” Winner ျဖစ္မယ္လို႕ ပရိသတ္ေတြရဲ႕ ခန့္မွန္းျခင္းခံေနရတဲ့ အသက္အငယ္ဆံုးျမန္မာအိုင္ေဒါလ္ ၿပိဳင္ပြဲဝင္ေလး ေအးျမျဖဴ “

ျမန္မာအိုင္ေဒါလ္ အဆိုျပိဳင္ပြဲႀကီးကေတာ့ Season – (4) ထိေရာက္ရွိခဲ့ျပန္ပါၿပီေနာ္။ ျမန္မာအိုင္ေဒါလ္ အဆိုၿပိဳင္ပြဲႀကီးကေန Season တစ္ခုျပီးတိုင္းလည္း အရည္အခ်င္းရွိၿပီး ေအာင္ျမင္တဲ့အဆိုေတာ္ေတြကို ထြက္ေပၚလာေစတဲ့ ၿပိဳင္ပြဲတစ္ပြဲ ျဖစ္ပါတယ္။လက္ရွိမွာ ျမန္မာအိုင္ေဒါလ္ Season – (4) ကေတာ့ ျမန္မာတစ္ႏုိင္ငံလံုးက အဆိုဝါသနာရွင္ေတြအတြက္ အိမ္မက္ေတြအေကာင္အထည္ေဖာ္ေပးႏုိင္တဲ့ ၿပိဳင္ပြဲႀကီး ျဖစ္တာေၾကာင့္ တစ္ႏုိင္ငံလံုးက ပရိသတ္ေတြရဲ႕ စိတ္ဝင္စားမႈျမင့္တက္ျခင္းခံေနရတယ္လို႕ သိရပါတယ္။

အနယ္နယ္အရပ္ရပ္ကလာေရာက္ယွဥ္ၿပိဳင္သူေတြထဲမွာ ျပိဳင္ပြဲဝင္ေတြထဲက အသက္ငယ္ဆံုး တစ္ေယာက္ျဖစ္တဲ့ ေအးျမျဖဴကေတာ့ ကိုယ္တိုင္ဂစ္တာတီးခတ္ကာ နီနီခင္ဇာ္ရဲ႕ ” ရက္စက္သြားသူ ” သီခ်င္းနဲ႕ အသံေလးၿငိမ္ၿငိမ္ေလးအျပင္ ကိုယ္ပိုင္ဆိုဟန္ေလးနဲ႕ ဒိုင္ေတြရဲ႕ ရင္ကို လႈပ္ခတ္ႏုိင္ခဲ့ပါတယ္။ ငယ္စဥ္ကတည္းက အတိုင္းၿပိဳင္ပြဲေတြမွာ ဆုေတြရခဲ့တဲ့ အဆိုရွင္ေလးျဖစ္ခဲ့ၿပီး အခုဆိုရင္ ပရိသတ္ေတြေရွ႕ကို ၿပိဳင္ပြဲဝင္တစ္ေယာက္အေနနဲ႕ ျပန္လည္ထြက္ေပၚလာတာပါေနာ္။

သူမရဲ႕အသက္ကေတာ့ (၁၆) ႏွစ္သာရွိေသးတဲ့အျပင္ မိသားစုကလည္း သူမရဲ႕ ဝါသနာကို ပံံ့ပိုးအားေပးတာေၾကာင့္ အႏုပညာအေပၚအားစိုက္ကာ ႀကိဳးစားမယ့္ ၿပိုင္ပြဲဝင္တစ္ေယာက္လို႕ ဆိုရမွာပါ။အသက္ငယ္ငယ္ေလးနဲ႕ ကိုယ္တိုင္တီးခတ္ႏုိင္ခဲ့ကာ တည္ၿငိမ္စြာ ဒိုင္ေတြေရွ႕မွာ သီဆိုႏုိင္ခဲ့တာေၾကာင့္ ပရိသတ္ေတြကလည္း အသက္အငယ္ဆံုး Winner ျဖစ္မယ္လို႕ ခန့္မွန္းျခင္းခံေနရတဲ့ သူေလးပါ။ ေယာက်ာ္းေလး ပရိသတ္ေတြအမ်ားစုရဲ႕ ဝန္းရံျခင္းခံေနရတဲ့ ညီမေလးျဖစ္တာေၾကာင့္ CeleGabar ပရိသတ္ႀကီးလည္း ေအးျမျဖဴေလးကို ဝန္းရံ အားေပးလိုက္ၾကဖို႕ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Source : Myanmar Idol
Shwe Poe – CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” Winner ဖြစ်မယ်လို့ ပရိသတ်တွေရဲ့ ခန့်မှန်းခြင်းခံနေရတဲ့ အသက်အငယ်ဆုံးမြန်မာအိုင်ဒေါလ် ပြိုင်ပွဲဝင်လေး အေးမြဖြူ ”

