” အဆိုေတာ္မေနာနဲ႕ အႏုပညာအလုပ္ေတြ တြဲဖက္လုပ္ကိုင္ေနၿပီျဖစ္တဲ့ ျဖဴျဖဴေထြး “

ျဖဴျဖဴေထြးဆိုတာနဲ ႔ ပရိသတ္ေတြကိုရယ္ေမာေစတဲ့ အသက္ငယ္တဲ့အႏုပညာရွင္တစ္ေယာက္လို ႔ သတ္မွတ္ထားၾကတာပဲ ျဖစ္ပါတယ္။ပထမေတာ့ ပရိသတ္ေတြက ေဝဖန္မႈ၊ တိုက္ခိုက္မႈမ်ားစြာရွိခဲ့ေပမယ့္ အခုခ်ိန္မွာ ပြင့္လင္းတဲ့ အေျပာ ႐ိုးသားတဲ့စိတ္ဓာတ္ေလးေၾကာင့္ ပရိသတ္ေတြ လက္ခံအားေပးလာတာပဲ ျဖစ္ပါတယ္။ပရိသတ္ေတြ အခ်စ္ပိုလာရတဲ့အေၾကာင္းကေတာ့ ပရိသတ္ေျပာတဲ့စကားေလးေတြကို တန္ဖိုးထားၿပီးေတာ့နားေထာင္ကာ ျပဳျပင္ေျပာင္းလဲခဲ့တဲ့အတြက္ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚ ေရာက္သင့္သေလာက္ေရာက္လာခဲ့ၿပီလို႔ဆိုႏိုင္ပါတယ္။

အႏုပညာအလုပ္မ်ားစြာကို လုပ္ကိုင္ေနၿပီျဖစ္ၿပီး ေၾကာ္ျငာေတြပါလက္ခံ႐ိုက္ကူးလာတဲ့ ျဖဴျဖဴေထြးကေတာ့ သူမရဲ႕ Life Style ကို ပြင့္လင္း ရုိးသားစြာ ေဖာ္ျပေပးတတ္သူလို႕ ဆိုရမွာပါ။ ျဖဴျဖဴေထြးဟာ Myanmar Influencer Awards (2019) မွာ ” Celebrity Influencer Award Winner ” ဆုကိုရရွိခဲ့ၿပီးေနာက္ပိုင္း အႏုပညာအလုပ္ေတြကို ဆက္တိုက္ဆိုသလို မအားလပ္ရေလာက္ေအာင္ ႐ိုက္ကူးေနရတာပဲ ျဖစ္ပါတယ္။သူမရဲ႕ရြာမွာ မိဘေတြအတြက္ ရရွိလာတဲ့ အႏုပညာေၾကးေတြနဲ႕ အိမ္ေကာင္းေကာင္းတစ္လံုးကိုေဆာက္ေပးႏုိင္ခဲ့ၿပီး အိမ္တက္အလွဴကိုလည္း တခမ္းတနား ရြာလံုးကၽြတ္မီးခိုးတိတ္ အိမ္တက္အလွဴလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။

ျဖဴျဖဴေထြးဟာ သူမဇာတိရြာေလးမွာ အလွဴေတြကို ရရင္ရသလို လွဴဒါန္းေနၿပီး သက္ႀကီး ရြယ္အိုမ်ားနဲ႕ ကေလးေတြကို အဓိကလွဴဒါန္းတတ္တာပဲ ျဖစ္ပါတယ္။ လတ္တေလာမွာ အဆိုေတာ္မေနာနဲ႕ အႏုပညာအလုပ္ေတြ အတူတူတြဲလုပ္ေနတာပဲ ျဖစ္ပါတယ္။ ေနာက္ထပ္ ျပည္သူခ်စ္လူရႊင္ေတာ္ ထက္ထက္လည္း ပါဝင္ထားတာေတြ့ရပါတယ္။ ရွဴတင္ရုိက္ကြင္းေပၚက ပံုရိပ္ေတြကို သူမရဲ႕ ပရိသတ္ေတြအတြက္ ဗီဒီယိုဖိုင္ေလးတင္ထားတာပဲ ျဖစ္ပါတယ္။ CeleGabar ပရိသတ္ႀကီးလည္း ျဖဴျဖဴေထြးနဲ႕ မေနာ ရဲ႕ ရုိက္ကူးမႈေလးက ဘာအတြက္လဲဆိုတာ ခန္႕မွန္းေပးခဲ့ပါဦးေနာ္။

