2,217
[email protected]
ယူနီကုဒ်ဖြင့်ဖတ်ရန်
” (၅)နှစ်ပြည့်မွေးနေ့ကို လိုအပ်နေတဲ့နေရာလေးတွေမှာပဲ မွေးနေ့အလှူကိုလှူဒါန်းမယ့် အသက်အငယ်ဆုံးLittle Miss လေး သွန်းမြတ်ကြယ်စင် ”
မိုအာနာလေးရဲ့မွန်မြတ်တဲ့အလှူလေးကို ဂုဏ်ပြုစကားလေးပြောခဲ့ပါဦးနော်……!!!!!!!!
မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး Miss လေးဖြစ်တဲ့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေး သွန်းမြတ်ကြယ်စင်ကိုတော့ ချစ်ပရိသတ်ကြီးတို့နဲ့ အထူးတလည် မိတ်ဆက်ပေးစရာ မလိုတော့ပါဘူးနော် ။ အသက်ငယ်ငယ်လေးနဲ့ Little Miss Supranational Myanmar သရဖူဆုကို အသက် ၄ နှစ်အရွယ်မှာ ဆွတ်ခူးရရှိထားတဲ့ ပရိသတ်တွေရဲ့ အသည်းကျော် ချစ်စရာ သမီးလေး သွန်းမြတ်ကြယ်စင်လေးကတော့ ချစ်စရာကောင်းလွန်းတဲ့ အသည်းယားစရာ ပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေကို အမြဲ အချစ်ပိုစေသူလေးလည်း ဖြစ်ပါတယ်နော် ။
“မိုအာနာ”လေးလို့ အားလုံးက ချစ်စနိုး ခေါ်ကြတဲ့ ပရိသတ်တွေရဲ့ အသည်းကို လှုပ်ကိုင် ဆွဲဆောင်သိမ်းပိုက်ထားတဲ့ သမီးလေး သွန်းမြတ်ကြယ်စင်ဟာ ရန်ကုန်မှာမွေးပြီး မန္တလေးမှာ နေထိုင်သူလေးပါတဲ့နော်။သူမ အသက်ကြီးလာရင်လည်း မော်ဒယ်သရုပ်ဆောင်လုပ်မှာလို့လည်း ပြောပြထားပါတယ်။ လတ်တလောမှာတော့ Little Miss လေးရဲ့ မွေးနေ့မင်္ဂလာရက်မြတ်လေးက မနက်ဖြန်မှာကျရောက်တော့မှာပဲ ဖြစ်ပါတယ်။မနက်ဖြန်မှာကျရောက်တော့မယ့် မိုအာနာလေးရဲ့ ၅နှစ်ပြည့်အလှူကို တကယ်လိုအပ်နေတဲ့နေရာလေးတွေမှာ သွားရောက် လှူဒါန်းသွားမယ်လို့ သိရပါတယ်။ အလှူဒါနကို နှစ်ခုပြုလုပ်မှာဖြစ်ပြီး မတူတဲ့နေရာတွေမှာပြုလုပ်သွားမယ်လို့သိရပါတယ်။
အလှူဒါနပြုမယ့်အကြောင်းကို ” မနက်ဖြန် Mini Miss Supranational Myanmar 2019 သမီးလေး သွန်းမြတ်ကြယ်စင် Thoon Myat Kyal Sin ရဲ့ (၅)နှစ်ပြည့် မွေးနေ့အလှုလေးကို တစ်ကယ်လိုအပ်နေတဲ့ ဒီလိုနေရာလေးတွေမှာလှုဒါန်းမှာပါ။ အချိန် (၁၀း၀၀ မှ ၁၂း၀၀ ) ထိ ၊ နေရာက မေတ္တာရောင်ခြည်ပရဟိတသီလရှင်စာသင်ကျောင်း အမှတ်(၂) လမ်းမကြီး ၊ ရွာသာကြီး ကညန အနီး ဓမ္မစေတီဘုရားလမ်း နေ့ဆွမ်းအလှူ။ဒုတိယအလှူအနေနဲ့ထားဝယ်ချောင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံရှိ သန့်ရှင်းရေးဝန်ထမ်း (၁၀၀) ကို သွားရောက်လှုဒါန်းပါမည်။သမီးလေးလှူမယ်။အချိန်(၁၂:၀၀) နာရီ၊ နေရာက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ထားဝယ်ချောင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ၊ (၅၁)ရပ်ကွက် ၊ဒဂုံမြောက်၊လှုဒါန်းမှုကတော့ ဆန် (၁)ပြည်၊ ဆီ (၁)လီတာ (၁)ဗူး တစ်ဦးနှုန်း လူ(၁၀၀) ကိုလှုဒါန်းပါမည်။” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်အကောင့်လေးကနေ ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ Little Miss လေးရဲ့ အလှူအတွက် ဂုဏ်ပြုစကားလေးပြောသွားပါဦးနော်။
Source : Thoon Myat Kyal Zin
[email protected]
ယူနီကုဒ်ဖြင့်ဖတ်ရန်