မူးယစ္ေဆး၀ါးအမႈကိစၥနဲ႕ iKON အဖြဲ႕မွ ကိုယ္တိုင္နုတ္ထြက္လိုက္တဲ့ အဆိုေတာ္ B.I

320

 

 

 

ေတာင္ကိုရီးယားနိုင္ငံရဲ႕ အၾကီးဆံုး K-pop သီခ်င္း နဲ႕ အနုပညာေတြကို တင္ဆက္ေနတဲ့ ေအဂ်င္စီတစ္ခုျဖစ္တဲ့ YG Entertainment ဟာ Kang Dong-won, Choi Ji-woo, Cha Seung-won, Lee Sung-kyung, Nam Joo-hyuk တို႕လို နာမည္ၾကီးေက်ာ္အေမာ္ မင္းသား၊ မင္းသမီးေတြကို ေျမေတာင္ေျမွာက္ေပးေနတဲ့ ျပင္ Big Bang၊ 2NE1၊ တို႕လို
K-pop အဖြဲ႕ေတြကိ္ု ကမာၻေက်ာ္တဲ့ထိ ေနာက္ကေန အျပည္႕အ၀ပံ့ပိုးေပးနိုင္တဲ့ ေအဂ်င္စီ အဖြဲ႕အစည္းတစ္ခုလည္းျဖစ္ပါတယ္။

 

လက္ရွိမွာ YG Entertainment ေအဂ်င္စီရဲ႕ပံပိုးမႈလက္ေအာက္မွာ ကမာၻတ၀ွမ္းက ပရိသတ္ေတြရဲ႕ အားေပးျခင္းခံေနရတဲ့ Blackpink မိန္းကေလး အဖြဲ႕အျပင္ ေနာက္ထပ္K-pop ေယာက်္ားေလးအဖြဲ႕ ျဖစ္တဲ့ iKON ဟာလည္း လက္ရွိမွာ အရမ္းကို ေအာင္ျမင္ေနတဲ့အဖြဲ႕တစ္ဖြဲ႕ျဖစ္ျပီး စိတ္မေကာင္းစရာတစ္ခုကေတာ့ iKON အဖြဲ႕ထဲက B.I ကို ထုတ္ပယ္လိုက္ေၾကာင္း YG Entertainment ဟာ ဒီေန႕ ဇြန္(၁၂)ရက္ေန႕ မွာပဲ တရား၀င္ အသိေပး ေၾကညာလိုက္တာျဖစ္ပါတယ္။

 

 

B.I လို႕ အသိမ်ားၾကတဲ့ အဆိုေတာ္ Kim Han Bin ဟာ မူးယစ္ေဆး၀ါးေရာင္း၀ယ္မႈနဲ႕ အမႈကိစၥတစ္ခု ျဖစ္ေပၚခဲ့ျပီး ဒီကိစၥရပ္နဲ႕ ပတ္သက္လို႕ Han Bin ဟာ အဖြဲ႕မွ ကို္ယ္တိုင္နုတ္ထြက္ဖို႕ ဆံုးျဖတ္ခဲ့တာျဖစ္ျပီး YG Entertainment ေအဂ်င္စီကေတာ့ “Kim Han Bin ရဲ႕အမႈကိစၥျပႆနာ နဲ႕ပတ္သက္လို႕ အားလံုးကို စိတ္ပ်က္ေစလို႕ ကၽြန္ေတာ္တို႕ေတာင္းပန္ပါတယ္။ Han Binအေနနဲ႕လည္း ဒီကိစၥနဲ႕ ပတ္သက္လို႕ စိတ္ထိခိုက္ေနမွာျဖစ္သလို ဒီကိစၥကို တာ၀န္ယူေျဖရွင္းနိုင္ဖို႕ သူ႕ရဲ႕ စာခ်ဳပ္သက္တမ္း မျပည္႕မီခင္မွာပဲ iKONအဖြဲ႕ကေန နုတ္ထြက္လိုက္ဖို႕ သူကိုယ္တိုင္ ဆံုးျဖတ္လိုက္တာျဖစ္ပါတယ္။ ” လို႕ ဆိုထားခဲ့ျပီး iKONရဲ႕ ပရိသတ္ေတြကေတာ့ ဒီကိစၥနဲ႕ပတ္သက္လို႕ အရမ္းကို စိတ္မေကာင္းျဖစ္ကာ ၀မ္းနည္းေနၾကရပါတယ္။ ဆယ္လီကမာၻပရိသတ္ၾကီးေရ….