Source: Phyu Phyu Htwe
Shwe Poe – CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” အဆိုတော်မနောနဲ့ အနုပညာအလုပ်တွေ တွဲဖက်လုပ်ကိုင်နေပြီဖြစ်တဲ့ ဖြူဖြူထွေး ”

ဖြူဖြူထွေးဆိုတာနဲ့ ပရိသတ်တွေကိုရယ်မောစေတဲ့ အသက်ငယ်တဲ့အနုပညာရှင်တစ်ယောက်လို့ သတ်မှတ်ထားကြတာပဲ ဖြစ်ပါတယ်။ပထမတော့ ပရိသတ်တွေက ဝေဖန်မှု၊ တိုက်ခိုက်မှုများစွာရှိခဲ့ပေမယ့် အခုချိန်မှာ ပွင့်လင်းတဲ့ အပြော ရိုးသားတဲ့စိတ်ဓာတ်လေးကြောင့် ပရိသတ်တွေ လက်ခံအားပေးလာတာပဲ ဖြစ်ပါတယ်။ပရိသတ်တွေ အချစ်ပိုလာရတဲ့အကြောင်းကတော့ ပရိသတ်ပြောတဲ့စကားလေးတွေကို တန်ဖိုးထားပြီးတော့နားထောင်ကာ ပြုပြင်ပြောင်းလဲခဲ့တဲ့အတွက် အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်သင့်သလောက်ရောက်လာခဲ့ပြီလို့ဆိုနိုင်ပါတယ်။

အနုပညာအလုပ်များစွာကို လုပ်ကိုင်နေပြီဖြစ်ပြီး ကြော်ငြာတွေပါလက်ခံရိုက်ကူးလာတဲ့ ဖြူဖြူထွေးကတော့ သူမရဲ့ Life Style ကို ပွင့်လင်း ရိုးသားစွာ ဖော်ပြပေးတတ်သူလို့ ဆိုရမှာပါ။ ဖြူဖြူထွေးဟာ Myanmar Influencer Awards (2019) မှာ ” Celebrity Influencer Award Winner ” ဆုကိုရရှိခဲ့ပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလို မအားလပ်ရလောက်အောင် ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။သူမရဲ့ရွာမှာ မိဘတွေအတွက် ရရှိလာတဲ့ အနုပညာကြေးတွေနဲ့ အိမ်ကောင်းကောင်းတစ်လုံးကိုဆောက်ပေးနိုင်ခဲ့ပြီး အိမ်တက်အလှူကိုလည်း တခမ်းတနား ရွာလုံးကျွတ်မီးခိုးတိတ် အိမ်တက်အလှူလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဖြူဖြူထွေးဟာ သူမဇာတိရွာလေးမှာ အလှူတွေကို ရရင်ရသလို လှူဒါန်းနေပြီး သက်ကြီး ရွယ်အိုများနဲ့ ကလေးတွေကို အဓိကလှူဒါန်းတတ်တာပဲ ဖြစ်ပါတယ်။ လတ်တလောမှာ အဆိုတော်မနောနဲ့ အနုပညာအလုပ်တွေ အတူတူတွဲလုပ်နေတာပဲ ဖြစ်ပါတယ်။ နောက်ထပ် ပြည်သူချစ်လူရွှင်တော် ထက်ထက်လည်း ပါဝင်ထားတာတွေ့ရပါတယ်။ ရှူတင်ရိုက်ကွင်းပေါ်က ပုံရိပ်တွေကို သူမရဲ့ ပရိသတ်တွေအတွက် ဗီဒီယိုဖိုင်လေးတင်ထားတာပဲ ဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးလည်း ဖြူဖြူထွေးနဲ့ မနော ရဲ့ ရိုက်ကူးမှုလေးက ဘာအတွက်လဲဆိုတာ ခန့်မှန်းပေးခဲ့ပါဦးနော်။

Source: Phyu Phyu Htwe
Shwe Poe – CeleGabar

error: Content is protected !!