မြန်မာအိုင်ဒေါလ် အဆိုပြိုင်ပွဲကြီးကတော့ Season – (4) ထိရောက်ရှိခဲ့ပြန်ပါပြီနော်။ မြန်မာအိုင်ဒေါလ် အဆိုပြိုင်ပွဲကြီးကနေ Season တစ်ခုပြီးတိုင်းလည်း အရည်အချင်းရှိပြီး အောင်မြင်တဲ့အဆိုတော်တွေကို ထွက်ပေါ်လာစေတဲ့ ပြိုင်ပွဲတစ်ပွဲ ဖြစ်ပါတယ်။လက်ရှိမှာ မြန်မာအိုင်ဒေါလ် Season – (4) ကတော့ မြန်မာတစ်နိုင်ငံလုံးက အဆိုဝါသနာရှင်တွေအတွက် အိမ်မက်တွေအကောင်အထည်ဖော်ပေးနိုင်တဲ့ ပြိုင်ပွဲကြီး ဖြစ်တာကြောင့် တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုမြင့်တက်ခြင်းခံနေရတယ်လို့ သိရပါတယ်။

အနယ်နယ်အရပ်ရပ်ကလာရောက်ယှဉ်ပြိုင်သူတွေထဲမှာ ပြိုင်ပွဲဝင်တွေထဲက အသက်ငယ်ဆုံး တစ်ယောက်ဖြစ်တဲ့ အေးမြဖြူကတော့ ကိုယ်တိုင်ဂစ်တာတီးခတ်ကာ နီနီခင်ဇာ်ရဲ့ ” ရက်စက်သွားသူ ” သီချင်းနဲ့ အသံလေးငြိမ်ငြိမ်လေးအပြင် ကိုယ်ပိုင်ဆိုဟန်လေးနဲ့ ဒိုင်တွေရဲ့ ရင်ကို လှုပ်ခတ်နိုင်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းက အတိုင်းပြိုင်ပွဲတွေမှာ ဆုတွေရခဲ့တဲ့ အဆိုရှင်လေးဖြစ်ခဲ့ပြီး အခုဆိုရင် ပရိသတ်တွေရှေ့ကို ပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့ ပြန်လည်ထွက်ပေါ်လာတာပါနော်။

သူမရဲ့အသက်ကတော့ (၁၆) နှစ်သာရှိသေးတဲ့အပြင် မိသားစုကလည်း သူမရဲ့ ဝါသနာကို ပံံ့ပိုးအားပေးတာကြောင့် အနုပညာအပေါ်အားစိုက်ကာ ကြိုးစားမယ့် ပြိုင်ပွဲဝင်တစ်ယောက်လို့ ဆိုရမှာပါ။အသက်ငယ်ငယ်လေးနဲ့ ကိုယ်တိုင်တီးခတ်နိုင်ခဲ့ကာ တည်ငြိမ်စွာ ဒိုင်တွေရှေ့မှာ သီဆိုနိုင်ခဲ့တာကြောင့် ပရိသတ်တွေကလည်း အသက်အငယ်ဆုံး Winner ဖြစ်မယ်လို့ ခန့်မှန်းခြင်းခံနေရတဲ့ သူလေးပါ။ ယောကျာ်းလေး ပရိသတ်တွေအများစုရဲ့ ဝန်းရံခြင်းခံနေရတဲ့ ညီမလေးဖြစ်တာကြောင့် CeleGabar ပရိသတ်ကြီးလည်း အေးမြဖြူလေးကို ဝန်းရံ အားပေးလိုက်ကြဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

Source : Myanmar Idol
Shwe Poe – CeleGabar

error: Content is protected !!