိုင်ဇေရဲထွန်းနဲ့ မေမေ ဇင်သဲနိုင်”

ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ပိုင်ဇေရဲထွန်းကတော့ ချစ်စရာဇနီးချောလေးကို ပိုင်ဆိုင်ထားပြီး မိန်းမကိုသည်းသည်းလှုပ်ဂရုစိုက်တတ်သူပဲဖြစ်ပါတယ်။ဇင်သဲနိုင်ဟာဆိုရင်လည်း ချစ်စရာကောင်းတဲ့အပြင် ထက်မြက်တဲ့ မိန်းကလေးတစ်ဦးလည်းဖြစ်ပါတယ်။ ဇင်သဲနိုင်ဟာ လွန်ခဲ့တဲ့ လအနည်းငယ်ကလည်း Women Leader Program (2019) ပွဲကြီးကို တက်ရောက်ခဲ့တဲ့ အထိကို ထူးချွန်ထက်မြတ်တဲ့ သူတစ်ယောက်ပါ။

လက်ရှိမှာတော့ “Art & J Myanmar” ကျောက်မျက်ရတနာဆိုင်လေးကို ဦးဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီး တစ်ဦးဖြစ်တဲ့ အပြင် ခင်ပွန်းနဲ့အတူ ချစ်စရာကောင်းတဲ့သားသားလေးနှစ်ယောက် သမီးလေးတစ်ယောက်တို့ကို ပြုစုစောင့်ရှောက်နေတဲ့ အိမ်ရှင်မကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၅)ရက်နေ့ကတော့ ပိုင်ဇေရဲထွန်းနဲ့ ဇင်သဲနိုင်တို့ရဲ့ သမီးလေးဖြစ်တဲ့ “ငြိမ်းခင်ခင်ဝိုင်” ရဲ့ အသက်(၁၃)နှစ်ပြည့်မြောက်တဲ့ နေ့လေးပဲဖြစ်ပါတယ်။

ဒီမွေးနေ့ရက်မြတ်လေးမှာတော့ မွေးနေ့ရှင်သမီးလေးက ကျောင်းတက်နေရတာကြောင့် ဖေဖေနဲ့ မေမေတို့ကပဲ နေ့ဆွမ်းနဲ့ဝတ္ထုငွေဆပ်ကပ်လှူဒါန်းပေးခဲ့တဲ့ အကြောင်းကို “မီးမီးကျောင်းသွားနေတော့ ကိုယ်စား ဖေဖေနဲ့မေမေက ဆရာတော်သံဃာ အပါး(၂၀)ကိုနေ့ဆွမ်းနဲ့ နဝကမ္မဝတ္ထုငွေဆပ်ကပ်လှူဒါန်းပေးပါတယ်။”လို့ ဇင်သဲနိုင်က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။သမီးလေး ဘုန်းကြီးလို့အသက်ရှည်လိုရာဆန္ဒပြည့်ပါစေဖို့ကိုလည်း ဆုတောင်းပေးထားပါသေးတယ်။

Source : Zin Thae Naing

error: Content is protected !!