Source: soompi
Khinb Mi [email protected]
ယူနီကုဒ္နဲ႕ ဖတ္ရန္

တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံး K-pop သီချင်း နဲ့ အနုပညာတွေကို တင်ဆက်နေတဲ့ အေဂျင်စီတစ်ခုဖြစ်တဲ့ YG Entertainment ဟာ Kang Dong-won, Choi Ji-woo, Cha Seung-won, Lee Sung-kyung, Nam Joo-hyuk တို့လို နာမည်ကြီးကျော်အမော် မင်းသား၊ မင်းသမီးတွေကို မြေတောင်မြှောက်ပေးနေတဲ့ ပြင် Big Bang၊ 2NE1၊ တို့လို
K-pop အဖွဲ့တွေကို ကမ္ဘာကျော်တဲ့ထိ နောက်ကနေ အပြည့်အဝပံ့ပိုးပေးနိုင်တဲ့ အေဂျင်စီ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။
လက်ရှိမှာ YG Entertainment အေဂျင်စီရဲ့ပံပိုးမှုလက်အောက်မှာ ကမ္ဘာတဝှမ်းက ပရိသတ်တွေရဲ့ အားပေးခြင်းခံနေရတဲ့ Blackpink မိန်းကလေး အဖွဲ့အပြင် နောက်ထပ်K-pop ယောကျ်ားလေးအဖွဲ့ ဖြစ်တဲ့ iKON ဟာလည်း လက်ရှိမှာ အရမ်းကို အောင်မြင်နေတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး စိတ်မကောင်းစရာတစ်ခုကတော့ iKON အဖွဲ့ထဲက B.I ကို ထုတ်ပယ်လိုက်ကြောင်း YG Entertainment ဟာ ဒီနေ့ ဇွန်(၁၂)ရက်နေ့ မှာပဲ တရားဝင် အသိပေး ကြေညာလိုက်တာဖြစ်ပါတယ်။

B.I လို့ အသိများကြတဲ့ အဆိုတော် Kim Han Bin ဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ အမှုကိစ္စတစ်ခု ဖြစ်ပေါ်ခဲ့ပြီး ဒီကိစ္စရပ်နဲ့ ပတ်သက်လို့ Han Bin ဟာ အဖွဲ့မှ ကိုယ်တိုင်နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး YG Entertainment အေဂျင်စီကတော့ “Kim Han Bin ရဲ့အမှုကိစ္စပြဿနာ နဲ့ပတ်သက်လို့ အားလုံးကို စိတ်ပျက်စေလို့ ကျွန်တော်တို့တောင်းပန်ပါတယ်။ Han Binအနေနဲ့လည်း ဒီကိစ္စနဲ့ ပတ်သက်လို့ စိတ်ထိခိုက်နေမှာဖြစ်သလို ဒီကိစ္စကို တာဝန်ယူဖြေရှင်းနိုင်ဖို့ သူ့ရဲ့ စာချုပ်သက်တမ်း မပြည့်မီခင်မှာပဲ iKONအဖွဲ့ကနေ နုတ်ထွက်လိုက်ဖို့ သူကိုယ်တိုင် ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ” လို့ ဆိုထားခဲ့ပြီး iKONရဲ့ ပရိသတ်တွေကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ အရမ်းကို စိတ်မကောင်းဖြစ်ကာ ဝမ်းနည်းနေကြရပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ….