ခ်စ္ရတဲ့သားသမီးေတြအတြက္ ဝမ္းသာရလြန္းလို႔ စကားလုံးေတြေပ်ာက္ရွၿပီး စင္ျမင့္ေပၚမွာပဲ မ်က္ရည္မဆည္ႏိုင္ျဖစ္ခဲ့ရတဲ့ ေမေမခိုင္ႏွင္းေဝ

ေမေမခိုင္ႏွင္းေဝကေတာ့ ရင္ခြင္မဲ့ကေလးငယ္ေတြအတြက္ ေစာင့္ေရွာက္ေရးေဂဟာေလးတစ္ခု ဖြင့္လွစ္ခဲ့ၿပီး ျပဳစုေစာင့္ေရွာက္ခဲ့တာ ပဲျဖစ္ပါတယ္။ တာဝန္ယူထားရသမွ်ကေလးငယ္တိုင္းကို ကိုယ့္သားသမီးလိုျပဳစုေစာင့္ေရွာက္ၿပီး ရင္အုပ္မခြာခ်စ္ခင္ၾကင္နာလြန္းတဲ့ ခိုင္ႏွင္းေဝရဲ႕ ေမတၱာတရားကိုေတာ့ အားလုံးလည္းအသိပါပဲ။ ပရဟိတဆိုလည္း ကိုယ္တိုင္ဦးေဆာင္လုပ္တဲ့အျပင္ အလႉအတန္း ဆိုလည္း လက္မေႏွးသူတစ္ေယာက္ပါပဲ။

ဒီေန႔မွာေတာ့ သူမဦးစီးထားတဲ့ ” ခိုင္ႏွင္းေဝ ရင္ေသြးငယ္ေလးမ်ား ေဂဟာ ” ကို End Of Season Sale ေစ်းေရာင္းပြဲႀကီးရဲ႕ Organizers ေတြက မတည္ေငြ သိန္း (၄၀) က်ပ္လွဴဒါန္းခ့ဲျပီး အလွဴခံပံုးထဲကလည္း ေငြက်ပ္ (၈) သိန္းနီးပါး လက္ခံရရွိခဲ့တာပဲျဖစ္ပါတယ္။ သူမခ်စ္ခင္ရတဲ့ သူမရဲ႕သားသမီးေတြအတြက္ ရည္ရြယ္ျပီး အခုလိုလွဴဒါန္းတာေၾကာင့္ ေမေမခိုင္ႏွင္းေဝတစ္ေယာက္ ၾကည္ႏူးဝမ္းသာမႈ ေတြနဲ႔ စင္ေပၚမွာေက်းဇူးတင္စကားေျပာေနတုန္း မ်က္ရည္မဆိုင္ႏိုင္ျဖစ္ခဲ့ရပါတယ္။

ကိုယ့္သားသမီးေလးေကာင္းစားတာျမင္ရင္ ဝမ္းသာပီတိျဖစ္တဲ့မိဘတစ္ေယာက္ရဲ႕ခံစားခ်က္ေတြနဲ႔ သူမရဲ႕ရင္တြင္းစကားသံေတြကို ဖြင့္ဟသြားခဲ့တာပဲျဖစ္ပါတယ္။ အခုလိုလွဴဒါန္းေပးတဲ့အလွဴရွင္ေတြ ကိုလည္း သူမအေနနဲ႔ေက်းဇူးတင္စကားေတြတဝၾကီးေျပာခဲ့ပါေသး

တယ္။ ေစတနာအျပည့္နဲ႔ လုပ္ေဆာင္ေနတဲ့ ေမေမခိုင္ႏွင္းေဝရဲ႕ ပရဟိတစိတ္ဓာတ္ကေတာ့ တကယ့္ကိုခ်ီးက်ဴးေလာက္စရာပဲေနာ္။

Video / Photo – Khine Hnin Wai
Happy – Cele Gabar

(ယူနီကုဒ္ျဖင့္ဖတ္ရန္)

” ချစ်ရတဲ့သားသမီးတွေအတွက် ဝမ်းသာရလွန်းလို့ စကားလုံးတွေပျောက်ရှပြီး စင်မြင့်ပေါ်မှာပဲ မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရတဲ့ မေမေခိုင်နှင်းဝေ ”

မေမေခိုင်နှင်းဝေကတော့ ရင်ခွင်မဲ့ကလေးငယ်တွေအတွက် စောင့်ရှောက်ရေးဂေဟာလေးတစ်ခု ဖွင့်လှစ်ခဲ့ပြီး ပြုစုစောင့်ရှောက်ခဲ့တာပဲဖြစ်ပါတယ်။ တာဝန်ယူထားရသမျှကလေးငယ်တိုင်းကို ကိုယ့်သားသမီးလိုပြုစုစောင့်ရှောက်ပြီး ရင်အုပ်မခွာချစ်ခင်ကြင်နာလွန်းတဲ့ ခိုင်နှင်းဝေရဲ့ မေတ္တာတရားကိုတော့ အားလုံးလည်းအသိပါပဲ။ ပရဟိတဆိုလည်း ကိုယ်တိုင်ဦးဆောင်လုပ်တဲ့အပြင် အလှူအတန်းဆိုလည်း လက်မနှေးသူတစ်ယောက်ပါပဲ။

ဒီနေ့မှာတော့ သူမဦးစီးထားတဲ့ ” ခိုင်နှင်းဝေ ရင်သွေးငယ်လေးများ ဂေဟာ ” ကို End Of Season Sale ဈေးရောင်းပွဲကြီးရဲ့ Organizers တွေက မတည်ငွေ သိန်း (၄၀) ကျပ်လှူဒါန်းခဲ့ပြီး အလှူခံပုံးထဲကလည်း ငွေကျပ် (၈) သိန်းနီးပါး လက်ခံရရှိခဲ့တာပဲဖြစ်ပါတယ်။ သူမချစ်ခင်ရတဲ့ သူမရဲ့သားသမီးတွေအတွက် ရည်ရွယ်ပြီး အခုလိုလှူဒါန်းတာကြောင့် မေမေခိုင်နှင်းဝေတစ်ယောက် ကြည်နူးဝမ်းသာမှုတွေနဲ့ စင်ပေါ်မှာကျေးဇူးတင်စကားပြောနေတုန်း မျက်ရည်မဆိုင်နိုင်ဖြစ်ခဲ့ရပါတယ်။

ကိုယ့်သားသမီးလေးကောင်းစားတာမြင်ရင် ဝမ်းသာပီတိဖြစ်တဲ့မိဘတစ်ယောက်ရဲ့ခံစားချက်တွေနဲ့ သူမရဲ့ရင်တွင်းစကားသံတွေကိုဖွင့်ဟသွားခဲ့တာပဲဖြစ်ပါတယ်။ အခုလိုလှူဒါန်းပေးတဲ့အလှူရှင်တွေ ကိုလည်း သူမအနေနဲ့ကျေးဇူးတင်စကားတွေတဝကြီးပြောခဲ့ပါသေးတယ်။ စေတနာအပြည့်နဲ့ လုပ်ဆောင်နေတဲ့ မေမေခိုင်နှင်းဝေရဲ့ ပရဟိတစိတ်ဓာတ်ကတော့ တကယ့်ကိုချီးကျူးလောက်စရာပဲနော်။

Video / Photo – Khine Hnin Wai
Happy – Cele Gabar

error: Content is protected !!