” သရုပ္ေဆာင္ဘက္မွာသာမက အကမွာလည္း ေတာ္လြန္းတဲ့ ေမမီကိုကို “

ေမမီကိုကိုဟာဆိုရင္ လူႀကီးလူငယ္မေ႐ြး အားေပးခံရတဲ့ MRTV- (4) ဇာတ္လမ္းတြဲ မင္းသမီးေလး ျဖစ္ၿပီး သူမပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ပ်ားရည္အိုင္ဇာတ္လမ္းတြဲဟာ လူငယ္ေတြသာမက လူႀကီးေတြပါ အားေပးႏွစ္ၿခိဳက္တဲ့ ဇာတ္လမ္းတြဲ လို႕ဆိုရမွာပါ။ျမိဳင္ဆိုတဲ့ ဇာတ္ေကာင္ဟာ သူမအတြက္ ပရိသတ္သိလာေစတယ္လို႔ ဆိုရမွာ ျဖစ္ၿပီး Star Awards 2018 မွာ သူမဟာ Best TV Series Actress Award ဆုကို ပ်ားရည္အိုင္ဇာတ္လမ္းတြဲနဲ႕ပဲ ရရွိခဲ့တာပါ။ ပရိသတ္ေတြအေပၚ အရမ္းအေလးထားတဲ့သူ ဆိုၿပီးနာမည္ႀကီးကာ ပရိသတ္အခ်စ္အျပည့္အဝရထားသူေလးပဲ ျဖစ္ပါတယ္။

လက္ရွိမွာလည္း တတိယေျမာက္ဆုံမွတ္ ႐ုပ္ရွင္ဇာတ္လမ္းတြဲမွာ ပါဝင္ထားတာျဖစ္ၿပီး ေမပန္းခ်ီ ဆိုတဲ့ ဇာတ္ေကာင္အေနနဲ႕ ပါဝင္ထားတဲ့အျပင္ ထူျခားတဲ့ ဟန္ပန္နဲ႕ ရဲေမတစ္ေယာက္အျဖစ္ပါဝင္ထားတာပါ။ပရိသတ္ေတြနဲ ႔အဆက္အသြယ္မျပတ္သြားေစဖို႔ TikTok ေလးေတြမၾကာမၾကာေဆာ့ကစားတတ္တဲ့ မင္းသမီးေလးပဲ ျဖစ္ၿပီး အႏုပညာအလုပ္ေတြဆက္တိုက္လုပ္ကာ ပြဲေတြဆက္တိုက္တက္ေရာက္ေနၿပီး မၾကာေသးမီကလည္း Aroma Wedding Show (2019) မွာ ပါဝင္ခဲ့ေသးတာပဲ ျဖစ္ပါတယ္။

သူမရဲ႕ ပရိသတ္ေတြကို ပံုရိပ္လွလွေလးေတြ ကိုမၾကာမၾကာတင္ေပးေလ့ရွိၿပီး လူမႈကြန္ရက္စာမ်က္ႏွာကေန Live ေလးေတြလႊင့္ကာ ပရိသတ္ေတြနဲ႕ စကားေတြေျပာေလ့ရွိသူေလးလည္း ျဖစ္ပါတယ္။ လက္ရွိမွာလည္း သူမပရိသတ္ေတြအတြက္ ပံုစံမ်ိဳးစံု TikTok ေလးေတြေဆာ့ကာ လူမႈကြန္ရက္စာမ်က္ႏွာကေန ေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။ ေဆာ့ခဲ့တဲ့ TikTok ေလးကေတာ့ လူငယ္ပရိသတ္ေတြၾကားမွာ ေခတ္စားေနတဲ့ English သီခ်င္းေလးနဲ႕ အထာက်တဲ့ ကကြက္လွလွေလးေတြနဲ႕ ကျပခဲ့တာေၾကာင့္ သရုပ္ေဆာင္ဘက္မွာသာမက အကမွာလည္း ေတာ္လြန္းတဲ့သူေလးဆိုကာ ပရိသတ္ေတြရဲ႕ မွတ္ခ်က္ေပးခံေနရပါတယ္။ CeleGabar ပရိ္သတ္ႀကီးလည္း ေမမီကိုကိုရဲ႕ ခ်စ္စရာေကာင္းတဲ့TikTok ဗီဒီယိုေလးကိုၾကည့္ၿပီး သေဘာက်ရင္ မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source : May Mi Ko Ko
Shwe Poe – CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” သရုပ်ဆောင်ဘက်မှာသာမက အကမှာလည်း တော်လွန်းတဲ့ မေမီကိုကို ”

မေမီကိုကိုဟာဆိုရင် လူကြီးလူငယ်မရွေး အားပေးခံရတဲ့ MRTV- (4) ဇာတ်လမ်းတွဲ မင်းသမီးလေး ဖြစ်ပြီး သူမပါဝင်သရုပ်ဆောင်ထားတဲ့ ပျားရည်အိုင်ဇာတ်လမ်းတွဲဟာ လူငယ်တွေသာမက လူကြီးတွေပါ အားပေးနှစ်ခြိုက်တဲ့ ဇာတ်လမ်းတွဲ လို့ဆိုရမှာပါ။မြိုင်ဆိုတဲ့ ဇာတ်ကောင်ဟာ သူမအတွက် ပရိသတ်သိလာစေတယ်လို့ ဆိုရမှာ ဖြစ်ပြီး Star Awards 2018 မှာ သူမဟာ Best TV Series Actress Award ဆုကို ပျားရည်အိုင်ဇာတ်လမ်းတွဲနဲ့ပဲ ရရှိခဲ့တာပါ။ ပရိသတ်တွေအပေါ် အရမ်းအလေးထားတဲ့သူ ဆိုပြီးနာမည်ကြီးကာ ပရိသတ်အချစ်အပြည့်အဝရထားသူလေးပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း တတိယမြောက်ဆုံမှတ် ရုပ်ရှင်ဇာတ်လမ်းတွဲမှာ ပါဝင်ထားတာဖြစ်ပြီး မေပန်းချီ ဆိုတဲ့ ဇာတ်ကောင်အနေနဲ့ ပါဝင်ထားတဲ့အပြင် ထူခြားတဲ့ ဟန်ပန်နဲ့ ရဲမေတစ်ယောက်အဖြစ်ပါဝင်ထားတာပါ။ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်သွားစေဖို့ TikTok လေးတွေမကြာမကြာဆော့ကစားတတ်တဲ့ မင်းသမီးလေးပဲ ဖြစ်ပြီး အနုပညာအလုပ်တွေဆက်တိုက်လုပ်ကာ ပွဲတွေဆက်တိုက်တက်ရောက်နေပြီး မကြာသေးမီကလည်း Aroma Wedding Show (2019) မှာ ပါဝင်ခဲ့သေးတာပဲ ဖြစ်ပါတယ်။

သူမရဲ့ ပရိသတ်တွေကို ပုံရိပ်လှလှလေးတွေ ကိုမကြာမကြာတင်ပေးလေ့ရှိပြီး လူမှုကွန်ရက်စာမျက်နှာကနေ Live လေးတွေလွှင့်ကာ ပရိသတ်တွေနဲ့ စကားတွေပြောလေ့ရှိသူလေးလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမပရိသတ်တွေအတွက် ပုံစံမျိုးစုံ TikTok လေးတွေဆော့ကာ လူမှုကွန်ရက်စာမျက်နှာကနေ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ ဆော့ခဲ့တဲ့ TikTok လေးကတော့ လူငယ်ပရိသတ်တွေကြားမှာ ခေတ်စားနေတဲ့ English သီချင်းလေးနဲ့ အထာကျတဲ့ ကကွက်လှလှလေးတွေနဲ့ ကပြခဲ့တာကြောင့် သရုပ်ဆောင်ဘက်မှာသာမက အကမှာလည်း တော်လွန်းတဲ့သူလေးဆိုကာ ပရိသတ်တွေရဲ့ မှတ်ချက်ပေးခံနေရပါတယ်။ CeleGabar ပရိသတ်ကြီးလည်း မေမီကိုကိုရဲ့ ချစ်စရာကောင်းတဲ့TikTok ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : May Mi Ko Ko
Shwe Poe – CeleGabar

error: Content is protected !!