” ကိုယ္တိုင္ဂစ္တာေလးတီးကာ အဆိုေတာ္တစ္ေယာက္ရဲ႕ အရည္အေသြးေတြကို ျပန္လည္ခ်ျပလိုက္တဲ့ ထြန္းအိျႏၵာဗိုလ္ “

တိုင္းသိျပည္သိ အဆိုေတာ္ ၊အကယ္ဒမီ မင္းသမီးႀကီးတစ္ဦးျဖစ္တဲ့ ထြန္းအိျႏၵာဗိုလ္ ကေတာ့ ယေန႔အခ်ိန္ထိ ပရိသတ္အခိုင္အမာနဲ႔ ရပ္တည္ေနတဲ့ ဝါရင့္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့အတြက္ အထူးမိတ္ဆက္စရာမလိုေတာ့ပါဘူးေနာ္။ လက္ရွိမွာေတာ့ အႏုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္လ်က္ရွိၿပီး သားေလးကလည္း အ႐ြယ္ေရာက္လာၿပီျဖစ္တာေၾကာင့္ ေအးခ်မ္းတဲ့ မိသားစုေလးကို ပိုင္ဆိုင္ထားတာျဖစ္လို ႔ ျမင္သူတိုင္း ပရိသတ္ေတြအတြက္ စိတ္ခ်မ္းသာစရာေလးျဖစ္ေနမွာပါ။

မၾကာေသးမီကလည္း ဝါရင့္သ႐ုပ္ေဆာင္တစ္ဦးပီပီ သူစိမ္းအိမ္ဇာတ္ကားႀကီးမွာလည္း ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို အခိုင္အမာရရွိခဲ့ပါေသးတယ္။အဆိုဘက္မွာလည္း အရင္က One Lady Show ေတြ ဆိုေလ့ရွိတဲ့သူ ျဖစ္တာေၾကာင့္ ပရိသတ္ေတြကလည္း သူ ႔ရဲ႕ သီခ်င္းေတြကို ျပန္လည္ခံစားခ်င္ေနတာ အမွန္ပါပဲ။ဒါ့ေၾကာင့္လည္း ခ်စ္တဲ့ပရိသတ္ေတြအတြက္ ကိုယ္တိုင္ဂစ္တာေလးတီးကာ ” ေသခန္းျပတ္ပဲ သူငယ္ခ်င္း ” သီခ်င္းေလးကို ဆိုျပခဲ့တဲ့ ဗီဒီယိုဖိုင္ေလးကို သူမပရိသတ္ေတြအတြက္ တင္ေပးခဲ့ပါတယ္။

အဆိုဘက္ကို သိပ္အားမစိုက္ျဖစ္တဲ့ အတြက္ ျပန္လည္ေလ့က်င့္ေနေၾကာင္းကိုလည္း ” က်မ အခုမွ အသံ ျပန္က်င့္ မွာ ပါရွင့္… သူငယ္တန္း ကေန ျပန္ စ ေနတာပါ … သီးခံ ေပးပါေနာ္ ..” ဆိုၿပီးလဲ ေမတၱာရပ္ခံခဲ့ပါေသးတယ္။ အႏုပညာရွင္မ်ားစြာကလည္း ဗီဒီယိုဖိုင္ေလးကို Share ကာ One Lady Showကို ေမွ်ာ္လင့္ေနေၾကာင္း ေျပာထားၾကပါေသးတယ္။CeleGabarပရိသတ္ႀကီးလည္း မခိုင္ၾကီးရဲ႕ ဗီဒီယိုဖိုင္ကိုၾကည့္ၿပီး သေဘာက်ရင္ မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source : Htun Aeindra Bo
Shwe Poe – CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ကိုယ်တိုင်ဂစ်တာလေးတီးကာ အဆိုတော်တစ်ယောက်ရဲ့ အရည်အသွေးတွေကို ပြန်လည်ချပြလိုက်တဲ့ ထွန်းအိန္ဒြာဗိုလ် ”

တိုင်းသိပြည်သိ အဆိုတော် ၊အကယ်ဒမီ မင်းသမီးကြီးတစ်ဦးဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ် ကတော့ ယနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် အထူးမိတ်ဆက်စရာမလိုတော့ပါဘူးနော်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိပြီး သားလေးကလည်း အရွယ်ရောက်လာပြီဖြစ်တာကြောင့် အေးချမ်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာဖြစ်လို့ မြင်သူတိုင်း ပရိသတ်တွေအတွက် စိတ်ချမ်းသာစရာလေးဖြစ်နေမှာပါ။

မကြာသေးမီကလည်း ဝါရင့်သရုပ်ဆောင်တစ်ဦးပီပီ သူစိမ်းအိမ်ဇာတ်ကားကြီးမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာရရှိခဲ့ပါသေးတယ်။အဆိုဘက်မှာလည်း အရင်က One Lady Show တွေ ဆိုလေ့ရှိတဲ့သူ ဖြစ်တာကြောင့် ပရိသတ်တွေကလည်း သူ့ရဲ့ သီချင်းတွေကို ပြန်လည်ခံစားချင်နေတာ အမှန်ပါပဲ။ဒါ့ကြောင့်လည်း ချစ်တဲ့ပရိသတ်တွေအတွက် ကိုယ်တိုင်ဂစ်တာလေးတီးကာ ” သေခန်းပြတ်ပဲ သူငယ်ချင်း ” သီချင်းလေးကို ဆိုပြခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို သူမပရိသတ်တွေအတွက် တင်ပေးခဲ့ပါတယ်။

အဆိုဘက်ကို သိပ်အားမစိုက်ဖြစ်တဲ့ အတွက် ပြန်လည်လေ့ကျင့်နေကြောင်းကိုလည်း ” ကျမ အခုမှ အသံ ပြန်ကျင့် မှာ ပါရှင့်… သူငယ်တန်း ကနေ ပြန် စ နေတာပါ … သီးခံ ပေးပါနော် ..” ဆိုပြီးလဲ မေတ္တာရပ်ခံခဲ့ပါသေးတယ်။ အနုပညာရှင်များစွာကလည်း ဗီဒီယိုဖိုင်လေးကို Share ကာ One Lady Showကို မျှော်လင့်နေကြောင်း ပြောထားကြပါသေးတယ်။CeleGabarပရိသတ်ကြီးလည်း မခိုင်ကြီးရဲ့ ဗီဒီယိုဖိုင်ကိုကြည့်ပြီး သဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Htun Aeindra Bo
Shwe Poe – CeleGabar

error: Content is protected !!