“ျမန္မာအကကို မူႀကိဳတည္းက “က”ခဲ့တာပါဆိုတဲ့ ေမကဗ်ာ”

ႏွင္းဆီအဖြဲ႕ေလးကေတာ့ ျမန္မာႏိုင္ငံရဲ႕ လိုအပ္ေနတဲ့ ေနရာေတြမွာ သြားေရာက္လႉးဒါန္းေနတဲ့ ပရဟိတအၿငိမ့္အဖြဲ႕ေလးလို႔လည္း ဆိုႏိုင္ပါတယ္။ အဆိုပါအဖြဲ႕ေလးကေတာ့ တစ္ႏွစ္တစ္ပြဲကေလ့ရွိတဲ့ အၿငိမ့္အဖြဲ႕ေလးျဖစ္ၿပီး ဒီႏွစ္မွာေတာ့ ေရေဘးေၾကာင့္ပ်က္စီးခဲ့ရတဲ့ ေနရာေဒသေလးေတြကို ျပန္လည္ထူေထာင္ႏိုင္ရန္အတြက္ ရံပုံေငြရွာတဲ့ ပြဲေလးတစ္ပြဲကို က်င္းပမွာ ျဖစ္ပါတယ္။ ႏွင္းဆီအဖြဲ႕ဟာ ေရေဘး ကယ္ဆယ္ေရးအခ်ိန္တည္းက လႉဒါန္းခ်င္ခဲ့ေပမယ့္ အၿငိမ့္တစ္ပြဲကဖို႔ကို အခ်ိန္တိုအတြင္း စီစဥ္ဖို႔မျဖစ္ႏိုင္တာေၾကာင့္ သြားေရာက္မလႉတန္းႏိုင္ခဲ့ဘူးလို႔ ႏွင္းဆီအၿငိမ့္ အဖြဲ႕ဝင္ေတြက ေျပာျပခဲ့ပါတယ္။

အဲဒီႏွင္းဆီအၿငိမ့္ေလးကေတာ့ ေအာက္တိုဘာ (၄)ရက္ေန႔ မွာရန္ကုန္၊ ေအာက္တိုဘာ(၅)ရက္ေန႔မႏၲေလးမွာ ကျပသြားမွာျဖစ္ၿပီး ေက်ာ္ေက်ာ္ဗိုလ္၊မင္းေမာ္ကြန္း၊ေနတိုး၊ရဲေလး၊ထြန္းထြန္း၊ မိုးျပည့္ျပည့္ေမာင္၊မိုးယုစံ၊ ဖူးစုံတို႔က ပါဝင္ကျပသြားမွာျဖစ္ပါတယ္။ဒါ့အျပင္ ငယ္ငယ္တည္းက ျမန္မာအကကို ျမတ္ႏိုးတန္ဖိုးထားကာ ဝါသနာႀကီးသူတစ္ေယာက္ျဖစ္တဲ့ ေမကဗ်ာကလည္း အၿငိမ့္မင္းသမီးေလးတစ္ေယာက္အျဖစ္ တစ္ေထာင့္တစ္ေနရာကေန ပါဝင္ကျပသြားမွာ ျဖစ္ပါတယ္။

ေမကဗ်ာဟာျမန္မာအကကို မူႀကိဳစတက္ကတည္းက ကခဲ့တာျဖစ္ၿပီး ေက်ာင္းကပြဲတိုင္း ျမန္မာအကေတြကို ကခဲ့တယ္လို႔ သိရပါတယ္။ ေနာက္ပိုင္းမွာေတာ့ ေမကဗ်ာဟာ ေမာ္ဒယ္သင္တန္းတက္ၿပီး Dancer အဖြဲ႕ဖြဲ႕ကာ အေနာက္တိုင္းအကေတြကိုပါ ကလာခဲ့သူတစ္ေယာက္ပါ။အၿငိမ့္ၾကည့္တိုင္း အကေတြကို စိတ္ဝင္တစားနဲ႔ ၾကည့္တတ္သူတစ္ေယာက္ျဖစ္ၿပီး ငယ္ငယ္က ႐ုပ္ျမင္သံၾကားမွလာတဲ့ ဆိုကေရးတီးကို တစ္ပုဒ္ၿပီးေအာင္ၾကည့္ၿပီးမွ ေက်ာင္းသြားတဲ့ အထိ ငယ္ငယ္တည္းက ျမန္မာအကကို ရႈးရႈးမႉးမႉးျဖစ္ခဲ့သူပါ။အၿငိမ့္ၾကည့္တိုင္း ကကြက္ေလးေတြကို ဝါသနာအရစုထားတတ္တဲ့သူပါေနာ္…….။



