သူမကိုယ္တိုင္တည္ေထာင္ထားတဲ့ ရင္ေသြးေလးမ်ားေဂဟာအတြက္ တစ္ရက္တည္းနဲ႔ သိန္း (၅၀) နီးပါး အလႉေငြရရွိခဲ့တဲ့ ခိုင္ႏွင္းေဝ

ပရဟိတအလုပ္ေတြကို ကိုယ္တိုင္စိတ္ႏွစ္ၿပီး ႀကိဳးႀကိဳးစားစား အက်ိဳးေဆာင္လုပ္ကိုင္ေနတဲ့ မင္းသမီးခိုင္ႏွင္းေဝတစ္ေယာက္ ဒီေန႔မွာ ေတာ့ သမီးေလးနဲ႔အတူThe One Exhibition က စီစဥ္က်င္းပတဲ့ End Of Season Sale ေဈးေရာင္းပြဲႀကီးကို တက္ေရာက္ခဲ့တာပဲ ျဖစ္ပါတယ္။ ခ်စ္စရာေကာင္းတဲ့ ေမေမနဲ႔သမီးႏွစ္ေယာက္သားကေတာ့ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ပြဲတက္ခဲ့ၾကၿပီး ပြဲစီစဥ္သူေတြက ” ခိုင္ႏွင္းေဝ ရင္ေသြးေလးမ်ား ေဂဟာ ” အတြက္ မတည္ေငြ သိန္း (၄၀) လႉဒါနိးခဲ့ၿပီး ပြဲတြင္းမွာရွိတဲ့ အလႉခံပုံးထဲကလည္း အလႉေငြ ၈သိန္းခန႔္ ရရွိခဲ့တာပဲျဖစ္ပါတယ္။

ေစတနာထားၿပီးလုပ္ကိုင္ေနတဲ့ ေမေမခိုင္ႏွင္းေဝအတြက္ ပီတိျဖစ္ရတဲ့အခိုက္အတန႔္ေလးေတြေပါ့။ ရင္ခြင္မဲ့ကေလးငယ္ေလးေတြကို ကိုယ့္သားသမီးအရင္းလိုေစာင့္ေရွာက္ေပးၿပီး အစစအရာရာ ဂ႐ုစိုက္လြန္းတဲ့ မင္းသမီးအတြက္ ဒီအလႉေငြေတြဟာ ကေလးငယ္ေလး ေတြရဲ႕ အနာဂတ္ပိုမိုေကာင္းမြန္လာဖို႔ အေထာက္အပံ့တစ္ခုျဖစ္ေစခဲ့ပါတယ္။ ခ်စ္စရာေကာင္းတဲ့ ရင္ေသြးငယ္ေလးေတြရဲ႕ ဘဝေတြကို လည္း ပိုမိုေတာက္ေျပာင္လာေအာင္ ေမေမခိုင္ႏွင္းေဝက အၿမဲတမ္းပံ့ပိုးေနသူတစ္ေယာက္ပါ။

 

သူမရဲ႕ဝမ္းသာပီတိေလးကို ” ဒီေန႔ The One Exhibition မွ စီစဥ္က်င္းပတဲ့ End Of Season Sale ေစ်းေရာင္းပြဲႀကီးမွာ Organizers မ်ားမွ က်မရဲ႕ ခိုင္ႏွင္းေဝ ရင္ေသြးေလးမ်ား ေဂဟာ သို႔ မတည္ေငြ သိန္း ၄၀ ကို လႉဒါနိးခဲ့ၿပီး ပြဲတြင္းရွိ အလႉခံ ပုံး ထဲမွ အလႉေငြ (၈) သိန္းခန႔္ ရရွိခဲ့ပါတယ္ရွင္ ယခုလို အစစအရာရာ ၿပီးျပည့္စုံေအာင္ စီစဥ္ေပးၿပီး က်မရဲ႕ သားသမီးေတြအတြက္ အျပည့္အဝ လႉဒါန္းေပး ၾကတဲ့ The One Exhibition ႏွင့္ ခုႏွစ္ရက္ သားသမီးမ်ား အားလုံးကိုလည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင္ ” ဆိုၿပီး ေဖာ္ျပလိုက္တာ ပဲျဖစ္ပါတယ္။

