” (၂၀၁၉) ခုနွစ္ရဲ႕ အေအာင္ျမင္ဆံုးရုပ္ရွင္ဇာတ္ကားတစ္ခု ျဖစ္လာေတာ့မည့္ ” လိပ္ျပာစံအိမ္ ” ရုပ္ရွင္ဇာတ္ကားၾကီး “

ျမန္မာ့ရုပ္ရွင္ေလာကမွာေတာ့ နိုင္ငံတကာအဆင့္မီ ရုပ္ရွင္ကားေကာင္းမ်ားကို စတင္ရိုက္ကူးလာၾကျပီး (၂၀၁၈) ခုႏွစ္ထဲမွာ ရုပ္ရွင္ဇာတ္ကားၾကီး (၁၀၀)ေက်ာ္ ထြက္ရိွခဲ့ျပီးေနာက္ ဒီႏွစ္ (၂၀၁၉)မွာလည္း ရုပ္ရွင္ဇာတ္ကားၾကီး(၂၀၀)ေက်ာ္(၃၀၀)ထြက္ရိွမယ္လို႕ ခန္႔မွန္းထားၾကပါတယ္။ထြက္ရိွတဲ့ ရုပ္ရွင္ကားအေရအတြက္မ်ားလာသလို ရုပ္ရွင္အရည္အေသြးေတြလဲ ျမင့္မားလာတာကို ေတြ႕ရမွာပါ။ယခုနွစ္ထဲမွာမွာေတာ့ ျမန္မာနိုင္ငံ၏ရုပ္ရွင္ကားၾကီး ေတာ္ေတာ္မ်ားကေတာ့ နိုင္ငံတကာရုပ္ရွင္ျပပြဲေတြမွာ ျပသခြင့္ရခဲ့သလို အိမ္နီခ်င္းနိုင္ငံမ်ား၏ ရုပ္ရွင္ရံုေတြမွာပါ ရံုတင္ခြင့္ရလာတာဟာဆိုရင္ ျမန္မာ့ရုပ္ရွင္ေလာက တိုးတတ္လာျပီဆိုတဲ့ လကၡဏာ တစ္ရပ္ပဲျဖစ္ပါတယ္။

ထြက္ရိွခဲ့ျပီးတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးမ်ားထဲကမွ သည္းထိပ္ရင္ဖို သရဲကားတစ္ကားျဖစ္တဲ့ “လိပ္ျပာစံအိမ္” ဇာတ္ကားၾကီးကေတာ့ အာရွနိုင္ငံေတြျဖစ္တဲ့ ထိုင္း၊ဗီယက္နမ္၊ေဟာင္ေကာင္၊ မကာအို၊ အင္ဒိုနီးရွား၊ စင္ကာပူ၊ ထိုင္၀မ္နဲ႔ ကေမၻာဒီးယား ဆိုတဲ့ နိုင္ငံၾကီး(၈)နိုင္ငံအထိ ျဖန္႔ခ်ီျပသခြင့္ရခဲ့တဲ့အထိ ေအာင္ျမင္မႈအၾကီးအက်ယ္ရခဲ့ပါတယ္။”လိပ္ျပာစံအိမ္” ရုပ္ရွင္ဇာတ္ကားၾကီးဟာ (၂၀၁၉)ခုနွစ္၊ေဖေဖာ္၀ါရီလ(၈)ရက္ေန႕တြင္ ျမန္မာနိုင္ငံမွာ စတင္ရံုတင္ျပသခဲ့ျပီး ယခုအခ်ိန္အထိ ရံုတင္ျပသေနဆဲပဲျဖစ္ပါတယ္။ျမန္မာနိုင္ငံမွာတင္ ရံုတင္ရက္(၁၅)ပတ္အထိ ရံုတင္ျပသထားနိုင္ခဲ့တဲ့ အေအာင္ျမင္ဆံုးရုပ္ရွင္ဇာတ္ကားၾကီးလည္းျဖစ္ပါတယ္။

ထိုရုပ္ရွင္ဇာတ္ကားၾကီးထဲမွာေတာ့ ပါ၀င္သရုပ္ေဆာင္ခဲ့တဲ့ အနုပညာရွင္ေတြကေတာ့ နိုင္ငံေက်ာ္ ဒိတ္ဒိတ္ၾကဲအနုပညာရွင္ေတြျဖစ္တဲ့ နိုင္းနိုင္း၊ထပ္ဆင့္အကယ္ဒမီ၀တ္မႈံေရႊရည္တို႔နဲ႔အတူ ႏႈတ္ခမ္းနီမေလးေတြရဲ႕အသည္းေက်ာ္ ေဒါင္းကလည္း အဓိကပါ၀င္သရုပ္ေဆာင္ထားျပီး ျပည့္ျပည့္နဲ႔ ကေလးသရုပ္ေဆာင္မ်ားစြာပါ၀င္သရုပ္ေဆာင္ထားပါတယ္။CeleGabar ပရိသတ္ၾကီး ေရ “လိပ္ျပာစံအိမ္” ရုပ္ရွင္ဇာတ္ကားၾကီးရဲ႕ ေအာင္ျမင္မႈကေတာ့ အံမခန္းပါပဲေနာ္။

