ခေါင်းဆောင်မင်းသမီးတစ်ယောက် အနေနဲ့ ရုပ်ရှင် ဇာတ်ကားသစ်ကြီးမှာ ပါဝင်ရိုက်ကူးတော့မဲ့ ခြူးလေး

1,272

 

 

 




 

Source:Chue Chue
Khinb Mi [email protected]
ယူနီကုဒ်နဲ့ ဖတ်ရန်

 

ခြူးလေးကတော့ ထာဝရမန္တလေး၊လူရည်ချွန် စတဲ့ MRTV-4 ဇာတ်လမ်းတွဲတွေကနေတဆင့် အနုပညာလောကထဲကို ထိုးဖောက်ဝင်ရောက်လာတဲ့ မင်းသမီးချောလေးတစ်ဦးပဲဖြစ်ပါတယ်။အေးချမ်းတဲ့အပြုံး ချစ်စဖွယ်မျက်နှာလေးနဲ့ ရိုးသားပွင့်လင်းလှတဲ့စိတ်ကြောင့် ပရိတ်သတ်များရဲ့ အချစ်ကိုအခိုင်အမာရရှိထားသူလည်းပဲဖြစ်ပါတယ်။

ခြူးလေးဟာ ကြော်ငြာ၊ဇာတ်လမ်းတွဲများကို ဆက်တိုက်ရိုက်ကူးနေပြီး သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတာဖြစ်ပါတယ်။”နွေလယ်ညရဲ့လမင်းလေး”ဇာတ်လမ်းတွဲမှာ “စိုးစန္ဒာ” ဇာတ်ကောင်နဲ့ရိုက်ကူးဖို့ရှိနေကြောင်း အနုပညာလှုပ်ရှားမှုများကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ဖော်ပြထားပါတယ်။

လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ ခြူးလေးဟာ “ကြယ်ကြွေချိန်မှာ နင်နဲ့ငါ” လို့ အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးသစ်ကို သရုပ်ဆောင် မင်းသားချော အလင်းရောင် နဲ့တွဲဖက်ကာ ခေါင်းဆောင်းမင်းသမီးတစ်ယောက် နေရာကြနေ စတင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။”ကြယ်ကြွေချိန် နင်နဲ့ငါ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲမှာ မြန်မာဆန်ဆန်လေးနဲ့ မြင်တွေ့ရတဲ့ သူမရဲ့ပုံလေးတွေကို Cele Gabar ပရိသတ်ကြီးအတွက် မျှဝေပေးရင်း ခြူးလေးရဲ့ရုပ်ရှင်ဇာတ်ကားကြီးထွက်လာရင် အားပေးကြမှာလား ဖြေခဲ့ပေးကြပါဦး…..နော်။