အိမ္ေထာင္ေရးနဲ႔ပတ္သက္ျပီးခံစားခ်က္ေတြပြင့္အန္ထြက္လာတဲ့ Goo Hye Sun ရဲ႕သီခ်င္းအသစ္ထြက္ရွိလာ

အခုဆိုရင္ေတာင္ကိုရီးယားႏိုင္ငံရဲ႕နာမည္ၾကီးမင္းသမီးတစ္လက္ျဖစ္တဲ့ Goo Hye Sun နဲ႔ခင္ပြန္းျဖစ္သူတို႔ဟာ တရားရင္ဆိုင္ဖို႔အတြက္ျပင္ဆင္ေနၾကျပီျဖစ္ပါတယ္။မင္းသမီးဟာ အိမ္ေထာင္ေရးကိုမျပိဳကြဲခ်င္ဘဲ ဆက္လက္ထိန္းသိမ္းထားလိုသူလည္းျဖစ္ပါတယ္။ ေျပာင္ေျမာက္ထူးခၽြန္တဲ့အႏုပညာသမားပီပီ ခံစားခ်က္ေတြကို စာအုပ္ေတြ ပန္းခ်ီေတြထဲမွာ ထုတ္ေဖာ္ျပသေလ့ရွိတဲ့ သူမကေတာ့ အခုဆိုရင္အိမ္ေထာင္ေရးနဲ႔ပတ္သက္တဲ့ ေၾကကြဲဖြယ္ခံစားခ်က္ေတြကို သီခ်င္းတစ္ပုဒ္နဲ႔အတူထုတ္ေဖာ္ျပသလိုက္ပါျပီ။


ဒီေန႔မွာဆိုရင္ Goo Hye Sun ရဲ႕သီခ်င္းအသစ္တစ္ပုဒ္ထြက္ရွိလာတာပဲျဖစ္ပါတယ္။ အဲ့ဒီသီခ်င္းထဲမွာေတာ့
“ငါ့ရဲ႕ႏွလံုးသားေလးကဘယ္ဆီမွာလဲ? မင္းကဘယ္ဆီမွာလဲ?
ဘယ္အရာကမွမတည္ျမဲပါဘူးကြယ္
ငါ့မွာေတာ့ ခံစားခ်က္မဲ့လာခဲ့ရျပီ…
မင္းကေတာ့ငါ့ကိုဆံုးရွံုးလိုက္ရျပီ…
အထီးက်န္မွုေတြၾကားကေန အတိတ္ကိုျပန္ေတြးၾကည့္ဖို႔ေတာင္အခ်ိန္မရွိဘူး
ေန႔တိုင္းဟာအိမ္မက္ေတြလိုပါပဲ….
မနက္ျဖန္ဟာ မေန႕ကထက္ပိုေကာင္းတဲ့ေန႔ရက္ေတြျဖစ္လာဦးမလား?” စတဲဲ့ စာသားေတြမွာ အဆင္မေျပတဲ့ သူတို႔ႏွစ္ဦးရဲ႕အေျခအေနေတြကို ျမင္ရမွာပါ။


ဒါ့အျပင္ ခင္ပြန္းျဖစ္သူေၾကာင့္ ေသခ်င္ေလာက္ေအာင္ခံစားရတယ္ဆိုတဲ့အေၾကာင္းကိုလည္း ေရးသားထားပါေသးတယ္။
“မင္းရဲ႕အသက္ရွဴသံေတြဟာ ငါ့ရဲ႕နားကိုလာရိုက္ခတ္တဲ့ခံစားခ်က္မ်ိဳး
မတားဆီးႏိုင္တဲ့ခြဲခြာျခင္းမ်ိဳး….
ငါဘာအတြက္ေၾကာင့္မ်ားအသက္ရွင္ေနဦးမွာလဲ?
မင္းဆိုခဲ့တဲ့သီခ်င္းေတြဟာ ငါ့ႏွလံုးသားကိုငိုေၾကြးေစသလိုပါပဲ
ငါေသသင့္ေနျပီလား ?
ငါ့မွာႏွလံုးသားရွိေသးရဲ႕လား?
မင္းေကာငါ့ဘ၀မွာရွိေသးရဲ႕လား?
ဘယ္အရာကမွမတည္ျမဲပါဘူးကြယ္” စတဲ့ နာက်င္စရာခံစားခ်က္ေတြကို ေရးသားထားတာပါပါတယ္။ ဒီသီခ်င္းေလးကိုေတာ့ ျပန္လည္မ်ွေ၀လိုက္ပါတယ္။

Goo Hye Sun ဟာ အႏုပညာအလုပ္ေတြရပ္နားေတာ့မယ္လို႔ဆိုေပမဲ့လည္း အခုဆိုရင္ေၾကကြဲစရာခံစားခ်က္ေတြကို ေရးစပ္သီကံုးထားတဲ့သီခ်င္းတစ္ပုဒ္က ပရိသတ္ေရွ႕ကိုေရာက္လာခဲ့ပါျပီ။ ခံစားခ်က္ေတြေပးလာတိုင္းအႏုပညာဖန္တီးမွုေတြလုပ္ေလ့ရွိတဲ့ အႏုပညာရွင္တစ္ေယာက္အတြက္ေတာ့မလြယ္ဘူးထင္ပါရဲ႕ေနာ္…။
Source:koreaboo
Sweet – CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

