” ျမန္မာျပည္ရဲ႕ ဘယ္ေနရာမွာ Show ပြဲလုပ္လုပ္ လိုက္အားေပးမယ့္ ပရိသတ္ေတြေၾကာင့္ ေသေပ်ာ္ၿပီဆိုတဲ့ ပိုပို “

အဆိုေတာ္သ႐ုပ္ေဆာင္ပိုပို ဟာ ျပည္သူခ်စ္အႏုပညာရွင္တစ္ဦးျဖစ္ၿပီး အလွဴ အတန္း မၾကာခဏျပဳလုပ္တတ္သူေလးလည္းျဖစ္ၿပီး ကိုယ္တိုင္တစ္ဦးတည္း ကိုယ့္ဒူးကိုယ္ခြၽန္ကာ ရပ္တည္လာႏိုင္သူတစ္ဦးလည္းျဖစ္ပါတယ္။ သူမဘဝအေၾကာင္းကိုလည္း ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္း ေဖာ္ထုတ္ေျပာျပထား သူေလးလည္း ျဖစ္တဲ့အျပင္ သူမသီခ်င္းေတာ္ေတာ္မ်ားမ်ားကို ကေလးလူႀကီးမေ႐ြးႏွစ္သက္သေဘာက်ၾကတာေၾကာင့္ ပရိသတ္အခိုင္အမာရရွိထားတဲ့ အမ်ိဳးသမီးအဆိုေတာ္ တစ္ဦးပါပဲေနာ္။

 

အဆိုေတာ္ပိုပိုလို႔ ပရိသတ္ေတြလက္ခံလာခဲ့တဲ့ သီခ်င္းကေတာ့ ” ခ်စ္ဖူးခဲ့သမွ်”သီခ်င္းMTVေလး ျဖစ္ၿပီး ျမင့္ျမတ္နဲ ႔တြဲဖက္သ႐ုပ္ေဆာင္ထားတာပဲ ျဖစ္ပါတယ္။ထပ္မံၿပီး ကေလးပရိသတ္ေတြကအစ ႏွစ္သက္သေဘာက်တဲ့ သီခ်င္းေလးကေတာ့ ဒုတိယေအာင္ျမင္မႈလို့ေတာင္ဆိုႏုိင္တဲ့ “ဘာမွမလိုဘူး” သီခ်င္းေလးပါပဲ။ႏိုင္ငံေက်ာ္သ႐ုပ္ေဆာင္မင္းသားေက်ာ္ေက်ာ္ဗို နဲ႔ တြဲဖက္သ႐ုပ္ေဆာင္ထားကာ အဲ့ဒိ MTV ကို ပရိသတ္ေတာ္ေတာ္မ်ားမ်ား ႀကိဳက္ႏွစ္သက္ခဲ့ၾကပါတယ္။ မၾကာေသးမီကလည္း သူမရဲ႕ အေဟာင္း ႏွစ္ပုဒ္ကို မင္းသားေခ်ာေလးႏွစ္ေယာက္ျဖစ္တဲ့ သီဟေအာင္၊မင္းေသြးခန႔္ တို႔နဲ႔ MTV ေလးကို ႐ိုက္ကူးထားပါေသးတယ္။ ပိုပိုဟာ အမ်ားကအားက်ရတဲ့ သိန္း(၅)ေထာင္တန္ကိုယ္ပိုင္အိမ္လွလွေလးကို ပိုင္ဆိုင္ထားၿပီး ကိုယ္ပိုင္စတူဒီယိုေလးကိုလည္း ကိုယ္ပိုင္အႏုပညာေၾကးေတြနဲ႕ စုေဆာင္းကာ ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး သူမအိမ္ေလးမွာ အနုပညာရွင္ေမာင္နွမေတြနဲ႕အတူ ပါတီေလးေတြ က်င္းပခဲ့ေသးတာပဲ ျဖစ္ပါတယ္။

သူမရဲ႕ ပရိသတ္ေတြကိုလည္း ရင္းရင္းႏွီးႏွီးနဲ႕ မၾကာမၾကာေတြ႕ဆံုတတ္တဲ့ အဆိုေတာ္ေလးတစ္ေယာက္ျဖစ္ၿပီး We Love ေတြနဲ ႔လည္း အလွဴအတန္းေတြအျပင္ သီလရွင္လည္း အတူတူဝတ္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။လက္ရွိမွာလည္း ဒီဇင္ဘာလမွာ (၂၄) ရက္ေန႕မွာ က်င္းပမယ့္ One Lady Show ပြဲကို မႏၱေလးမွာ က်င္းပမွာ ျဖစ္ပါတယ္။ ရန္ကုန္က သူမရဲ႕ ပရိသတ္ေတြဟာလည္း လိုက္လံအားေပးမွာ ျဖစ္တာေၾကာင့္ ပိုပိုကေတာ့ အရမ္းကိုေပ်ာ္ရႊင္ဝမ္းသာေနေၾကာင္းကို ” ေသေပ်ာ္ၿပီ ကိုယ့္ကို ခ်စ္ၾကတ့ဲ အမာခံေတြ ရွိေနေတာ့ ျမန္မာျပည္ရဲ႕ ဘယ္ေနရာမွာ Show လုပ္လုပ္သူတို႔က ဝန္းရံေနမွာပဲေလ ေက်နပ္တယ္ ။ ရန္ကုန္ကေန မန္းေလး ကိုလာအားေပးမ့ဲသူေတြ ” ဆိုကာ ပရိသတ္ေတြသူမကို ခ်စ္ေပးတာေၾကာင့္ ဝမ္းသာဂုဏ္ယူေနတာပဲ ျဖစ္ပါတယ္။ CeleGabar ပရိသတ္ႀကီးလည္း ပိုပိုကိုအားေပးရင္ မွတ္ခ်က္တစ္ခုုခုေပးခဲ့ပါဦးေနာ္။

