



Shwe Poe – CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

” ကျေးလက်ဒေသရဲ့ သဘာဝအလှစစ်နဲ့ ဓလေ့တွေကို ပီပီပြင်ပြင်ပုံဖော်ပြသလိုက်တဲ့ ဖြိုးရာဇာနိုင် ”

ဖြိုးရာဇာနိုင်ကတော့ မောင်မြင့်အဖြစ် ” မျက်လုံးမှာအလွမ်းနှုတ်ခမ်းမှာမာန ” ဇာတ်လမ်းတွဲထဲမှာမောင်မြင့် ဇာတ်ကောင်အနေနဲ့ ပရိတ်သတ်အကြိုက်တွေ့ခဲ့တဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ ချောမောတဲ့ ရုပ်သွင်ကိုပိုင်ဆိုင်ထားပြီး ယောကျာ်းပီသတဲ့ သွင်ပြင်ကြောင့် ပရိသတ်တွေသတိထားမိလာသူလည်းဖြစ်ပါတယ်။ သူရဲ့သရုပ်ဆောင်ချက်တွေက အနုပညာကျောင်းဆင်းတစ်ယောက်ဖြစ်တာကြောင့်လည်း ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်ပြီး အောင်မြင်ဖို့ အလားအလာရှိသူတစ်ဦးလို့ဆိုရမှာပါ။

တက်သစ်စ ဖြစ်ပေမယ့် ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသားနေရာတောင် မဟုတ်သေးဘဲ ပရိသတ်တွေအားပေးဝန်းရံခံ နေရသူပဲဖြစ်ပါတယ်။” မျက်လုံးမှာအလွမ်း နှုတ်ခမ်း မှာမာန” ဇာတ်လမ်းတွဲမှာတော့ ဒရိုင်ဘာ မောင်မြင့်အဖြစ် သရုပ်ဆောင်ခဲ့တာပါ။အပိုအလိုမရှိဘဲ ကျရာ ဇာတ်ရုပ်မှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့လို့ ပရိသတ်ချစ်ခင်အားပေးမှုကိုရရှိခဲ့တာပဲ ဖြစ်ပါတယ်။ကြော်ငြာ တွေစတင်ရိုက်ကူးခဲ့ပြီး ဇာတ်လမ်းတွဲတွေပါရိုက်ကူးနေပြီဖြစ်တာမို့ အောင်မြင်မှုလမ်းကြောင်းပေါ်စတင်လျှောက်လှမ်းနေပြီလို့ ပြောရမှာပဲ ဖြစ်ပါတယ်။

Photo Shooting လေးတွေကို ဆက်တိုက်ရိုက်ကူးကာ ပွဲတက်လေးတွေကိုလည်း အဆက်မပြတ်တက်ရောက်နေရတဲ့သူတစ်ယောက် ဖြစ်ပြီး မကြာသေးမီကလည်း ဇာတ်လမ်းတွဲတင်မဟုတ်ဘဲ ရုပ်ရှင်ကားကြီးကိုရိုက်ကူးခဲ့တယ်လို့လည်းသိရပါတယ်။ ရိုက်ကူးခဲ့တဲ့မင်းသမီးကတော့ ပုရိသတွေသည်းသည်းလှုပ်ကြွေရတဲ့ မအေးသောင်းနဲ့ ပြင်ဦးလွင်မှာရိုက်ကူးနေပုံကို လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ဇာတိ ရွှေဘိုမြို့ကို ရောက်ရှိနေကာ ရွှေဘိုမြို့ ချီပါရွာမှာ ကျေးလက်ဒေသရဲ့ဓလေ့တွေကို ပီပီပြင်ပြင်ပုံဖော်ထားကာ ကိုယ်တိုင်လယ်ထဲဆင်းကာ သဘာဝအလှစစ်တွေကို ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးကိုလည်း ဖြိုးရာဇာနိုင်ရဲ့ ကျေးလက်တောရွာအလှကို ပုံဖော်ထားတဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်နော်။

Source :Phyo Yazar Naing
Shwe Poe – CeleGabar

error: Content is protected !!