Photo – Khine Hnin Wai
Happy – Cele Gabar

(ယူနီကုဒ္ျဖင့္ဖတ္ရန္)

” သူမကိုယ်တိုင်တည်ထောင်ထားတဲ့ ရင်သွေးလေးများဂေဟာအတွက် တစ်ရက်တည်းနဲ့ သိန်း (၅၀) နီးပါး အလှူငွေရရှိခဲ့တဲ့ ခိုင်နှင်းဝေ ”

ပရဟိတအလုပ်တွေကို ကိုယ်တိုင်စိတ်နှစ်ပြီး ကြိုးကြိုးစားစား အကျိုးဆောင်လုပ်ကိုင်နေတဲ့ မင်းသမီးခိုင်နှင်းဝေတစ်ယောက် ဒီနေ့မှာတော့ သမီးလေးနဲ့အတူThe One Exhibition က စီစဉ်ကျင်းပတဲ့ End Of Season Sale ဈေးရောင်းပွဲကြီးကို တက်ရောက်ခဲ့ တာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မေမေနဲ့သမီးနှစ်ယောက်သားကတော့ ပျော်ပျော်ရွှင်ရွှင်ပွဲတက်ခဲ့ကြပြီး ပွဲစီစဉ်သူတွေက ” ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ ” အတွက် မတည်ငွေ သိန်း (၄၀) လှူဒါနိးခဲ့ပြီး ပွဲတွင်းမှာရှိတဲ့ အလှူခံပုံးထဲကလည်း အလှူငွေ ၈သိန်းခန့် ရရှိခဲ့တာပဲဖြစ်ပါတယ်။

စေတနာထားပြီးလုပ်ကိုင်နေတဲ့ မေမေခိုင်နှင်းဝေအတွက် ပီတိဖြစ်ရတဲ့အခိုက်အတန့်လေးတွေပေါ့။ ရင်ခွင်မဲ့ကလေးငယ်လေးတွေ ကို ကိုယ့်သားသမီးအရင်းလိုစောင့်ရှောက်ပေးပြီး အစစအရာရာ ဂရုစိုက်လွန်းတဲ့ မင်းသမီးအတွက် ဒီအလှူငွေတွေဟာ ကလေးငယ်လေးတွေရဲ့ အနာဂတ်ပိုမိုကောင်းမွန်လာဖို့ အထောက်အပံ့တစ်ခုဖြစ်စေခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ ရင်သွေးငယ်လေးတွေရဲ့ ဘဝတွေကိုလည်း ပိုမိုတောက်ပြောင်လာအောင် မေမေခိုင်နှင်းဝေက အမြဲတမ်းပံ့ပိုးနေသူတစ်ယောက်ပါ။

သူမရဲ့ဝမ်းသာပီတိလေးကို ” ဒီနေ့ The One Exhibition မှ စီစဉ်ကျင်းပတဲ့ End Of Season Sale ဈေးရောင်းပွဲကြီးမှာ Organizers များမှ ကျမရဲ့ ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ သို့ မတည်ငွေ သိန်း ၄၀ ကို လှူဒါနိးခဲ့ပြီး ပွဲတွင်းရှိ အလှူခံ ပုံး ထဲမှ အလှူငွေ ( ၈) သိန်းခန့် ရရှိခဲ့ပါတယ်ရှင် ယခုလို အစစအရာရာ ပြီးပြည့်စုံအောင် စီစဉ်ပေးပြီး ကျမရဲ့ သားသမီးတွေအတွက် အပြည့် အဝ လှူဒါန်းပေးကြတဲ့ The One Exhibition နှင့် ခုနှစ်ရက် သားသမီးများ အားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါ တယ်ရှင် ” ဆိုပြီး ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။

Photo – Khine Hnin Wai
Happy – Cele Gabar

error: Content is protected !!