အေဖတစ္ေယာက္ရဲ႕ ေမတၱာကို ေမးခြန္းထုတ္ခဲ့ဖူးရင္ မျဖစ္မေန ၾကည့္သင့္တဲ့ ကမာၻႏွစ္ထပ္ ႐ုပ္ရွင္ဇာတ္ကားႀကီး

ဇာတ္ကားေလးအေၾကာင္း မေျပာခင္မွာ ေမးခြန္းေလးတစ္ခုေလာက္ေမးပါရေစ….။ ပရိသတ္ေတြရဲ႕ အေဖေတြက ပရိသတ္တို႔ကို ဘယ္ေလာက္ခ်စ္တယ္ ထင္ပါသလဲ?? အေဖရဲ႕ ေမတၱာကို အလုံးစုံ မရခဲ့လို႔ အေဖ့ကို မုန္းေနမိၿပီလား…။ ဒါဆိုရင္ေတာ့ အေဖတစ္ေယာက္ရဲ႕ ေမတၱာကို ေမးခြန္းထုတ္ေနတဲ့ သူေတြ အတြက္ေကာ အေဖကို ခ်စ္တဲ့ သူေတြနဲ႔ မခ်စ္တဲ့ သူေတြ ၾကည့္သင့္တဲ့ ဇာတ္ကားေလးတစ္ကားကို မိတ္ဆက္ေပးခ်င္ပါတယ္။

အိမ္ေထာင္ေရးအဆင္မေျပမႈေၾကာင့္ မိသားစုေလး ၿပိဳကြဲခဲ့ၿပီး ဖခင္ ေမတၱာကို ငတ္မြတ္ခဲ့တဲ့ သမီးေလး သုသုက အေဖျဖစ္သူ ေက်ာ္ထက္အေပၚ သူစိမ္းတစ္ေယာက္လို ေျပာဆိုဆက္ဆံ႐ုံကလြဲၿပီး ဖခင္တစ္ေယာက္လို မသတ္မွတ္ခဲ့ပါဘူး။ တစ္ေန႔မွာေတာ့ ကံၾကမၼာရဲ႕ ေပါင္းစည္းမႈေၾကာင့္ ေက်ာ္ထက္နဲ႔ အတူ သမီးေလး သုသုတို႔ ခရီးရွည္တစ္ခု အတူသြားဖို႔ အေၾကာင္းဖန္လာခဲ့ပါေတာ့တယ္။ ဖခင္အေပၚအျမင္မၾကည္တဲ့ သမီးေလး သုသုနဲ႔ တစ္လမ္းလုံး အဆင္မေျပခဲ့ေပမယ့္ မထင္မွတ္ထားတဲ့ ျပႆနာတစ္ခုကို သားအဖႏွစ္ေယာက္ရင္ဆိုင္ ႀကဳံေတြ႕ရခ်ိန္မွာေတာ့ သမီးေလး ေရွ႕မွာ တံတိုင္းႀကီးတစ္ခုလို ကာကြယ္ေပးခ်င္တဲ့ ဖခင္တစ္ေယာက္ရဲ႕ ေမတၱာ၊ အေဖျဖစ္သူကို အျမင္မၾကည္ေပမယ့္ အေဖ့ရဲ႕ ကာကြယ္ေစာင့္ေရွာက္မႈကို လိုခ်င္ေနတဲ့ သမီးေလး သုသု တို႔ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ဇာတ္သိမ္းေလးျဖစ္လာႏိုင္ပါ့မလားဆိုတာကို ရင္ခုန္စြာနဲ႔ ၾကည့္ရွဴခံစားရမွာပါ။

အေဖ ျဖစ္သူနဲ႔ သမီးျဖစ္သူၾကားက တင္းမာေနတဲ့ ဆက္ဆံေရးတစ္ခုကို ဒါ႐ိုက္တာ အာကာက ေသသပ္လွတဲ့ ႐ိုက္ကြင္း႐ိုက္ကြက္ေတြနဲ႔ ႐ိုက္ကူးထားၿပီး ၾကည့္ေနၾက ဇာတ္ေအးပုံစံမ်ိဳးမဟုတ္ဘဲ အက္ရွင္ ဒရမ္မာ ဇာတ္လမ္းအမ်ိဳးအစားျဖစ္တာေၾကာင့္ ပရိသတ္ေတြကို လုံးဝအားရေက်နပ္မႈ ေပးႏိုင္မယ့္ ဇာတ္ကားေကာင္းတစ္ကားပါ။ ဖခင္ ေမတၱာကို မတူညီတဲ့ ရွဴေထာင့္ ကေန ဇာတ္လမ္း ဇာတ္အိမ္ခိုင္မာစြာ ေဖာ္ၾကဴးထားတာျဖစ္လို႔ ပရိသတ္ေတြအေနနဲ႔ ယခုႏွစ္အတြင္းမွာ လက္လႊတ္မခံသင့္တဲ့ ဇာတ္ကားတစ္ကား အျဖစ္ ၫႊန္းဆိုေပးလိုက္ပါတယ္ေနာ္။