အိမ်ထောင်ရေးနဲ့ပတ်သက်ပြီးခံစားချက်တွေပွင့်အန်ထွက်လာတဲ့ Goo Hye Sun ရဲ့သီချင်းအသစ်ထွက်ရှိလာ
အခုဆိုရင်တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ Goo Hye Sun နဲ့ခင်ပွန်းဖြစ်သူတို့ဟာ တရားရင်ဆိုင်ဖို့အတွက်ပြင်ဆင်နေကြပြီဖြစ်ပါတယ်။မင်းသမီးဟာ အိမ်ထောင်ရေးကိုမပြိုကွဲချင်ဘဲ ဆက်လက်ထိန်းသိမ်းထားလိုသူလည်းဖြစ်ပါတယ်။ ပြောင်မြောက်ထူးချွန်တဲ့အနုပညာသမားပီပီ ခံစားချက်တွေကို စာအုပ်တွေ ပန်းချီတွေထဲမှာ ထုတ်ဖော်ပြသလေ့ရှိတဲ့ သူမကတော့ အခုဆိုရင်အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ ကြေကွဲဖွယ်ခံစားချက်တွေကို သီချင်းတစ်ပုဒ်နဲ့အတူထုတ်ဖော်ပြသလိုက်ပါပြီ။


ဒီနေ့မှာဆိုရင် Goo Hye Sun ရဲ့သီချင်းအသစ်တစ်ပုဒ်ထွက်ရှိလာတာပဲဖြစ်ပါတယ်။ အဲ့ဒီသီချင်းထဲမှာတော့
“ငါ့ရဲ့နှလုံးသားလေးကဘယ်ဆီမှာလဲ? မင်းကဘယ်ဆီမှာလဲ?
ဘယ်အရာကမှမတည်မြဲပါဘူးကွယ်
ငါ့မှာတော့ ခံစားချက်မဲ့လာခဲ့ရပြီ…
မင်းကတော့ငါ့ကိုဆုံးရှုံးလိုက်ရပြီ…
အထီးကျန်မှုတွေကြားကနေ အတိတ်ကိုပြန်တွေးကြည့်ဖို့တောင်အချိန်မရှိဘူး
နေ့တိုင်းဟာအိမ်မက်တွေလိုပါပဲ….
မနက်ဖြန်ဟာ မနေ့ကထက်ပိုကောင်းတဲ့နေ့ရက်တွေဖြစ်လာဦးမလား?” စတဲ့ စာသားတွေမှာ အဆင်မပြေတဲ့ သူတို့နှစ်ဦးရဲ့အခြေအနေတွေကို မြင်ရမှာပါ။


ဒါ့အပြင် ခင်ပွန်းဖြစ်သူကြောင့် သေချင်လောက်အောင်ခံစားရတယ်ဆိုတဲ့အကြောင်းကိုလည်း ရေးသားထားပါသေးတယ်။
“မင်းရဲ့အသက်ရှူသံတွေဟာ ငါ့ရဲ့နားကိုလာရိုက်ခတ်တဲ့ခံစားချက်မျိုး
မတားဆီးနိုင်တဲ့ခွဲခွာခြင်းမျိုး….
ငါဘာအတွက်ကြောင့်များအသက်ရှင်နေဦးမှာလဲ?
မင်းဆိုခဲ့တဲ့သီချင်းတွေဟာ ငါ့နှလုံးသားကိုငိုကြွေးစေသလိုပါပဲ
ငါသေသင့်နေပြီလား ?
ငါ့မှာနှလုံးသားရှိသေးရဲ့လား?
မင်းကောငါ့ဘဝမှာရှိသေးရဲ့လား?
ဘယ်အရာကမှမတည်မြဲပါဘူးကွယ်” စတဲ့ နာကျင်စရာခံစားချက်တွေကို ရေးသားထားတာပါပါတယ်။ ဒီသီချင်းလေးကိုတော့ ပြန်လည်မျှဝေလိုက်ပါတယ်။

Goo Hye Sun ဟာ အနုပညာအလုပ်တွေရပ်နားတော့မယ်လို့ဆိုပေမဲ့လည်း အခုဆိုရင်ကြေကွဲစရာခံစားချက်တွေကို ရေးစပ်သီကုံးထားတဲ့သီချင်းတစ်ပုဒ်က ပရိသတ်ရှေ့ကိုရောက်လာခဲ့ပါပြီ။ ခံစားချက်တွေပေးလာတိုင်းအနုပညာဖန်တီးမှုတွေလုပ်လေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်အတွက်တော့မလွယ်ဘူးထင်ပါရဲ့နော်…။
Source:koreaboo
Sweet – CeleGabar

x
error: Content is protected !!