259
ယူနီကုတ်ဖြင့်ဖတ်ရန်
သီချင်းခွေသစ်က အမှာစာတွေအများကြီးတက်နေလို့ ဝမ်းသာနေတဲ့ ဆုပန်ထွာ
မပန်လို့ ချစ်စနိုးခေါ်တဲ့ ဆုပန်ထွာကတော့ မကြာသေးခင်ကမှာ သေလောက်အောင်ချစ်တယ်ဆိုတဲ့ တစ်ကိုယ်တော်အခွေလေးကို ထွက်ရှိအောင်မြင်ထားတာဖြစ်ပါတယ်။ မြစ်ကြီးနာကို အလုပ်ကိစ္စနဲ့ ခရီးထွက်နေတာပဲဖြစ်ပါတယ်။ ခရီးကပြန်ရောက်တော့ BoBo Music Production ကအခွေယူယူသူတွေ ပိုများလာတယ်လို့ ဖုန်းဆက်လို့ အရမ်းပျော်နေတယ်ဆိုတာကိုလည်း သူရဲ့ လူမှုကွန်ရက်မှာဆက်ပြီးတော့ ဖော်ပြထားပါသေးတယ်။
“ခရီးကပြန်ရောက်လို့မနက်အိပ်ယာနိုးတော့ BoBo Music Production ကဖုန်းဆက်လာလို့ကိုင်လိုက်တာ။ မပန် အခွေတွေ Order ထပ်တက်လို့ Viber မှာပို့ထားပါတယ်တဲ့။ ဟယ်…တကယ်လား? မပန်ကြည့်လိုက်မယ်နော်။ကိုယ့်ကိုချစ်တဲ့အခွေဝယ်အားပေးတဲ့သူတွေကိုရင်ထဲပီတိလေးနဲ့ နိုးနိုးချင်းပြုံးရင်းကျေးဇူးတင်မိတာပါ။ဇွဲမလျော့ပဲ အမြဲကြိုးစားပါ့မယ်။”ဆိုပြီးတော့ သူ့ရဲ့ အခွေလေးကို အားပေးတဲ့အတွက် ပျော်ရွှင်နေတာကို ပရိသတ်တွေပါခံစားလို့ရအောင် မျှဝေပေးထားတာဖြစ်ပါတယ်။
သရုပ်ဆောင်အလုပ်တွေအပြင် နယ်ဘက်တွေမှာလည်း သီချင်းတွေ ကို သွားရောက်သီဆိုတာပဲဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ မပန်ရဲ့ အခွေလေးဒီထက်ပိုြ့ီးတော့ အောင်မြင်အောင် ဆုတောင်းပေးခဲ့ပါဦးနော်။
ချစ်သဲမေ @CeleGabar / Source :Supan Htwar