Source:ကမ္ဘာနှစ်ထပ်

NORA:CeleGabar

(Unicode ျဖင့္ဖတ္ရန္)

အဖေတစ်ယောက်ရဲ့ မေတ္တာကို မေးခွန်းထုတ်မိဖူးရင် မဖြစ်မနေ ကြည့်သင့်တဲ့ ကမ္ဘာနှစ်ထပ် ရုပ်ရှင်ဇာတ်ကားကြီး

ဇာတ်ကားလေးအကြောင်း မပြောခင်မှာ မေးခွန်းလေးတစ်ခုလောက်မေးပါရစေ….။ ပရိသတ်တွေရဲ့ အဖေတွေက ပရိသတ်တို့ကို ဘယ်လောက်ချစ်တယ် ထင်ပါသလဲ?? အဖေရဲ့ မေတ္တာကို အလုံးစုံ မရခဲ့လို့ အဖေ့ကို မုန်းနေမိပြီလား…။ ဒါဆိုရင်တော့ အဖေတစ်ယောက်ရဲ့ မေတ္တာကို မေးခွန်းထုတ်နေတဲ့ သူတွေ အတွက်ကော အဖေကို ချစ်တဲ့ သူတွေနဲ့ မချစ်တဲ့ သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။

အိမ်ထောင်ရေးအဆင်မပြေမှုကြောင့် မိသားစုလေး ပြိုကွဲခဲ့ပြီး ဖခင် မေတ္တာကို ငတ်မွတ်ခဲ့တဲ့ သမီးလေး သုသုက အဖေဖြစ်သူ ကျော်ထက်အပေါ် သူစိမ်းတစ်ယောက်လို ပြောဆိုဆက်ဆံရုံကလွဲပြီး ဖခင်တစ်ယောက်လို မသတ်မှတ်ခဲ့ပါဘူး။ တစ်နေ့မှာတော့ ကံကြမ္မာရဲ့ ပေါင်းစည်းမှုကြောင့် ကျော်ထက်နဲ့ အတူ သမီးလေး သုသုတို့ ခရီးရှည်တစ်ခု အတူသွားဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်။ ဖခင်အပေါ်အမြင်မကြည်တဲ့ သမီးလေး သုသုနဲ့ တစ်လမ်းလုံး အဆင်မပြေခဲ့ပေမယ့် မထင်မှတ်ထားတဲ့ ပြဿနာတစ်ခုကို သားအဖနှစ်ယောက်ရင်ဆိုင် ကြုံတွေ့ရချိန်မှာတော့ သမီးလေး ရှေ့မှာ တံတိုင်းကြီးတစ်ခုလို ကာကွယ်ပေးချင်တဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာ၊ အဖေဖြစ်သူကို အမြင်မကြည်ပေမယ့် အဖေ့ရဲ့ ကာကွယ်စောင့်ရှောက်မှုကို လိုချင်နေတဲ့ သမီးလေး သုသု တို့ ပျော်ရွှင်စရာကောင်းတဲ့ ဇာတ်သိမ်းလေးဖြစ်လာနိုင်ပါ့မလားဆိုတာကို ရင်ခုန်စွာနဲ့ ကြည့်ရှူခံစားရမှာပါ။

အဖေ ဖြစ်သူနဲ့ သမီးဖြစ်သူကြားက တင်းမာနေတဲ့ ဆက်ဆံရေးတစ်ခုကို ဒါရိုက်တာ အာကာက သေသပ်လှတဲ့ ရိုက်ကွင်းရိုက်ကွက်တွေနဲ့ ရိုက်ကူးထားပြီး ကြည့်နေကြ ဇာတ်အေးပုံစံမျိုးမဟုတ်ဘဲ အက်ရှင် ဒရမ်မာ ဇာတ်လမ်းအမျိုးအစားဖြစ်တာကြောင့် ပရိသတ်တွေကို လုံးဝအားရကျေနပ်မှု ပေးနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားပါ။ ဖခင် မေတ္တာကို မတူညီတဲ့ ရှူထောင့် ကနေ ဇာတ်လမ်း ဇာတ်အိမ်ခိုင်မာစွာ ဖော်ကြူးထားတာဖြစ်လို့ ပရိသတ်တွေအနေနဲ့ ယခုနှစ်အတွင်းမှာ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကား အဖြစ် ညွှန်းဆိုပေးလိုက်ပါတယ်နော်။

error: Content is protected !!