Source: လိပ္ျပာစံအိမ္ – The Only Mom
DarDar-CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” (၂၀၁၉) ခုနှစ်ရဲ့ အအောင်မြင်ဆုံးရုပ်ရှင်ဇာတ်ကားတစ်ခု ဖြစ်လာတော့မည့် ” လိပ်ပြာစံအိမ် ” ရုပ်ရှင်ဇာတ်ကားကြီး ”

မြန်မာ့ရုပ်ရှင်လောကမှာတော့ နိုင်ငံတကာအဆင့်မီ ရုပ်ရှင်ကားကောင်းများကို စတင်ရိုက်ကူးလာကြပြီး (၂၀၁၈) ခုနှစ်ထဲမှာ ရုပ်ရှင်ဇာတ်ကားကြီး (၁၀၀)ကျော် ထွက်ရှိခဲ့ပြီးနောက် ဒီနှစ် (၂၀၁၉)မှာလည်း ရုပ်ရှင်ဇာတ်ကားကြီး(၂၀၀)ကျော်(၃၀၀)ထွက်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ထွက်ရှိတဲ့ ရုပ်ရှင်ကားအရေအတွက်များလာသလို ရုပ်ရှင်အရည်အသွေးတွေလဲ မြင့်မားလာတာကို တွေ့ရမှာပါ။ယခုနှစ်ထဲမှာမှာတော့ မြန်မာနိုင်ငံ၏ရုပ်ရှင်ကားကြီး တော်တော်များကတော့ နိုင်ငံတကာရုပ်ရှင်ပြပွဲတွေမှာ ပြသခွင့်ရခဲ့သလို အိမ်နီချင်းနိုင်ငံများ၏ ရုပ်ရှင်ရုံတွေမှာပါ ရုံတင်ခွင့်ရလာတာဟာဆိုရင် မြန်မာ့ရုပ်ရှင်လောက တိုးတတ်လာပြီဆိုတဲ့ လက္ခဏာ တစ်ရပ်ပဲဖြစ်ပါတယ်။

ထွက်ရှိခဲ့ပြီးတဲ့ ရုပ်ရှင်ဇာတ်ကားကြီးများထဲကမှ သည်းထိပ်ရင်ဖို သရဲကားတစ်ကားဖြစ်တဲ့ “လိပ်ပြာစံအိမ်” ဇာတ်ကားကြီးကတော့ အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ဗီယက်နမ်၊ဟောင်ကောင်၊ မကာအို၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်ဝမ်နဲ့ ကမ္ဘောဒီးယား ဆိုတဲ့ နိုင်ငံကြီး(၈)နိုင်ငံအထိ ဖြန့်ချီပြသခွင့်ရခဲ့တဲ့အထိ အောင်မြင်မှုအကြီးအကျယ်ရခဲ့ပါတယ်။”လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးဟာ (၂၀၁၉)ခုနှစ်၊ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် မြန်မာနိုင်ငံမှာ စတင်ရုံတင်ပြသခဲ့ပြီး ယခုအချိန်အထိ ရုံတင်ပြသနေဆဲပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတင် ရုံတင်ရက်(၁၅)ပတ်အထိ ရုံတင်ပြသထားနိုင်ခဲ့တဲ့ အအောင်မြင်ဆုံးရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။

ထိုရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တွေကတော့ နိုင်ငံကျော် ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေဖြစ်တဲ့ နိုင်းနိုင်း၊ထပ်ဆင့်အကယ်ဒမီဝတ်မှုံရွှေရည်တို့နဲ့အတူ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် ဒေါင်းကလည်း အဓိကပါဝင်သရုပ်ဆောင်ထားပြီး ပြည့်ပြည့်နဲ့ ကလေးသရုပ်ဆောင်များစွာပါဝင်သရုပ်ဆောင်ထားပါတယ်။CeleGabar ပရိသတ်ကြီး ရေ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အောင်မြင်မှုကတော့ အံမခန်းပါပဲနော်။

x
error: Content is protected !!