
255



Source : ဝတ်ရည်မိုး
[email protected]
ယူနီကုဒ်ဖြင့်ဖတ်ရန်

” ခွဲခွာသွားတာ (၈) နှစ်ရှိပြီဖြစ်တဲ့ ကျေးဇူးရှင်အဘွားရဲ့ နှစ်ပတ်လည်ဆွမ်းလေးကို မမေ့မလျော့ပြုလုပ်ပေးခဲ့တဲ့ ပိုပို ”

အဆိုတော်သရုပ်ဆောင်ပိုပို ဟာ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်ပြီး အလှူအတန်းခဏခဏပြုလုပ်တတ်သူလေးလည်းဖြစ်ပါတယ်။ ပိုပိုဟာ မိဘတွေမရှိတော့ဘဲ ကိုယ်တိုင်တစ်ဦးတည်း ရပ်တည်လာနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ဘဝအကြောင်းကိုလည်း ပရိတ်သတ်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြောပြထား သူလေးလည်း ဖြစ်ပါတယ်။ ပရိတ်သတ်အခိုင်အမာရရှိထားပြီး သူမသီချင်းတော်တော်များများကို ခလေးလူကြီးမရွေးနှစ်သက်သဘောကျကြတာပဲဖြစ်ပါတယ်။သူမလူမှုကွန်ရက်စာမျက်နှာကနေ သူမအလှူများကိုမကြာခဏ ဖော်ပြလေ့ရှိပြီး သူမအလှူဒါနများကို မျှဝေလေ့ရှိပါတယ်။သူမရဲ့ နေ့စဉ်လှုပ်ရှားမှုနဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း ပရိသတ်ကြီးအားဝေမျှပေးလေ့ရှိပါတယ်။

လတ်တလောမှာတော့ ပိုပိုဟာ သူမကိုငယ်စဉ်ထဲကစောင့်ရှောက်ခဲ့တဲ့အဘွားအတွက်ရည်စူးပြီး အလှူ လေးလုပ်ဖြစ်ခဲ့ပါတယ်။သူမမှာ အားကိုးတွယ်တာစရာအဘွားပဲရှိခဲ့တာမို့ မကြာခဏလည်း အဘွားကိုသတိရကြောင်း သူအခုလို အောင်မြင်တဲ့အချိန်မှာလည်း သူမအဘွားကိုရှိစေချင်ကြောင်းတွေကို သူမလူမှုကွန်ရက် စာမျက်နှာထက်မှာခဏ ခဏ ဖော်ပြလေ့ရှိတာပဲ ဖြစ်ပါတယ် ။ စိတ်ဓာတ်ကျအားငယ်နေတဲ့အချိန်တွေမှာလည်းတမ်းတတတ်ပြီး သူမအဘွားနဲ့ရွယ်တူ သက်ကြီးရွယ်အိုတွေကိုမြင်တိုင်းလည်း ကူညီတတ်ပြီး သတိရတတ်ပါသေးတယ်နော် ။ အခုဆို သူမအဘွားဆုံးတာ ၈နှစ်ရှိခဲ့ပြီမို့ ဘုန်းကြီးကျောင်းမှာ ဆွမ်းသွားကပ်ခဲ့တယ် လို့သိရပါတယ်။” လွန်ခဲ့တဲ့ ၈ နှစ်က ဒီလိုအချိန်မှာ ဆုံးပါးသွားတဲ့အဘွား ဒေါ်အုံးကြည်အတွက် ဘုန်းဘုန်းကြီးဆီ ဆွမ်းသွားကပ်ခဲ့တယ်။ အဘွား ကောင်းရာသုဂတိမှာ ပျော်စံနိုင်ပါစေ။ I miss U my Grandma ” လို့ဆိုပြီး ဆွမ်းကပ်နေတဲ့ ဇာတ်ပုံလေးနဲ့အတူ ပရိသတ်တွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။

Source : ဝတ်ရည်မိုး
[email protected]
ယူနီကုဒ်ဖြင့်ဖတ်ရန်