Source : ဝတ္ရည္မိုး
Shwe Poe – CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” မြန်မာပြည်ရဲ့ ဘယ်နေရာမှာ Show ပွဲလုပ်လုပ် လိုက်အားပေးမယ့် ပရိသတ်တွေကြောင့် သေပျော်ပြီ ဆိုတဲ့ ပိုပို ”

အဆိုတော်သရုပ်ဆောင်ပိုပို ဟာ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်ပြီး အလှူ အတန်း မကြာခဏပြုလုပ်တတ်သူလေးလည်းဖြစ်ပြီး ကိုယ်တိုင်တစ်ဦးတည်း ကိုယ့်ဒူးကိုယ်ချွန်ကာ ရပ်တည်လာနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ သူမဘဝအကြောင်းကိုလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြောပြထား သူလေးလည်း ဖြစ်တဲ့အပြင် သူမသီချင်းတော်တော်များများကို ကလေးလူကြီးမရွေးနှစ်သက်သဘောကျကြတာကြောင့် ပရိသတ်အခိုင်အမာရရှိထားတဲ့ အမျိုးသမီးအဆိုတော် တစ်ဦးပါပဲနော်။

အဆိုတော်ပိုပိုလို့ ပရိသတ်တွေလက်ခံလာခဲ့တဲ့ သီချင်းကတော့ ” ချစ်ဖူးခဲ့သမျှ”သီချင်းMTVလေး ဖြစ်ပြီး မြင့်မြတ်နဲ့တွဲဖက်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ထပ်မံပြီး ကလေးပရိသတ်တွေကအစ နှစ်သက်သဘောကျတဲ့ သီချင်းလေးကတော့ ဒုတိယအောင်မြင်မှုလို့တောင်ဆိုနိုင်တဲ့ “ဘာမှမလိုဘူး” သီချင်းလေးပါပဲ။နိုင်ငံကျော်သရုပ်ဆောင်မင်းသားကျော်ကျော်ဗို နဲ့ တွဲဖက်သရုပ်ဆောင်ထားကာ အဲ့ဒိ MTV ကို ပရိသတ်တော်တော်များများ ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ မကြာသေးမီကလည်း သူမရဲ့ အဟောင်း နှစ်ပုဒ်ကို မင်းသားချောလေးနှစ်ယောက်ဖြစ်တဲ့ သီဟအောင်၊မင်းသွေးခန့် တို့နဲ့ MTV လေးကို ရိုက်ကူးထားပါသေးတယ်။ ပိုပိုဟာ အများကအားကျရတဲ့ သိန်း(၅)ထောင်တန်ကိုယ်ပိုင်အိမ်လှလှလေးကို ပိုင်ဆိုင်ထားပြီး ကိုယ်ပိုင်စတူဒီယိုလေးကိုလည်း ကိုယ်ပိုင်အနုပညာကြေးတွေနဲ့ စုဆောင်းကာ ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး သူမအိမ်လေးမှာ အနုပညာရှင်မောင်နှမတွေနဲ့အတူ ပါတီလေးတွေ ကျင်းပခဲ့သေးတာပဲ ဖြစ်ပါတယ်။

သူမရဲ့ ပရိသတ်တွေကိုလည်း ရင်းရင်းနှီးနှီးနဲ့ မကြာမကြာတွေ့ဆုံတတ်တဲ့ အဆိုတော်လေးတစ်ယောက်ဖြစ်ပြီး We Love တွေနဲ့လည်း အလှူအတန်းတွေအပြင် သီလရှင်လည်း အတူတူဝတ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။လက်ရှိမှာလည်း ဒီဇင်ဘာလမှာ (၂၄) ရက်နေ့မှာ ကျင်းပမယ့် One Lady Show ပွဲကို မန္တလေးမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ရန်ကုန်က သူမရဲ့ ပရိသတ်တွေဟာလည်း လိုက်လံအားပေးမှာ ဖြစ်တာကြောင့် ပိုပိုကတော့ အရမ်းကိုပျော်ရွှင်ဝမ်းသာနေကြောင်းကို ” သေပျော်ပြီ ကိုယ့်ကို ချစ်ကြတဲ့ အမာခံတွေ ရှိနေတော့ မြန်မာပြည်ရဲ့ ဘယ်နေရာမှာ Show လုပ်လုပ်သူတို့က ဝန်းရံနေမှာပဲလေ ကျေနပ်တယ် ။ ရန်ကုန်ကနေ မန်းလေး ကိုလာအားပေးမဲ့သူတွေ ” ဆိုကာ ပရိသတ်တွေသူမကို ချစ်ပေးတာကြောင့် ဝမ်းသာဂုဏ်ယူနေတာပဲ ဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးလည်း ပိုပိုကိုအားပေးရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : ဝတ်ရည်မိုး
Shwe Poe – CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

error: Content is protected !!