Source: Exclusive on CeleGabar
ခ်စ္သဲေမ @ CeleGabar

ယူနီကုတ္ျဖင့္ဖတ္ရန္

“မြန်မာအကကို မူကြိုတည်းက “က”ခဲ့တာပါဆိုတဲ့ မေကဗျာ”

နှင်းဆီအဖွဲ့လေးကတော့ မြန်မာနိုင်ငံရဲ့ လိုအပ်နေတဲ့ နေရာတွေမှာ သွားရောက်လှူးဒါန်းနေတဲ့ ပရဟိတအငြိမ့်အဖွဲ့လေးလို့လည်း ဆိုနိုင်ပါတယ်။ အဆိုပါအဖွဲ့လေးကတော့ တစ်နှစ်တစ်ပွဲကလေ့ရှိတဲ့ အငြိမ့်အဖွဲ့လေးဖြစ်ပြီး ဒီနှစ်မှာတော့ ရေဘေးကြောင့်ပျက်စီးခဲ့ရတဲ့ နေရာဒေသလေးတွေကို ပြန်လည်ထူထောင်နိုင်ရန်အတွက် ရံပုံငွေရှာတဲ့ ပွဲလေးတစ်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။ နှင်းဆီအဖွဲ့ဟာ ရေဘေး ကယ်ဆယ်ရေးအချိန်တည်းက လှူဒါန်းချင်ခဲ့ပေမယ့် အငြိမ့်တစ်ပွဲကဖို့ကို အချိန်တိုအတွင်း စီစဉ်ဖို့မဖြစ်နိုင်တာကြောင့် သွားရောက်မလှူတန်းနိုင်ခဲ့ဘူးလို့ နှင်းဆီအငြိမ့် အဖွဲ့ဝင်တွေက ပြောပြခဲ့ပါတယ်။

အဲဒီနှင်းဆီအငြိမ့်လေးကတော့ အောက်တိုဘာ (၄)ရက်နေ့ မှာရန်ကုန်၊ အောက်တိုဘာ(၅)ရက်နေ့မန္တလေးမှာ ကပြသွားမှာဖြစ်ပြီး ကျော်ကျော်ဗိုလ်၊မင်းမော်ကွန်း၊နေတိုး၊ရဲလေး၊ထွန်းထွန်း၊ မိုးပြည့်ပြည့်မောင်၊မိုးယုစံ၊ ဖူးစုံတို့က ပါဝင်ကပြသွားမှာဖြစ်ပါတယ်။ဒါ့အပြင် ငယ်ငယ်တည်းက မြန်မာအကကို မြတ်နိုးတန်ဖိုးထားကာ ဝါသနာကြီးသူတစ်ယောက်ဖြစ်တဲ့ မေကဗျာကလည်း အငြိမ့်မင်းသမီးလေးတစ်ယောက်အဖြစ် တစ်ထောင့်တစ်နေရာကနေ ပါဝင်ကပြသွားမှာ ဖြစ်ပါတယ်။

မေကဗျာဟာမြန်မာအကကို မူကြိုစတက်ကတည်းက ကခဲ့တာဖြစ်ပြီး ကျောင်းကပွဲတိုင်း မြန်မာအကတွေကို ကခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ မေကဗျာဟာ မော်ဒယ်သင်တန်းတက်ပြီး Dancer အဖွဲ့ဖွဲ့ကာ အနောက်တိုင်းအကတွေကိုပါ ကလာခဲ့သူတစ်ယောက်ပါ။အငြိမ့်ကြည့်တိုင်း အကတွေကို စိတ်ဝင်တစားနဲ့ ကြည့်တတ်သူတစ်ယောက်ဖြစ်ပြီး ငယ်ငယ်က ရုပ်မြင်သံကြားမှလာတဲ့ ဆိုကရေးတီးကို တစ်ပုဒ်ပြီးအောင်ကြည့်ပြီးမှ ကျောင်းသွားတဲ့ အထိ ငယ်ငယ်တည်းက မြန်မာအကကို ရှုးရှုးမှူးမှူးဖြစ်ခဲ့သူပါ။အငြိမ့်ကြည့်တိုင်း ကကွက်လေးတွေကို ဝါသနာအရစုထားတတ်တဲ့သူပါနော်…….။
Source: Exclusive on CeleGabar
ချစ်သဲမေ @ CeleGabar

error: Content is protected !!