

 



 

 

 

Source: Htoo Aung

NORA:CeleGabar

(Unicode ဖြင့်ဖတ်ရန်)

Fanတစ်ယောက်ပေးခဲ့တဲ့ ဝက်ဝံရုပ်လေးထဲက Iphone 11 Promaxကြောင့် အံ့သြ ဝမ်းသာ ဖြစ်ခဲ့ရတဲ့ မင်းသား ထူးအောင်

မော်ဒယ် မင်းသားချောတစ်ယောက်ဖြစ်တဲ့ ထူးအောင် က နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားတဲ့ မင်းသားတစ်ဦးဖြစ်သလို တက်သစ်စအနုပညာရှင်ဖြစ်ပေမယ့် ပရိသတ်တွေရဲ့အချစ်တွေကို များစွာပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ အမိုက်စား Bodyကြောင့် ဆွဲဆောင်မှု အပြည့်ရှိတဲ့ မင်းသားတစ်ဦးအဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသူဖြစ်တဲ့ အပြင် သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လည်း ပရိသတ်တွေ တော်တော်များများ သတိထားမိခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

လက်ရှိမှာ ဆိုရင် ရုပ်ရှင်ဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးလျက်ရှိပြီး ပရိသတ်တွေကို ချစ်တဲ့ စိတ်အပြည့်နဲ့ အကောင်းဆုံးကြိုးစားနေတဲ့ ထူးအောင်ကို မြင်တွေ့ရမှာပါ။ လတ်တလောမှာတော့ MRTV -4 မှာ ပြသလျက်ရှိတဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ပျောက်ဆုံးနေသော အမှန်တရား ရုပ်သံဇာတ်လမ်းတွဲမှာ တည်ငြိမ်ရင့်ကျက်တဲ့ Royalမိသားစုရဲ့ သားအကြီးဆုံးဖြစ်သူ ကောင်းထက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာကို ကြည့်ရှူခံစားရမှာပါ။

မော်ဒယ် မင်းသား ဖြစ်တဲ့ ထူးအောင်က ပရိသတ်တွေကို လေးစားတန်ဖိုးထားတတ်သူတစ်ဦးဖြစ်တဲ့အပြင် ပရိသတ်တွေအတွက် အမြဲအကောင်းဆုံးကြိုးစားတတ်လို့ ထူးအောင်ကို ချစ်တဲ့ ပရိသတ်တွေက အားကျချင်စရာကောင်းလောက်အောင် သည်းသည်းလှုပ်ဖြစ်ကြပါတယ်။ ယခုလည်း Fanတစ်ယောက်က ဝက်ဝံရုပ်လေးလက်ဆောင်ပေးထားတာကို အမှတ်မဲ့ ထားလိုက်မိတော့ နောက်မှတွေ့ရတဲ့ ဝက်ဝံရုပ်လေးထဲက I phone 11 Promaxကြောင့် အရမ်းကို အံ့သြပြီး လက်ဆောင်‌ပေးတဲ့ ပရိသတ်ကို လည်း ကျေးဇူးတင်ကြောင်း ပြောကြားထားပါသေးတယ်။ ဒါကြောင့် ထူးအောင်ချစ်တဲ့ ပရိသတ်တွေလည်း အပျော်တွေထပ်တူ ကူးစက်စေဖို့အတွက် တင်ပေးလိုက်ပါတယ်နော်။

error: Content is protected !!