




Source:Min Yar Zar
ချစ်သဲမေ @ CeleGabar

ယူနီကုတ်ဖြင့်ဖတ်ရန်

“မိန်းမအကြိုက် ဆံပင်ညပ်လိုက်ရတဲ့မင်းရာဇာ”

ပျော်ရွှင်သာယာတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်တဲ့ မင်းရာဇာကတော့ ဆံပင်အရှည်ကို မြတ်နိုး တန်ဖိုးထားသူတစ်ယောက်ပါ။လက်ရှိမှာတော့ ဆံပင်ထက်ပိုချစ်ရမယ့် ချစ်ဇနီးလေးရဲ့ စကားကြောင့် မိန်းမအကြိုက်ဆံပင်ပုံလေးကို ညပ်ခဲ့ကြောင်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ရေးသားဖော်ပြထားပါတယ်။ ဒါကတော့ မင်းရာဇာတစ်ယောက် ဇနီးဖြစ်သူကိုဘယ်လောက်ချစ်လဲ ဆိုတာသက်သေပြလိုက်တာပဲဖြစ်ပါတယ်။ မင်းရာဇာဟာ ဇနီးဖြစ်သူနဲ့ အတူ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုအပြည့်နဲ့ အိမ်ထောင်ရေးဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေသူတစ်ယောက်ပါ။

အဲဒီမိသားစုလေးကို အကောင်းဆုံးအသက်ဝင်အောင်ပုံဖော်ပေးနိုင်တဲ့ ချစ်စရာသမီးလေးတစ်ယောက်နဲ့ သားလေးတစ်ယောက်ကိုလည်း မင်းရာဇာတစ်ယောက်ပိုင်ဆိုင်ထားပါသေးတယ်။ မင်းရာဇာကတော့ တွတ်တီးတွတ်တာပြောတတ်တဲ့ သမီးနဲ့သားလေးကြောင့် မိသားစုရဲ့ ပျော်ရွှင်စရာပုံရိပ်လေးတွေကို ပိုမိုဖန်တီးနိုင်ခဲ့ပါတယ်။ သားသမီးလေးတွေပေးတဲ့ အားအင်နဲ့ ချစ်ဇနီးလေးပေးတဲ့ အားအင်တွေကြောင့် မင်းရာဇာ တစ်ယောက်အနုပညာအလုပ်တွေကို ပိုမိုလုပ်ကိုင်နိုင်နေတာလည်း ဖြစ်ပါတယ်။

မင်းရာဇာဟာ ဖိုက်တင်မင်းသားတစ်ယောက်ဖြစ်ပြီး ရိုက်ကွင်းရဲ့ ပင်ပန်းမှုဒဏ်တွေရှိခဲ့သော်လည်း သားသမီးတွေနဲ့ ချစ်ဇနီးလေးရဲ့ အပြုံးလေးတွေကြောင့် မမောနိုင်ဘဲ ဆက်လက် ကြိုးစားလုပ်ကိုင်နေသူတစ်ယောက်ပါ။ လက်ရှိမှာတော့ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုအပြည့်နဲ့ တည်ဆောက်ကာ အချစ်တွေနဲ့ ပြည့်စုံနေတဲ့ မင်းရာဇာတို့ မိသားစုကိုတော့ ပရိသတ်တွေကတောင် လေးစားအားကျနေရပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရော မင်းရာဇာတို့လို ချစ်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားကြပြီလား…….။
Source:Min Yar Zar
ချစ်သဲမေ @ CeleGabar

error: Content is protected !!